အပိုင်း (၆) Part 2 - Zawgyi + Unicode

1K 153 0
                                    


အပိုင်း (၆) Part 2 - Zawgyi

ဖိန်းထိန် သူ့ဆုံးဖြတ်ချက်နဲ့အတူ ပစ္စည်းတွေပြင်ပြီး ထွက်သွားဖို့လုပ်နေတယ်။ ဒါပေမယ့် ဟွားအိမ်တော်က သူမအပေါ်ကောင်းမွန်တာတွေ စဉ်းစားမိတော့ တွေဝေမိသွားပြန်တယ်။ ပြန်တွေးကြည့်တော့ သူမက အခု တုန်းလင်းနယ်မြေထဲမှာ အကယ်လို့များ ကျန်းပေ့ဝမ်အိမ်တော်က သူမဘယ်သူဆိုတာသာသိသွားခဲ့ရင် ဟွားအိမ်တော်ကိုပါ ထိခိုက်လာနိုင်တယ်လေ။ အဲ့လိုတွေးမိပြန်တော့ သူမထွက်သွားခြင်းက အကောင်းဆုံး ရွေးချယ်မှုလို့ပဲ ဆုံးဖြတ်လိုက်တယ်။

လူသုံးနည်းတဲ့ အနောက်တံခါးပေါက်ကနေ သူမခိုးထွက်လာခဲ့လိုက်တယ်...နောက်ဆုံးတော့ အောင်မြင်ချောမွေ့စွာပဲ ထွက်ပြေးလာနိုင်လေပြီ။

ပထမနေ့ တည်းခိုခန်းမှာနေတဲ့ညတစ်ညလုံး သူမအိပ်မပျော်ဘူး အတွေးထဲမှာ ချုးပေ့ကျယ် တစ်ယောက် အိမ်တော်မှာ ကင်းစောင့်ပေးနေတဲ့ ပုံရိပ်ကိုပဲ မြင်ယောင်နေတယ်။

တကယ်တန်း စိတ်ပူရမှာက သူမကျန်းမာရေး။ ချောင်းဆိုးတာက မသက်သာတဲ့အပြင် တစ်ရက်ထပ်တစ်ရက် ပိုပိုဆိုးလာတယ်။

ပထမရက် တစ်ရက်လုံးက သူမသိပ်လည်းနေမကောင်းတာနဲ့ တည်းခိုခန်းမှာပဲ ဆက်နေဖြစ်ပြီး ဘယ်မှမထွက်ဖြစ်ဘူး...ဒါနဲ့ နောက်နေ့ရောက်တာနဲ့ တည်းခိုခန်းက ကလေးတစ်ယောက်ကိုမေးကြည့်တော့ မြို့ထဲမှာအရင်တိုင်းပဲ ဘာမှမပြောင်းလဲဘူး။

ဒုတိယနေ့လည်း ချောင်းဆိုးကမရပ်သွားဘူး။ ဒီလိုနဲ့ တတိယနေ့မနက်လည်းရောက်ရော တည်းခိုခန်းက ကောင်လေးက ရေနွေးလာပို့ရင်း ရေးကြီးသုတ်ပြာနဲ့ "မနေ့ညက မိုးမီးလောင်တာပဲဗျ။ ကျန်းပေ့ဝမ်အိမ်တော်ကို အပြစ်ပြုမိလို့ အခုဟွားအိမ်တော်တစ်ခုလုံး ခေါင်းဖြတ်မိန့် ချခံလိုက်ရတယ်ကြားတယ်"

ဖိန်းထိန် ရှောခ့်ရသွားပေမယ့် မျက်နှာမပျက်မိအောင်ထိန်းရင်း "ဘယ်လို? တစ်အိမ်လုံး ခေါင်းဖြတ်မိန့် ဟုတ်လား?"

"ကျန်းပေ့ဝမ် အမျက်တော်ရှအောင် ဘာများသွားလုပ်မိလို့လဲမသိပါဘူးဗျာ။" အလုပ်သမားလေးက သက်ပြင်းချလိုက်ရင်း "ဟွားအိမ်တော်က ခွင့်မလွတ်နိုင်တဲ့ အပြစ်ကြီးကြီးမားမားလုပ်မိလို့ပဲနေမှာပေါ့။ တကယ်ဆို ကျုပ်တို့ ကျန်းပေ့ဝမ် သခင်လေးက သနားကြင်နာတတ်တဲ့သူဗျ။"

Gu Fang Bu Zi ShangWhere stories live. Discover now