Lost~~~

1K 106 3
                                        

"နှလုံးရောဂါ နောက်ဆုံးအဆင့်ပဲ...
စိတ်ကိုအသင့်ပြင်ထားရမယ့်အချိန်ရောက်နေပြီ..."

မေမေ့အသားအရောင်ကဖျော့တော့နေတယ်~~~
အသံကဝိုးတဝါး သေချာမကြားရတော့ဘူး~~~
ပါးပြင်မှာမျက်ရည်စီးကြောင်းကစိုစွတ်နေဆဲ~~~
ဘေးနားက ရဲမေ အမကစိတ်မကောင်းဖြစ်သွားဟန်
အခန်းအပြင်ဘက်သွားရပ်နေတယ်~~~

"မေမေ...အဆုံးအထိ ဒီတိုင်းသွားတော့မလို့လား"

မေမေ့လက်ကိုကိုင်ရင်းခပ်တိုးတိုးဆိုမိတယ်~~~

"ဖော်ထုတ်ပေးပါ...မေမေ့အတွက်မဟုတ်ရင်တောင် canလေးအတွက် ...မေမေတို့ခြိမ်းခြောက်ခံခဲ့ရတဲ့အမှန်တရားကို..."

မေမေက သူ့မျက်လုံးကိုစိုက်ကြည့်ရင်း လက်ကိုခပ်တင်းတင်းဆုပ်ကိုင်ကာပြောနေတယ်~~~

"မသွားပါနဲ့လို့ မေမေ့ကိုပြောလို့မရတော့ဘူး..."

မေမေ့ကိုကြည့်ရင်းသူမျက်ရည်တွေကျလာခဲ့တယ်~~~

"လူတိုင်းသွားရမယ့်လမ်းပဲမလား...
Canလေး...ဝမ်းနည်းမနေနဲ့...
ကိုယ်အသက်ရှင်နေတဲ့ကာလလေးမှာ ပျော်အောင်နေ
မေမေ့လိုမနေပါနဲ့...ရဲရဲဝင့်ဝင့်အကုန်လုံးကိုရင်ဆိုင်ပြီး
ပျော်ရွှင်မှုကိုရှာပါ..."

မေမေကအရမ်းအားယူပြောနေရတယ်~~~
စကားတစ်လုံးချင်းကိုတော်တော်အချိန်ယူပြောနေရတယ်~~~

"
အခန်းဝက ရဲမေအမဆီမှာစာတစ်စောင်တောင်းပြီး
Samကိုပေးလိုက်ပါ...
အဲအဲ့တာကအမေ့သားလေးအသက်ရှင်ဖို့အဓိကပဲ
အစောကြီးထွက်သွားရလို့တောင်းပန်ပါတယ်
Canလေး..."

အဲ့နေ့ကသူရောမေမေရော အရမ်းငိုခဲ့ကြတယ်~~~
စကားတွေနောက်ဆုံးပြောခဲ့ကြတယ်~~~

တစ်ပတ်အကြာမှာ မေမေက ဖေဖေ့နောက်ကိုလိုက်သွားပြီ~~~
အဲ့နေ့က သူ့ရဲ့၁၈နှစ်ပြည့်တဲ့နေ့~~~
မေမေ့ရဲ့အသက်မဲ့ခန္ဓာကိုယ်ရှေ့မှာအရုပ်ကြိုးပြတ်ထိုင်နေမိတယ်~~~
အေးချမ်းလှတဲ့မေမေ့မျက်နှာက ပြုံးနေသယောင်~~~
မေမေကအမြဲပြုံးတယ် လွန်ခဲ့တဲ့ ၇နှစ်ကလဲအဲ့လိုပဲ~~~

နောက်ဆုံး အကြိမ်မေမေ့ကိုကြည့်ရင်း

"မေမေပြောခဲ့တာတွေကိုအကုန်လုပ်ပေးပါမယ်"

ကတိပေးရင်းအဲ့နေ့က P'Saintပခုံးပေါ်မှာအကြာကြီးငိုခဲ့တယ်~~~
နောက်ဆုံး သတိလစ်သွားတဲ့အထိပဲ~~~

သတိရလာတော့ အရင်လိုပါပဲ ပုံမှန်ဘဝကြီးထဲပြန်လည်ရောက်ရှိသွားတယ်~~~

®®®®®®®®®®®®®®®®®®®®®®®®®

စားသောက်ဆိုင်တစ်ခုရဲ့ VIP Roomမှာ လူ၅ယောက်ထိုင်နေတယ်~~~

အလယ်မှာစာတစ်စောင်ကိုချထားရင်း အကုန်လုံးကြားမှာပြောစရာတွေပျောက်ဆုံးနေသယောင်~~~

Perthရယ် Markရယ် P'saintရယ် ဦးလေးSamရယ်
သူရယ်...

တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ကိုMarkကစပြီးဖြိုခွဲလိုက်တယ်~~~

"စာထဲမှာပြောထားတဲ့ Memory stickကဘယ်မှာရှိနိုင်မလဲ..."

မေမေထားခဲ့တဲ့စာကရိုးရှင်းသည်~~~
အဲ့ဒီ ကိစ္စတွေရဲ့အဖြေကMemory Stickထဲမှာရှိတယ်တဲ့~~
အဖြစ်မှန်တွေကိုအကုန်ဖော်ထုတ်ပေးပြီး Canလေးကိုစောင့်ရှောက်ပါဟူ၍သာ~~~

"အခု အဲ့တာကိုဘယ်မှာထားခဲ့လောက်မလဲဆိုတာအရင်စဉ်းစားကြည့်ရအောင်..."

P'saintကထပ်ပြောတော့ ~~~
သူကperthနဲ့ဦးလေးSamကိုကြည့်လိုက်ရင်း~~~

"အဲ့နေ့ကအကြောင်းတွေကို သေချာပြန်စဉ်းစားကြည့်ရင် သိရမှာပဲ"

သူကပြောတော့ဦးလေးSamကခေါင်းညိတ်ပြတယ်

"ဒါပေမယ့် memory stick ကိုတွေ့ရင်တောင် ကျွန်တော်က တစ်ဦးတည်းသောမျက်မြင်သက်သေဖြစ်ပြီး အဲ့အချိန်ကမှတ်ဥာဏ်တွေပျောက်ဆုံးနေတာလေ
ကျွန်တော့်ကိုကူညီပေးနိုင်ကြမလား...အဲ့ဒီ့တုန်းက အဖြစ်အပျက်တွေကိုပြန်ဖော်နိုင်အောင်..."

မေ့ထားချင်တိုင်းမေ့ထားလို့မှမရတာ...
အကြောက်လွန်ပြီးဝေဝေဝါးဝါးဖြစ်နေတဲ့မှတ်ဥာဏ်တွေကိုပြန်ပြီးတော့ဖော်ဖို့သေချာပေါက်ကြိုးစားရမယ်မဟုတ်လား~~~
သူ့အတွက်မဟုတ်တောင် မေမေ့အတွက် ပြီးတော့
P'အတွက်~~~

®®®®®®®®®®®®®®®®®®®®®®®®®

THANK FOR READING

Choice [Complete]Where stories live. Discover now