အပိုင်း (တစ်ဆယ့်ခြောက်)(Zaw+Uni)

Începe de la început
                                    

Junဆုပ်ကိုင်ထားတဲ့ အစ်ကို့လက်တစ်ဖက်၌ လက်ကောက်ဝတ်မှာ သွေးတွေအများကြီးထွက်နေသည် ။

အစ်ကို့နှုတ်ခမ်းထူထူတွေက သွေးရောင်မဲ့လို့ ဖြူလျော့နေသည် ။ မျက်လွှာချထားသည့်မျက်ဝန်းမို့မို့က ငြိမ်သက်လျက်သား ။

* ဟင့်အင်း...မဟုတ်ဘူး..အစ်ကို.က ဘာလို့..ဟင့်အင်း..''

" အစ်ကို...ဟင့်အင်း..အစ်ကို သွေးတွေ ဟင့် ကိုကြီး..ဟင့်အင်း သွေး..သွေးတွေ..အားးး....''

"JunJun သားငယ်လေး JunJun သတိထားစမ်း JunJunလေး..တီတီလေးခေါ်တာကြားလား...''

တစ်ကိုယ်လုံးချွေးတွေရွှဲစိုလို့ မျက်ဝန်းတွေကို စုံမှိတ်ကာ ကယောင်ကတမ်း အော်ဟစ်နေသည့် ကလေးက အိပ်မက်ဆိုးတွေမက်နေသည့်ပုံပင် ။ ညက အဖျားတက်လာသည်မို့ အိပ်မက်ဆိုးတွေယောင်ယမ်းနေပုံပင် ။

ကိုယ်လုံးလေးကို လှုပ်ခတ်နိုးတော့မှ မျက်ဝန်းတွေက ဖြေးညှင်းစွာ ဖွင့်လာသည် ။

" အစ်ကို..တီတီလေး..အစ်ကို..ဟင့်..ဟင့်..အင့်..အစ်ကို..''

ရှိုက်ငိုချလိုက်သော တူငယ်လေးက အစ်ကိုဆိုသော ထိုကလေးအား သိပ်ချစ်သည့်ပုံပင် ။ သားကြီး ဟိုလေး လိုအဖြစ်မျိုးဖြစ်မှာ သိပ်စိုးရိမ်နေပုံပင် ။

" JunJun လေး သတိထားစမ်း သားငယ်အိပ်မက်ဆိုးတွေမက်နေတာ ဘာမှမဖြစ်ဘူး ရေသောက်လိုက် ကလေး..''

ရေဖန်ခွက်ကိုင်လာသည့်လက်လေးက တုန်တုန်ယင်ယင်ဖြင့် အကြောက်မပြေသေးသည့်ဟန်ပင် ။

" သားငယ် အိပ်မက်ဆိုးတွေ မက်နေတာလား ''

" ကိုကြီးကိုအိပ်မက်မက်တယ် သွေးအိုင်ထဲကကိုကြီးကိုတွေ့ခဲ့တယ် ပြီးတော့..ဟင့်..တဖြေးဖြေးနဲ့ ကိုကြီးကနေ အစ်ကို ဖြစ်သွားတယ် တီတီလေး JunJun ကြောက်တယ် အစ်ကို့ကိုပါ ထပ်ဆုံးရှုံရမှာ JunJun ကြောက်တယ် ''

သူမရင်ခွင်ထဲတိုးဝင်ကာ ငိုရှိုက်လာသော တူငယ်လေးအား ကျောပြင်လေးအသာပုတ်လို့ ချော့မြှူရသည် ။

မြတ်နိုးရာ...သူUnde poveștirile trăiesc. Descoperă acum