🐯life transitions🐉

3K 312 40
                                    

“Ae အဆင်ပြေရဲ့လား”
“အဆင်မပြေစရာ ဘာရှိလို့လဲ”
Ae အခန်းထဲက ထွက်သွားဖို့ တံခါး ဖွင့်ပြီးမှ ကျွန်တော့်ဘက် ခေါင်းသာ လှည့်ပြီး
“ငါ့ကို ဒီဘဝက ကယ်တင်ပေးလို့ ကျေးဇူးပါ ဒါပေမယ့် မင်းကို ငါ မလိမ်ခဲ့ချင်ဘူး”
“ဘာကို ပြောတာလဲAe”
“ငါဒီဘဝက ကျွတ်နိုင်ဖို့ မင်းကို သိမ်းပိုက်ခဲ့တာ ခုတစ်ခါလည်း မင်း ကိုယ်တိုင် စိတ်ပါလို့ ဒီလို ငါ ကျွတ်လွတ်နိုင်တာလေ ငါ မသွားခင် အမှန်တိုင်းပြောခဲ့ချင်တာက”
စီးကျလာတဲ့ မျက်ရည်တွေကို သူမမြင်အောင် နောက်ကျောပေးထားရင်း
“မင်းကို ငါ တကယ် မချစ်နိုင်ဘူးဆိုတာကိုပါ ငါလွတ်မြောက်ဖို့ မင်းရဲ့ ခန္ဓာကို အသုံးပြုလိုက် ရတဲ့အတွက် ငါတောင်းပန်ပါတယ် မင်းဘဝမှာလဲ တကယ်ချစ်တဲ့သူနဲ့ တွေ့ပါစေလို့ ဆုတောင်း ပေးခဲ့ပါတယ်”
“ဒါဆို Ae က ကျွန်တော်ကို မချစ်ဖူးပေါ့”
“ဘယ်လိုလို့ ချစ်မလဲကွာ မင်းက ယောက်ျားကြီးလေ ငါ့ကို လွတ်မြောက်အောင် လုပ်ပေးမယ့်သူက ယောက်ျားတစ်ယောက်ဆိုတာ စသိတုန်းက ဘယ်လောက်တောင် ငါစိတ်ပျက်ခဲ့လဲ ဆိုတာ သိလား”
“ဒါဆို ပထမ တစ်ခေါက်တုန်းက ဘာလို့ ကျွန်တော် မသိတာကို သိမ်းပိုက်ခဲ့တာလဲ”
“ငါ သိမ်းပိုက်ထားမှ ရမှာပေါ့ ဒါမှ ဒီလို နေ့မျိုးရောက်လာမှာပေါ့ အော် ပြီးတော့ မင်း cctv မှတ်တမ်းကို ဖျက်ထားဦး နောင်တစ်ချိန် မင်း ရည်းစားရရင် ဖြေရှင်းမရတွေ ဖြစ်နေမယ် ငါလည်း မြင်ရတာ စိတ်မချမ်းသာဘူး ရွံသလိုခံစားရတယ်”
“Ae က ကျွန်တော့်ကို ရွံတာလား”
“ငါက စကားကို တည့်တိုးဘဲ ပြောတတ်လို့ တောင်းပန်ပါတယ်ကွာ ငါ ယောက်ျားချင်း သိပ် မခံစားတတ်လို့”
“Ae ရဲ့ စကားတွေက ကျွန်တော်ကို စော်ကားနေသလိုဘဲ”
“အဲ့လိုဖြစ်သွားရင် ငါတောင်းပန်ပါတယ် ငါက လိမ်ပြီး မပြောတတ်လို့”
“ဒါဆို Ae က ကျွန်တော်ကို အသုံးချယုံသက်သက်ပေါ့”
“အမှန်တိုင်းပြောရမယ်ဆိုရင်တော့ အဲ့အတိုင်းဘဲ”
“ခင်ဗျားထွက်သွားလိုက်တော့ ကျွန်တော့် မျက်စိရှေ့က ထွက်သွားလိုက်တော့”
“မင်း မိန်းကလေး တစ်ယောက်ကို ချစ်နိုင်အောင် ကြိုးစားကြည့်ပါလား”
“ခင်ဗျား ပါးစပ်ပိတ်ပြီး ထွက်သွားတော့လို့ ပြောနေတယ်လေ”
Ae~~~
အခန်းထဲက ကျွန်တော် ထွက်သွားလိုက်တယ်။ တောင်းပန်ပါတယ် Pete ရယ်။ ဒီလိုမှ မဟုတ်ရင် မင်း ငါ့ကို လွမ်းကျန်ခဲ့မယ့်ဘဝနဲ့ မထားခဲ့နိုင်လို့ပါ။ မင်းပေါ် အရမ်းချစ်ပြီး မင်းကို ဂရုစိုက်နိုင်မယ့် သူတစ်ယောက် အမြန်ဆုံးတွေ့နိုင်ပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်ကွာ။ ငါ မင်းကို တကယ်ချစ်တယ်ဆိုတာကိုတော့ မင်းကို မပြောခဲ့ပါရစေနဲ့တော့။ ငါ့ကိုလည်း သတိမရဘဲ နာကျည်းနိုင်သမျှ နာကျည်းလိုက်ပါ။
ကျွန်တော် ဒီဘဝက မသွားခင် လုပ်ဖို့ တစ်ခု ကျန်သေးတယ်။ အဲ့ဒါက Dam ။ Peteကို မနှောက်ယှက်နိုင်အောင် လုပ်သွားရမယ်။ ကျွန်တော် အမြန်ဆုံး Dam ဆီကို သွားလိုက်တယ် ။ဟိုရောက်တော့ Dam တစ်ယောက် သွေးအိုင်ထဲမှာ လဲနေတာကိုတွေ့ရတယ်။
“အစ်ကိုတော် အစ်ကိုတော် ဘယ်လိုဖြစ်တာလဲ”
“Ae ညီလေး”
‘ညီလေးတဲ့လား အစ်ကိုရယ် ဒီလို မခေါ်တာ ဘယ်လောက်တောင် ကြာသွားပြီလဲ’
“ညီလေး အစ်ကို ညီလေးကို တောင်းပန်ပါတယ်နော်”
“ဘာလို့လဲ အစ်ကိုတော် တောင်းပန်စရာမလိုပါဘူး”
“လိုတာပေါ့ အစ်ကို မင်းအပေါ်ကို တစ်ဖက်သတ် နာကျည်းမှုတွေနဲ့ မင်းကို ဒုက္ခတွေအများကြီး ပေးခဲ့မိတယ်လေ အဟွတ်”
စကားပြောနေရင်း ပါးစပ်က သွေးတွေထွက်လာတယ်။
“အစ်ကိုတော် ဘာဖြစ်တာလဲ အစ်ကိုတော်ကို ဘယ်သူလုပ်တာလဲ”
“ဘယ်သူမှ မလုပ်ပါဘူး လောကကြီးက ဒဏ်ခတ်လိုက်တာပါ အစ်ကိုတို့ အောက်လမ်းလောကမှာ စည်းရိုက်ခံရတယ်ဆိုတာ ရှိတယ် အခု အစ်ကို ခံစားနေရတာ အစ်ကို့အပြစ်တွေကြောင့်ပါ”
“အစ်ကိုတော်ရယ်”
Dam လည်း နောက်ဆုံးတစ်ချက် သွေးတစ်ချက် အန်ထွက်ပြီး လောကကြီးကို စွန့်ခွာသွားတော့တယ်။
ကျွန်တော်လည်း တစ်ဖြည်းဖြည်းနဲ့ ခန္ဓာကိုယ်က ပျောက်ကွယ်လာခဲ့ပြီ။ နောက်ဆုံးကျွန်တော်လည်း ဒီဘဝက ထွက်ခွာခွင့် ရသွားပြီလေ။ ကျွန်တော်ကို နောက်ဆုံးအနေနဲ့ စကားတစ်ခွန်း ပြောခဲ့ပါဆို ကျွန်တော် ပြောခဲ့ချင်တာက  “ကျွန်တော် Pete ကို တအားချစ်တယ်” ဆိုတာဘဲ။
Pete~~~
မုန်းတယ် မုန်းတယ် မုန်းတယ်။ တအားမုန်းတယ်။ သူ့ကိုလည်း မုန်းတယ်။ ခံစားချက်အပြည့်နဲ့ ကိုယ်ခန္ဓာကို အလွယ်တကူ ပေးခဲ့မိတဲ့ ကိုယ့်ကိုကိုယ်လည်း မုန်းတယ်။
ခေါင်းအုံးကို မျက်နှာအပ်ပြီး ရှိုကြီးတငင်ငိုနေမိတော့တယ်။
~~~
Boy-“ကျွန်တော်တို့ မပြန်လို့ မရဘူးလား မေမေရယ်”
Mom-“အမေလည်း မပြန်ချင်ပါဘူး ခုသား ပါပါလည်း မရှိတော့ Bankok က ကုမ္ပဏီမှာ ဦးစီးမယ့်သူမရှိတော့ဘူးလေ သားပါပါက သားကျောင်းတက်ရင် လိုတာမရှိရအောင်ရယ် စိတ်မချတာကြောင့်ရယ်ကြောင့် အမေ့ကိုပါ သားနဲ့တူတူ လာနေခိုင်းထားတာလေ ခု သူမရှိတော့ဘူးဆိုတော့ အမေတို့ ပြန်မှ ရမယ်လေ”
Boy-“ဒါပေမယ့် သားမှ မပြန်ချင်တာ ဒီမှာနေလာတာ ကြာတော့ ကိုယ်နိုင်ငံလိုတောင် ဖြစ်နေပြီ ပြီးတော့”
Mom-“သား ဘာမှ ဆက်မပြောနဲ့တော့ ကျောင်းက ဟိုမှာ ဆက်တက်ရမှာ ဟိုကကျောင်းနဲ့ ဒီက ကျောင်းနဲ့ ဘာမှ ကွာတာ မဟုတ်ဘူး ပြီးတော့ သားကျောင်းသွားရ အဆင်ပြေအောင် ကျောင်းနားမှာ condo ဝယ်ထားပြီးပြီးသား သားဒီမှာနေသလို အားလုံးဖြစ်အောင် ပြင်ဆင်ထားတယ် တစ်ခုဘဲ နိုင်ငံမတူရုံဘဲ ရှိတာ ဟုတ်ပြီလား”
ကျွန်တော် ဒီထက် ဆက်အထွန့်မတက်ချင်တော့ဘူး ငယ်ငယ်ထဲက ကျွန်တော့်အလိုလိုက် ကျွန်တော့် အကြိုက်ဆောင်ခဲ့တာ ဒီတစ်ခါလည်း ဘယ်လိုမှ မတတ်နိုင်လို့ ကျွန်တော့်အလို မလိုက်တာဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် ဒီမှာနေသားကျပြီးနေပြီကို BKK ပြန်ရမယ်ဆိုတော့ စိတ်တော့ သိပ်မကောင်းဘူး။ အရာရာ တစ်က ပြန်စရတော့မှာလေ။ သူငယ်ချင်းတွေက အစ အသစ်တွေနဲ့ ဆက်ဆံရတော့မှာ။ ပြန်ရောက်ရင် တစ်ယောက်တည်း နေရမှာမို့ ပျော်ပေမယ့် ဒီမှာသာဆို ဘယ်လောက်ကောင်းလိုက်မလဲ။ ဟူး ဘယ်တတ်နိုင်ပါ့မလဲ ။အကောင်းဆုံးစတင်ကြတာပေါ့။
ကျွန်တော်တို့ အဝတ်အစားတွေသိမ်းပြီး လေယာဉ်ချိန်နီးပြီမို့ လေယာဉ်ကွင်းကို ဆင်းခဲ့လိုက်တယ်။ ကျွန်တော်ကို မိန်းကလေးဆန်တယ်ဘဲ ပြောပြော ကျွန်တော် ဂရုမစိုက်ဘူး ဘာလို့ဆို ဒီပန်းရောင် ပုဝါလေးကို လည်းပင်းမှာ စည်းထားရတာကို ကျွန်တော် ကြိုက်လို့ဘဲ။ မေမေကတော့ ပြောတယ် နင် မိန်းကလေးမဟုတ် ဘာမဟုတ် ဘာလို့ အဲ့ပုဝါကို စည်းထားတာလဲတဲ့ ။ ဒါ ကျွန်တော့် fashion လေ ။ ပြီးတော့ ပုဝါဆိုတာ မိန်းကလေးဘဲ စည်းရမယ်လို့ ဘယ်ဥပဒေက ထုတ်ထားလို့လဲ။ဟုတ်တယ်မလား။
တိမ်တွေကို ဖြတ်သန်းရင်း Singapore ကနေ Bangkok ဆိုတဲ့ မွေးရပ်ဇာတိကို ပြန်လာခဲ့ရတယ်။ မွေးရပ်ဇာတိသာပြောတယ် ။အသက် ၁၀နှစ်ကစပြီး Singapore မှာနေလာတာဆိုတော့ Bangkok နဲ့ ပတ်သက်ပြီး ဘာမှ သိပ်မမှတ်မိတော့ဘူး။ ခောတ်တွေကလည်း ပြောလဲလာတာကို ။
ကျွန်တော် နေရမယ့် condo ကိုပဲ မေမေက အရင်ပို့ပေးတယ်။
Boy-“သားက အိမ်မလိုက်ရတော့ဘူးလား ကျောင်းကရော”
Mom-“အမေ စီစဉ်ပြီးပါပြီ ကျောင်းလည်း နက်ဖြန် သွားတက်ရုံဘဲ အမေလိုက်မပို့နိုင်တာတော့ ခွင့်လွှတ်ပေးနော် မေမေလည်း အိမ်ပြန်မှာ မဟုတ်သေးဘူးသားရဲ့ ကုမ္ပဏီ တန်းဝင်ရမှာ ဒီနေ့ဘဲ ရှယ်ယာဝင်တွေက လွှဲပြောင်းမှုတွေ လုပ်မှာတဲ့ အဲ့တာကြောင့် မေမေ အမှီ သွားရမှာ သား အမေ့ကို နားလည်နိုင်မယ်မလား”
boy-“ဟာ မေမေကလည်း ဒီလို ပြောစရာလား သား နားလည်ပါတယ် ဒီတိုင်းသားက မေးကြည့်ရုံတင်ပါ ပြီးတော့ ဘာမှလဲ စိတ်မပူနဲ့ သားနေတတ်တယ် လိမ်လိမ်မာမာလဲ နေမယ် နော်”
Mom-“သားကို အမေ စိတ်ချပါတယ် သားဖေဖေသာ စိတ်မချဖြစ်နေတာ ဒါဆို မေမေသွားတော့မယ်နော် ပစ္စည်းတွေ လိုက်အစီအစဉ်မချပေးတော့ဘူး”
Boy-“ရပါတယ် မေမေရဲ့”
မေမေထွက်သွားပြီးတော့ ကိုယ့်အခန်းကိုယ် သွားလိုက်တယ်။ Advance condo ဖြစ်တာကြောင့် in-door equipment ကတော့ အပြည့်ဘဲ။ ပစ္စည်းတွေနေရာချပြီး ကုတင်ပေါ် ပစ်လှဲပြီး အနားယူလိုက်တယ်။
အနားယူရင်း တစ်မှေးအိပ်ပျော်သွားတာကြောင့် ညနေတောင် စောင်းမှ နိုးလာမိတော့တယ်။ ဝရံတာ ခဏထွက်ပြီး BKK ရဲ့ လေကို တစ်ဝကြီး ရှုသွင်းလိုက်တယ်။ ပြီးတော့ ညနေစာဝယ်ဖို့ အောက်ထပ်ဆင်းခဲ့တယ်။
တစ်ခုခုစားဖို့ စားသောက်ဆိုင် တစ်ခုကိုအဝင် လူတစ်ယောက်နဲ့တိုက်မိတယ်။ တိုက်မိသွားပေမယ့် တစ်ချက်တောင် လှည့်မကြည့်ဘဲ ထွက်သွားသူမို့ စိတ်တိုလိုက်မိတယ်။ ပြသနာ မဖြစ်ချင်တာကြောင့် အနောက်ကနေ လိုက်မသွားဘဲ နေလိုက်တယ်။ စားစရာမှာ စားသောက်ပြီး အခန်းကို ပြန်လာခဲ့တယ်။ နက်ဖြန် ကျောင်းသွားဖို့ အဆင်သင့်ပြင်ပြီး လမင်းကြီးရဲ့ ရောင်ခြည်ကို လွှမ်းခြုံရင်း အိပ်စက်ခြင်းကို ပြုလုပ်လိုက်တယ်။
“ဘဝခြားနေပေမယ့် မင်းကို ရယူချင်မိခဲ့တဲ့အတွက် ခွင့်လွှတ်ပေးပါလို့ တောင်းပန်ခွင့်များ ရနိုင်မလား”
အိမ်ရာကနေ နိုးထခဲ့တော့ ရင်ထဲမှာ နစ်နေအောင် ခံစားရပြီး ငိုနေမိတယ်။ ဘာရယ်ကြောင့်မသိ ဒီအိမ်မက် မက်နေတာ ၃ ၄ ခါမကတော့ဘူး။ လွန်ခဲ့တဲ့ တစ်နှစ်ထဲက မက်လိုက်တိုင်းလဲ ကျွန်တော်က သရဲ တစ်ကောင် ဖြစ်ပြီး ကောင်လေး တစ်ယောက်ကို သိမ်းပိုက်မိလို့ တောင်းပန်ချင်နေတာ ကောင်လေးကတော့ ကျွန်တော့်ကို နာနာကျည်းကျည်း ပြန်ကြည့်နေတာ။ အဲ့လို ကြည့်နေတာဘဲကို ကျွန်တော်နစ်နေအောင် ခံစားနေရတာ ။ ဘာလို့ ဒီအိမ်မက် မက်တာလဲ။ အဲ့ကောင်လေးကရော ဘယ်သူလဲ။ အပြင်မှာ ဘာလို့ တစ်ခါမှ မတွေ့ဖူးတာလဲ။ အရင်တုန်းကတော့ မက်လိုက်ရင် အဲ့ကောင်လေးနဲ့ တစ်ကယ်ကို ပျော်ပါးနေတာ ။ အရမ်းလည်း ချစ်ကြတဲ့ပုံစံ။ လွန်ခဲ့တဲ့ တစ်နှစ်က စပြီး ဒီလို လွမ်းမောဖွယ်ကောင်းတဲ့ အိမ်မက်ကို ပြောင်းလဲ သွားတာ။ ဘာလို့ ဇာတ်လမ်းတစ်ပုဒ်ကို မက်နေလဲတော့ ကျွန်တော်လဲ မသိဘူး။ သူများတွေ အိမ်မက်မက်ရင် တစ်နေ့နဲ့ တစ်နေ့ မတူကြဘူး။ ကျွန်တော်ကတော့ ဇာတ်လမ်းတစ်ခုကို တစ်ပိုင်းဆီ မက်နေတာ။ အဲ့ကောင်လေးကရော အပြင် လောကမှာ တကယ်ရှိလား။
အတွေးတွေရပ် မျက်ရည်တွေကို သုတ်လိုက်ပြီး မျက်နှာသစ်  breakfast စားပြီး ကျောင်းကို လာခဲ့တယ်။
ပထမဆုံးတက်ရမှာမို့ ရင်တွေတောင် ခုန်မိတယ်။ ရုံးခန်းသွား fond သွင်းပြီး ဆရာမခေါ်ရာ ကိုယ့်သင်ရမယ့် အတန်းဆီကို လိုက်လာခဲ့တယ်။
T-“ကဲ ကလေးတွေ ကိုယ်နေရာ ကိုယ်ထိုင် ကျောင်းသားသစ်ရောက်လို့ မိတ်ဆက်ပေးမယ် သား ဝင်ခဲ့လေ”
P-“မင်္ဂလာပါ ကျွန်တော့်နာမည် Perth ပါ Singapore NIS ကျောင်းက ပြောင်းလာတာပါ သူငယ်ချင်းလို အသိမှတ်ပြုပြီး ကူညီပေးကြပါဦးနော်”
ကိုယ့်ကိုကိုယ် မိတ်ဆက်ပြီး အပြုံးလေးတစ်ခု ပြုံးပြလိုက်တယ်။
T-“သားက ဟို နောက်ဆုံးတန်းက Pete ဘေးနားသွားထိုင်လိုက်နော်”
P-“ဟုတ်”
ကျွန်တော် ထိုင်မယ့်နေရာ ကို လျှောက်လာရင်း ကိုနဲ့ တူတူထိုင်ရမယ့် ကောင်းလေးကို ကြည့်လိုက်တယ်။ သူ ကျွန်တော် မိတ်ဆက်ခဲ့တာကိုတောင် စိတ်ဝင်စားရဲ့လားမသိဘူး ခုံပေါ် မေးထောက်ပြီး ပြတင်းပေါက်ရဲ့ အပြင်ဘက်ကို ငေးကြည့်နေတာ တစ်ခုခုကို လွမ်းမောနေတဲ့ ပုံစံမျိုးနဲ့။နီးလာလို့  သေသေချာချာ ကြည့်လိုက်မိမှ ‘ကောင်လေး’………

see u next part
PS ခွဲရမယ်ထင်ပြီး မနေ့က စိတ်မကောင်းဖြစ်သွားကြလားဟင် ။
pete & perth ဘယ်လို ဇာတ်လမ်း ဆက်မလဲဆိုတာ SL လေးနဲ့ လိုက်ပါ စီးမျောခဲ့ကြဦးနော်
သာသာရေးတာ မကောင်းလို့လားမသိဘူး reader ကျသွားသလိုဘဲ။ ဘာတွေလိုလဲ အကြံပေးခဲ့ကြဦးနော်။

Spirit lover(ဝိညာဥ်ချစ်သူ)(Complete)Where stories live. Discover now