Someone~~~

1K 107 3
                                        

"Shit...သောက်ကျိုးနည်း ကောင်"

ရုတ်တရက်ကြီးဆဲသံကြားလိုက်ရတော့ နည်းနည်းလန့်မိပါရဲ့~
ဒီ့ထက်မကလန့်စရာတွေကြုံထားခဲ့တဲ့ဘဝပဲ~~
ဒီအသံကသေချာပေါက် Perthအသံ~~

"တော်တော့...မင်းက ဒီလောက်ခံစားပြပြီး ကိုယ့်ကိုယ်ကို နှိပ်စက်နေရအောင် သူအတွက်တန်လို့လား"

Perthစကားကြောင့် ဖြူဖျော့နေတဲ့နှူတ်ခမ်းကပြုံးမိသွားသလားမမှန်းတတ်~~~

"အင်းပေါ့... မတန်ဘူး...ငါက အပေါစားနဲ့မတူဘူးလား"

ဒီတိုင်းမိုးရေထဲကနေအဝေးကိုကြည့်ရင်းပြောလိုက်မိတယ်~~~

"လာ...ငါ့အဆောင်လိုက်ခဲ့..."

Perthရောသူရောကြားကလေထုကတိတ်ဆိတ်စွာ...
ပြီးတော့ Perthဆွဲခေါ်ရာနောက် အရုပ်ကြိုးပြတ်ပါသွားလေသလား မသဲကွဲ~~~
စိတ်အစုံက တစ်စုံတစ်ယောက် ဆီမှာ~~~

Perthအဆောင်ရောက်တော့ Markက သူ့ကိုပြေးတွဲတယ်~~~
လမ်းလျှောက်ဖို့တောင်အားမရှိတော့ဘူးထင်ပါရဲ့~~~

"Plan မင်းကတကယ်အရူးပဲ"

Dryerကိုပစ်ပေးရင်း Markဆီက ကြားရတဲ့အပြစ်တင်သံ~~~
Perthက အမြဲသူ့ကိုဆူပူတတ်ပေမယ့် Markက တော်ရုံပြောခဲတဲ့လူမျိုး~~~

"om...ငါကအရူးလေ...တကယ်အရူးနဲ့တူတယ်မလား"

P'meanပြုံးတတ်တဲ့မဲ့ပြုံးမျိုးကိုသူအခုပြုံးလိုက်မိလေသလား~~~

"ရော့...အဝတ်လဲ...ဆေးသောက်...
ပြီးရင်...ဒီမှာပဲ အိပ်လိုက်တော့...."

perthက ကုတင်ပေါ်ကိုအဝတ်တစ်စုံနှင့်ဆေးကိုပစ်တင်ပေးရင်းပြောတယ်~~~
နဂိုထဲကမာဆတ်ဆတ်သူ့အသံကအခုမှပိုပြီးမာထန်နေသရောင်~~~

"အိမ်မှာ...P'mean...."

မရည်ရွယ်ဘဲ ထွက်သွားတဲ့ စကားက Perthဒေါသကိုပိုဆွပေးမိသည်ထင်ပါရဲ့~~~

"မင်းနောက်တစ်ခွန်းထပ်ပြောရင်...
မင်းကိုငါဆွဲထိုးပစ်မှာ..."

ပြောရင်ပြောတဲ့အတိုင်းလုပ်တတ်တဲ့Perthကြောင့်
ဘာမှမပြောဘဲ အဝတ်ယူကာရေချိုးခန်းထဲဝင်သွားတာက သူ့ရဲ့အကောင်းဆုံးရွေးချယ်မှုပဲမလား~~~

Hk~~~ထပ်ပြီးတော့ရွေးချယ်မှုပဲတဲ့လား~~~

နာကျင်စရာရွေးချယ်မှုတွေထပ်မရွေးရတော့ရင်ကောင်းမှာပဲ ~~~

®®®®®®®®®®®®®®®®®®®®®®®®®

"မင်းကဘာလဲ...ဟမ်...Plan"

အင်္ကျီကော်လံစကိုဆွဲ နံရံမှာဆွဲကပ်ပြီးဒေါသတကြီးမေးနေသောP'~~~
တွန့်ချိုးထားသောမျက်ခုံးကအစ မျက်လုံးမှေးမှေးအဆုံး
ပြီးပြည့်စုံလိုက်တာ~~~

"ငါမေးနေတယ်...Plan"

သူ့နှုတ်ဖျားကထွက်လာတဲ့ ကျွန်တော့နာမည်ကအစ ချိုမြိန်နေပါရဲ့~~~
ခင်ဗျားတို့မချစ်မိနဲ့~~~
အချစ်ဆိုတာ အဆိပ်မှန်းသိတာတောင် အဲ့အဆိပ်ကိုမှ သောက်ချင်နေပါတယ်ဆိုပြီး ရေရွတ်ရလောက်အောင်
ရူးသွပ်သွားလိမ့်မယ်~~~

"P'မေးနေတာတွေကျွန်တော်နားမလည်ဘူး..."

ရုတ်တရက် စူးစိုက်စွာကြည့်လာတဲ့သူ့အကြည့်တွေကိုမရှောင်ဖယ်ချင်~~~

"မင်းမနေ့ကအိမ်ပြန်မလာဘူး...ငါ့အိမ်ကဝင်ချင်တိုင်းဝင်ထွက်ချင်တိုင်းထွက်ရတဲ့ဇရပ်လို့ထင်နေတာလား"

လက်ကကော်လာစကိုဆောင့်ပြီးလွှတ်ချလိုက်တယ်~~~
လက်ကသွေးကြောစိမ်းစိမ်းလေးတွေကလှလိုက်တာ~~

အတွေးပင်မဆုံးလိုက်ဘူးထင်ပါရဲ့~~~

ဘေးကလူတစ်ယောက်ရဲ့လက်ခုပ်သံကိုကြားလိုက်ရတယ်~~~

"Hummm...ကျောင်းရဲ့ အင်ဂျင်နီယာဋ္ဌာန လေ့ကျင့်ရေးခေါင်းဆောင်က ဆေးဋ္ဌာနရဲ့ဂျူနီယာလေးကိုအနိုင်ကျင့်နေတာတဲ့လား... "

P'saint ~~~ မနှစ်ကMoon~~~

ပြီးတော့သူက ကျွန်တော့လက်ကိုP'meanဆီကဆွဲခေါ်လိုက်တယ်~~~

"ကလေး...ကိုယ်နဲ့လိုက်ခဲ့...
ဂျူနီယာ ကိုအနိုင်ကျင့်တာ Mean Phiravich ရဲ့ Dark Sideလား...စိတ်ဝင်စားစရာပဲ"

P'ကိုမထီမဲ့မြင်အကြည့်နဲ့ထိုသို့ပြောရဲတဲ့လူရှိတယ်တဲ့လား~~~
P'saintဆွဲခေါ်တဲ့နောက်ကိုပါသွားသောသူ့ကိုကြည့်ရင်း တောက်ခေါက် လိုက်တဲ့P'ကိုမြင်တော့
စိတ်ထဲက ပြသနာတစ်ခုခုကိုကြိုမြင်မိနေတယ်~~~

"Hummm...ဒီနေ့ရောပြသဒါးနေ့ပဲလား...ထပ်ပြီးတော့..."

®®®®®®®®®®®®®®®®®®®®®®®®®

Thank for reading

Choice [Complete]Where stories live. Discover now