အပိုင်း (၆) Part 2 - Zawgyi + Unicode

Start from the beginning
                                    

ဖိန်းထင်နောက်ဆုံး၂ခွန်းကိုမကြားလိုက်တော့။ ချုးပေ့ကျယ် ဒေါသထွက်မယ်ဆိုတာ သူမရိပ်မိပြီးသား ဒါပေမယ့် ဒီလိုလူအများကြီးသတ်မိန့်ချရလောက်တဲ့ထိ ဖြစ်သွားမယ်လို့ သူမ မထင်ထားခဲ့တာရယ်။

မျက်လုံးတွေကို မှေးစင်းလိုက်ရင်း ဟုတ်တယ် သူကယုံကြည့်ရမယ့်သူမျိုးမဟုတ်ဘူး။ လူကောင်းတစ်ယောက်ဖြစ်နိုင်တယ် ဆိုပေမယ့်လည်း သူက စစ်ကိုခုံမင်ပြီး သွေးဆာနေတဲ့လူတစ်ယောက်မဟုတ်လား။ အရင်တစ်ခါစစ်ပွဲတုန်းက သူ့ရဲ့ ကြုံးဝါးသံတွေ သူ့လက်ချက်နဲ့ သွေးအလိမ်းလိမ်းနဲ့သေသွားခဲ့တဲ့ ကွေ့လဲ့တပ်သားတွေကို သူမကိုယ်တိုင် မြင်ခဲ့ ကြားခဲ့ရတာလေ

"သူ ဟွားအိမ်တော်တစ်ခုလုံးကို ဖျက်စီးတော့မှာလား" သူမ မျက်ရည်တွေဝေ့လာပြီး တစ်ဖက်ကိုလှည့်ကြည့်လိုက်တယ် "မဖြစ်နိုင်ဘူး..."

ဒါပေမယ့်လည်း ဟွားအိမ်တော်တစ်အိမ်လောက်ကို အသာထား သူလိုအိမ်တော်ကြီးမျိုး ဆယ်ခုလောက်ကို ကျန်းပေ့ဝမ်အမိန့်နဲ့ သေစေဆိုရင်တောင် တုန်းလင်းမှာ ဘယ်သူကမှ အထွန့်တက်ကြမည်မဟုတ်

ဟွားသခင်ကြီး၊ ဟွားသခင်မလေး၊ အိမ်တော်ထိန်းကြီး၊ ချန်မားမား၊ ရိုအာ...ကျီဟွား..တစ်ယောက်ပြီး တစ်ယောက် သူမအတွေးထဲမှာပေါ်လာကြတယ်။ ရုတ်တရက် မိုက်ခနဲဖြစ်သွားပြီး ပျို့အန်ချင်မိသွားတယ်။

"မဖြစ်ဘူး ငါသူတို့ကို ဒီအတိုင်းသေစေလို့မဖြစ်ဘူး" သူမချက်ခြင်းပဲ ကုတင်ပေါ်ကနေအားယူပြီး ထလိုက်တယ်

ကျန်းပေ့ဝမ်အိမ်တော်က ယခင်ကထက်ပင်ပိုပြီး တည်ငြိမ်နေတယ် အပြင်ဘက်မှာတော့ အစောင့်၂ထပ်ချထားလေရဲ့

ချုးမို့ယန်က ဟန်မပျက် တည်တည်ငြိမ်ငြိမ်နဲ့ ရုံးခန်းထဲမှာရပ်ရင်းကနေ ချွေးတွေပြန်နေတယ်

ချုးပေ့ကျယ်က အစီအရင်ခံစာတွေဖတ်နေရာက မော့လာပြီး "အရမ်းပူနေလား?"


"မပူပါဘူး"

"ဒါဆိုလည်း မင်းမျက်နှာပေါ်က ချွေးတွေသုတ်လိုက်"

"ဟုတ်ကဲ့"

ချုးပေ့ကျယ်က ဖိန်းထင်ထင်သလောက်တော့ သဘောထား မသေးသိမ်လှပါဘူး

Gu Fang Bu Zi ShangWhere stories live. Discover now