" ကလေးငယ် ဘာစားခဲ့လဲ ''
" နွားနို့ပဲသောက်ခဲ့တယ် မနက်ကထတာနည်းနည်းနောက်ကျသွားလို့ ''
" ဟင် နေကောင်းခါစကို မနက်စာဂရုစိုက်စားမှပေါ့ ဆေးသောက်စရာတွေရှိသေးတယ်မလား ''
" နွားနို့သောက်လာတယ်လေ ''
" နွားနို့တစ်ခွက်ထဲ ဘယ်အားဖြစ်မှာလဲ လာ ကန်တင်းသွားရအောင် တစ်ခုခုစားရမယ် ကလေးငယ် ''
" အဲ အစ်ကို ''
သူ့လက်ကိုဆွဲကာ ကန်တင်းဘက်သွားဖို့လုပ်နေသော အစ်ကို့အား သူမနည်းပြန်ဆွဲရသည် ။
" ဘာလို့လဲ ငယ် ''
" ဟို လက်..လက် ''
" လက်ဘာဖြစ်လို့လဲ ငယ် ''
ပြောပြောဆိုဆိုဖြင့် သူ့လက်တွေအား ဘယ်ပြန်ညာပြန်ကြည့်လာသော အစ်ကို့ကြောင့် ဆိုလိုရင်းကိုမနည်းရှင်းပြရသည် ။
" မဟုတ်ဘူး လက်ကိုလွှတ်ပေးပါလားပြောမလို့ ''
" ဟမ် ဘာလို့လဲ ''
" ကျောင်းထဲမှာလေ လက်တွဲသွားဖို့ကျ ဘယ်သင့်တော်မလဲ ငယ် တို့က ဆရာတွေမလား ''
" အင်း ငယ် ပြောတာဟုတ်သား အစ်ကိုလောသွားလို့ ''
" ဟုတ် ''
" လာ သွားရအောင် ''
ကန်တင်းဘက်ထွက်လာတော့ သူတို့နှစ်ယောက်ကိုမြင်တဲ့ ဌာနမှဆရာတွေက ကျောင်းသားတွေက ပြုံးကာကြည့်နေကြသည် ။
ဂျွန်မြောင် မျက်နှာတွေပင်ပူလာသည် ။ အစ်ကိုကတော့ သူ့အဖြစ်ကိုရိပ်မိသည့်နှယ် သူ့ကိုပြုံးကာ ခဏခဏ ကြည့်သည် ။
" ငယ် ရော့ နို့ပေါင်မုန့်လေး နဲ့ နွားနို့ ''
" ဟင် နွားနို့ပဲလား မနက်ကလည်း သောက်လာတယ်လေ ''
" မရဘူး သောက်ရမဲ့ဆေးတွေကအများကြီး ထပ်သောက်ရမယ် ပေါင်မုန့်ရော နွားနို့ရော ကုန်အောင်စား ငယ် ''
အပိုင်း (တစ်ဆယ့်ခုနှစ်)(Zaw+Uni)
Zacznij od początku