"အနံ့လေး သဘောကျတယ် "

သူ့ကိုယ်သင်းနံ့လေးက အမှန်တကယ်ပင်
ဘယ်လိုလေးမှန်းမသိ။ ပြောမပြတက်ပေမဲ့
သူ့ကိုယ်သင်းနံ့လေးက တစ်မျိုးလေးပင်။

" ဒါဆို ဒီအနံ့လေးကို Bae ကိုယ်ပေါ်မှာ
စွဲနေအောင်လုပ်ပေးမယ်လေ "

"ဟင် ဟင် ဟင်!!!
တော်ပါ ဒီစကားမပြောခဲ့ဘူးထားလိုက် "

"မရဘူး ဒါနဲ့
ဓါတ်ပုံရိုက်ရအောင် "

သူက အမှတ်တရသိမ်းထားချင်ပုံနဲ့
ဓါတ်ပုံရိုက်ဖို့ပြောလာသည်။ ကျွန်တော်လည်း
အမှန်တကယ် ဓါတ်ပုံရိုက်မလို့ပင်။

ကောင်လေးတစ်ယောက်က
သူ့ရင်ခွင်ထဲမှာကောင်လေးတစ်ယောက်ကို
ခေါင်းပင်မဖော်နိုင်အောင်ဖတ်ထားပြီး
ဆံပင်များကို နမ်းရှိုက်နေသော
ပုံကောင်းလေးတစ်ပုံသည်
သေချာပေါက်ကိုသူတို့အတွက်အမှတ်တရဖြစ်စေနိုင်သည်။

"ကျွန်တော်သာလှေကား ပေါ်ကပြုတ်ကျတာကို
ParkChan ကိုဆွဲချမသွားရင်
ကျွန်တော်တို့ အခုလိုအဆင့်ရောက်မယ်ထင်လားဟင်"

သူ့ရင်ခွင်ထဲရောက်နေလျက်ပင်
မေးခွန်းထုတ်မိသည်။ သူကပြန်ငုံ့ကြည့်လာကာ
အကြည့်ချင်းဆုံစေသည်။

"ဖူးစာကြိုးနီက ချည်နှောင်ပေးပြီးသား
လူနှစ်ယောက်က ဘယ်လိုအခြေအနေပဲရောက်ရောက်
ဆုံတွေ့ရကြမှာမဟုတ်ဘူးလား "

( W/N - ကိုးရီးယားမှာက
အတွဲတွေကို cupid ကမြှားနဲ့ပစ်တာလား
နတ်ဘုရားက ဖူးစာကြိုးနီနဲ့ချည်တာလား
မသိလို့ miyanae )

"ချစ်တယ် ChanYeol "

"ကိုယ်ကပိုချစ်တယ်"

"ဘာနဲ့တိုင်းလည်း"

"ဟောဗျာ !!! ရစ်ပြီ baeကတော့ "

*****

အိမ်နားရောက်ခါနီးတော့ ခါတိုင်းလိုပင်
လမ်းထိပ်မှာပဲရပ်ခိုင်းလိုက်သည်။
အိမ်ရှေ့အထိလိုက်ပို့ခိုင်းနေရင် ဟိုပေါက်စန Sehun
နဲ့တွေ့ပြီး လုပ်ကြံဇာတ်လမ်းအဖြာဖြာကို
အာပေါက်အောင် ပြောပြရမည်ကိုပျင်းသောကြောင့်။

"ချစ်တယ် ! မနက်တွေ့မယ်နော်
rrr မခွဲချင်ဘူး"

ကားထဲကထွက်မှာကိုပေးမထွက်ပဲ
ကားထဲကနေ လက်ကိုလှမ်းဆွဲထားကာ
ကလေးတစ်ယောက်လိုဂျီကျနေသော ChanYeol
ကိုကြည့်ကာ လူက ဆက်သွားရမှာလိုလို
ပြန်ဝင်ရမှာလိုလို။

Dating With A GangsterOpowieści tętniące życiem. Odkryj je teraz