🐯Race🐉

3.1K 307 38
                                    

ခြေထောက်အောက်က ပျော့စိစိ စေးကပ်ကပ်ခံစားရတာကြောင့် Pete အောက်ကို ငုံ့ကြည့်လိုက်တယ်။ မြင်လိုက်ရတဲ့ အရာကြောင့် လူကို ဝိညာဉ်လွင့်သလို ခံစားလိုက်ရတယ်။ Pete ခြေထောက်အောက်မှာ ရှိနေတဲ့အရာက ဖြစ်ကာစ ကလေးအသေလေးပါ။ Pete အသားကုန်အော်ပြီး  ကုတင်ပေါ်ပြေးတက်လိုက်တယ်။ စောင်ကို ခေါင်းမူးခြုံထားပေမယ့် မျက်စိထဲက ထိုအရာက မထွက် ။ မသိစိတ်က တမ်းတမိနေတာက မနေ့က လူကြီးကို ဘာရယ်မသိ ဒီလူကြီးသာရှိနေရင် ခုလိုချိန်ကို ကောင်းကောင်းဖြတ်ကျော်နိုင်မယ် ထင်တယ်။
စိတ်ကို အကောင်းဆုံး တည်ငြိမ်အောင် လုပ်ပြီး မျက်လုံးကို ဇွတ်မှိတ်ပြီး အိပ်လိုက်တယ်။ တော်ရုံနဲ့ အိပ်မပျော်။ မိုးလင်းခါနီးမှ အိပ်ပျော်သွားတယ်။
Ae~~
“ဦးကြီးရေ ဦးကြီး”
ရေးကြီးသုတ်ပြာအော်ခေါ်ပြီး ကမ္ဘာပျက်သလိုမျက်နှာနဲ့မို့ ဦးကြီး Chan လဲ စိုးရိမ်သွားတယ်။
“မင်းသားလေး ဘာဖြစ်လို့လဲ ကောင်လေးရော ဘာဖြစ်လို့လဲ”
“ဦးကြီး လုပ်ပါဦးဗျာ ကျွန်တော်လေ ကျွန်တော် ကောင်းလေးကို ခေါ်လို့မရဘူး”
“ဟင် ဘာဖြစ်လို့လဲ ကောင်လေး မေ့လဲပြန်ပြီလား”
“မဟုတ်ဘူး မေ့လဲ မလဲဘူး ကျွန်တော်က ခေါ်နေတာ သူမကြားတာ ခါတိုင်းကျွန်တော် ပြောရင် ကြားတယ်လေ ပြီးတော့ သူ့နားကပ်ရတာ တအားပူတယ် ဘာလို့လဲ ဦးကြီး ကျွန်တော် သူ့ကို … သူ့ကို”
“ဟား…ဟား…ဟား…”
ဦးကြီးကို ရှင်းပြနေတုန်း ရယ်သံကြောင့် အိမ်ပေါက်ဝကို နှစ်ယောက်လုံးလှည့်ကြည့်မိတယ် ။
“အစ်ကိုတော်”
“ဟုတ်တယ် မင်းရဲ့ အစ်ကိုတော် မင်းကြောင့် ဘဝပျက်သွားရတဲ့ အစ်ကိုတော်”
“ညီ အစ်ကိုတော်ကို ဘာလုပ်လို့လဲ”
“မင်းကြောင့် ငါ့မျက်နှာ ဒီလို ဖြစ်ရတာလေ”
“ညီနဲ့ ဘာဆိုင်လို့လဲ အစ်ကိုတော်လုပ်ရပ်ကြောင့် အစ်ကိုတော်ဘာသာ အစ်ကိုတော် ခံရတာလေ”
“မင်းဘာမှ အပြစ်ကို ရှောင်လွှဲဖို့ မကြိုးစားနဲ့”
“ဒါပေမယ့်…”
“ငါ့ကို လျှာမရှည်နဲ့ ဒါနဲ့ ဘယ်လိုလဲ မင်းဟာလေး မင်းရဲ့ စကားသံတွေ မကြားရတော့ ဘယ်လို ခံစားရလဲ”
“သူ ညီ့စကားကို မကြားရအောင် အစ်ကိုတော် လုပ်ထားတာလား ဘာလို့လဲ”
“မင်းတို့ နှစ်ယောက် ပလူးနေတာကို ကြည့်မရလို့လေ”
“ပြန်ဖြည်ပေးပါ”
“အဲ့ဒါ ငါ့ကိစ္စပါ”
“အစ်ကိုတော်!!!”
ဒေါသကြောင့် Ae အသံ နည်းနည်း ကျယ်သွားတယ်။
“မင်းငါ့ကို အော်စရာမလိုဘူး”
“အစ်ကိုတော် ကျွန်တော်ဘဝကို ဒီလောက်လုပ်ရင် ကျေနပ်ရောပေါ့ ဘာလို့ ဆက် ဒုက္ခ ပေးနေရတာလဲ”
“ငါလည်း အဲ့လို ဖြူဖြူနုနု ကောင်လေးကို ချစ်လို့လေကွာ”
“သူကရော အစ်ကိုတော်ကို ပြန်ချစ်မှာ မို့လို့လား အစ်ကိုတော့် မျက်နှာကဖြင့်”
“မင်း စကားတွေ လွန်မလာနဲ့နော် မင်းကြောင့်ဖြစ်ခဲ့ရတာလေ ပြီးတော့ သူ ချစ်တာ မချစ်တာ ငါ ဂရုမစိုက်ဘူး အရေးကြီးတာက သူ့ကို ငါ ရရရင် ပြီးပြီ”
“အစ်ကိုတော် မတရားဘူးလေ ညီနဲ့ကျ သူဘာမှ ပတ်သက်လို့ မရအောင် လုပ်ပြီး အစ်ကိုတော်ကျ သိမ်းပိုက်မယ်ဆိုတာကတော့”
“ကောင်းပြီလေ ငါကလည်း ဒီတိုင်းကြီး သိမ်းပိုက်ရတာကျ ပျင်းစရာကောင်းနေမှာပေါ့ မင်းကို လုပ်ထားတာ ပြန်ဖျက်ပေးမယ် မင်းနဲ့ ငါ ဘယ်သူပိုင်မလဲ ကြည့်ရတာပေါ့”
အစိမ်းရောင် အငွေ့တန်းလေး အပေါ်ထပ်က ကောင်လေးရှိရာက သွားခဲ့တယ်။ အစ်ကိုတော်ရဲ့ ပရကြိုးမျှင်ကို ပယ်ဖျက်လိုက်တာပါ။
ပယ်ဖျက်လဲ ပြီးရော အစ်ကိုတော်လည်း ပြန်သွားတယ်။ ခဏကြာတော့ ကောင်လေးလဲ ပြန်သွားတယ်။ တိုက်ပွဲ မစတင်ခင် ကြိုတင်ပြင်ဆင် ရဦးမှာမို့ ကျွန်တော် သူ့နောက်က မလိုက်သွားသေးတာပါ။
~~~
Pete
မိုးလင်းခါနီးမှ အိပ်ပျော်တာကြောင့် မနက်တော်ရုံနဲ့ မနိုး ၁၁နာရီထိုးမှ မနည်း ထယူလိုက်ရတယ်။ ဒါတောင် ခေါင်းက နောက်ကြည့်ကြည့်ဖြစ်နေတုန်း။ မျက်နှာ သစ်ပြုပြီး မနက်စာ စားဖို့အောက်ကို ဆင်းဖို့ အလုပ် မနေ့ကလို ဖြစ်မှာ စိုးရိမ်မှုကြောင့် တံခါး လက်ကိုင်ဖုကို အသာလှည့်ပြီး ခေါင်းကို အပြင် အသာလေး အရင်ထုတ်ကြည့်လိုက်တယ်။ ဘေးဘယ်ညာကြည့်ပြီး ဘာမှ မရှိမှ သက်ပြင်းတစ်ချက်ချပြီး အောက်ထပ်ကို ဆင်းလာခဲ့တယ်။ ပြီးတော့ ပေါင်မုန့်နဲ့ ကော်ဖီကို သောက်လိုက်တယ်။ အိမ်မှာလည်း ဝယ်ထားတာတွေ ပြတ်နေပြီမို့ ကျောင်းပိတ်ရက်လဲ ဖြစ်တာကြောင့် လိုတာလေးတွေ ဝယ်ဖို့ အဝတ်အစားလဲပြီး Center ကို Taxi ငှားပြီး ထွက်ခဲ့တယ်။
Center ထဲမှာ လိုအပ်တာတွေ လိုက်ဝယ်နေရင်း လူတစ်ယောက်နဲ့ တိုက်မိတယ်။
“တောင်းပန်ပါတယ်နော် ကျွန်တော် မမြင်လိုက်လို့”
“ရပါတယ်”
ဝင်တိုက်မိတဲ့သူကို ကြည့်လိုက်တော့ Hoddie က ဦးထုတ်ကို ဆောင်းထားတယ်။ အောက်ကလည်း လျှာထိုးဦးထုတ်ခံထားသေးတယ်။ ပြီးတော့ မျက်နှာကိုလည်း mask အုပ်ထားသေးတယ်။ တွေးမိလိုက်တာတော့ Cele တစ်ယောက်မို့ ဒီလို ဝတ်လာတယ်ပေါ့။ ကျွန်တော်လည်း Cele တွေကို ကြိုက်တတ်တဲ့သူ မဟုတ်တာကြောင့် ပြုတ်ကျသွားတဲ့ သူ့ အထုတ်ကို ကောင်ပေးပြီး ထွက်လာခဲ့တယ်။
အိမ်ကို ပြန်ရောင်တော့ ဝယ်လာတာတွေကို ရေခဲ သေတ္တာထဲ ထည့်စရာရှိတာထည့် ဆေးစရာရှိတာ ဆေးပြီး အိပ်ခန်းထဲ ဝင်ပြီး ကုတင်ပေါ် ပစ်လှဲပြီး နားလိုက်တယ်။
ခဏလောက် နားပြီးမှ ကျောင်းက ပါလာတဲ့ စာတွေကို ထလုပ်လိုက်တယ်။
တစ်နေ့တာပြီးလို့ ညရောက်တော့လည်း တာဝန်အရ အိပ်စက်ခြင်းကို ပြုလုပ်ရတယ်လေ။
တစ်ညတာ ကုန်ဆုံးပြန်တော့လည် နိုးထခြင်းကို ပြုလုပ်ရပြန်တယ်။ နိုးထပြီးတော့လည်း မျက်နှာသစ် ရေချိုးရတာပေါ့ ။ ထိုအရာတွေလုပ်ဖို့ ရေချိုးခန်းထဲကို ဝင်သွားတယ်။ ရေချိုးခန်းထဲက မှန်မှာကြည့်လိုက်တော့
“ဟင်”
ဟိုတစ်ခါလိုဘဲ လည်ပင်းမှာ marking တွေ ။ ဘယ်လို ရောက်လာပြန်တာလည်း ။ သွားတိုက်တံကို ပြန်ချထားပြီး cctv ကြည့်ဖို့ အပြေးသွားရတယ်။ ဒီတစ်ခါတော့ ဟိုတစ်ခါလို ရုပ်ပျက် ဆင်းပျက်မဟုတ်။ မဟုတ်တဲ့ အပြင် ကျွန်တော် ငြိမ်ငြိမ်လေးကို အိပ်နေတာ ဒါဆို ဒီအရာတွေက ဘယ်က ရောက်လာပြန်တာလဲ။ မျက်နှာကို လက်နှစ်ဖက်နဲ့ ပွတ်လိုက်တယ်။ ကွန်ပျူတာရှေ့ ကြောင်ကြောင်ကြီး ထိုင်နေပြီးမှ Canကို သတိရလိုက်တယ်။
“ဟုတ်တယ် ဒီကိစ္စ can ကိုပြောပြရမယ်”
ဖုန်း Contact ထဲက can ကို ရှာပြီး ခေါ်လိုက်တယ်။
~~Ring~~Ring
“hello pete”
“Can”
“ဖုန်းတွေဘာတွေဆက်လို့ ဘာကိစ္စလဲ”
“ငါမင်းကို ပြောစရာရှိလို့ ငါ့အိမ်လာခဲ့လို့ ရမလား”
“OK လေ လာခဲ့မယ်”
“အင်း အခုလာခဲ့နော်”
“အေးပါကွာ”
~~~
ခဏကြာတော့ Can ရောက်လာတယ်။ ပြီးတော့ Can ကို အိပ်ခန်းထဲ ခေါ်လာပြီး cctv မှတ်တမ်းကို ပြတယ်။ နောက် လည်ပင်းက အမှတ်တွေကို ပြလိုက်တယ်။
“ဘာလို့လဲ မသိဘူး မနက်မိုးလင်းရင် နှုတ်ခမ်းတွေနာပြီး လည်ပင်းနဲ့ ခန္ဓာကိုယ်မှာ အနီကွက်တွေ ဖြစ်နေတယ်”
“ငါပြောရင် မင်းစိတ်မဆိုးနဲ့နော်”
“မဆိုးပါဘူး”
“ပြီးတော့ ငါ့ကို မရှက်ဘဲ အမှန်တိုင်းဖြေရမယ်နော်”
“အင်းပါ”
“မင်း#$%နေရာက နာလား ဟိုတစ်ခါတုန်းကလေ”
Pete မျက်နှာ ရဲတက်သွားတယ်
“ဟိုလေ …ဟို”
“ငါ့ကို မရှက်နဲ့လို့ပြောထားတယ်လေ”
“အင်း နာတယ် တစ်ခါမှ မခံစားဘူတဲ့ဟာမျိုး ငါမင်းကို အဲ့ကတည်းက ပြောပါတယ် ငါ လူပျိုရည်ပျက်သွားပြီဆိုတာ”
“ငါမှတ်မိပါတယ် သေချာအောင် ငါထပ်မေးနေရတာ
မင်းပြောတဲ့အတိုင်းဆို လူပျိုရည်ပျက်တာက သေချာတယ် လုပ်တဲ့သူဘဲ ရှာမရတာ အဲ့တာကြောင့် ငါထင်တာက…”
“……”
“သရဲနဲ့များ”
“သရဲ!!!”
“အင်း မင်းက သရဲ ကြောက်တတ်တာမို့ စောစောကတည်း ပြောဖို့ကို ငါမပြောသေးတာ ခုတော့ မင်းဒီလိုတွေ ထပ်ဖြစ်နေတာဆိုတော့ ငါပြောမှ ဖြစ်တော့မယ်”
“ဖြစ်နိုင်လို့လား”
“ဖြစ်နိုင်တယ် ငါ စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတာ သရဲတစ်ကောင်က သူ ချစ်တဲ့သူကို သူတို့ သိမ်းပိုက်နိုင်အောင် လုပ်နိုင်တဲ့ အရာတွေရှိတယ်တဲ့”
“ထားပါတော့ ဒါပေမယ့် ငါမကျေနပ်တာက”
“ငါသိပါတယ် ဘယ်သူကမှန်း မသိ လုပ်သွားလို့မလား”
“အင်း အနည်းဆုံးတော့ ဘယ်သူဆိုတာ သိသင့်တယ်မလား”
“ဟုတ်ပါတယ်လေ”

-“ကိုလုပ်တာဆိုရင်ရော ခွင့်လွှတ်နိုင်မလား ကောင်လေး”
-“ခင်ဗျား!”
“ဘယ်သူလဲ pete”
-“မင်းနာမည်က pete တဲ့လား ကို့နာမည်က Ae ပါ”
Pete and Can-“Ae!!!”
-“ဖြေးဖြေးပေါ့ကွာ Pete က ကို့ကို သိလို့လား”
“ခင်ဗျား ကျွန်တော်အိမ်မှာ အိပ်သွားတာ သိတာပေါ့”
-“ဒါဆို ကို့နာမည်ကြားတာ ဘာလို့ အဲ့လို ထအော်ကြတာလဲ”
“ကျွန်တော်တို့ သိတဲ့သူနဲ့ နာမည်ဆင်သွားလို့ပါ”
-“ဟုတ်လား”
“ဒါနဲ့ ခင်ဗျား ဘာလာလုပ်ပြန်ပြီလဲ ပြီးတော့ သူများအိမ်ထဲ မပြောဘဲ ဝင်လာပြန်ပြီလား”
-“ကိုက ဝင်ချင်တိုင်း ဝင်လို့ရတယ်လေ”
“ဘာပြောတယ်”
“pete ငါပြန်တော့မယ် ကိစ္စကို အေးအေးဆေးဆေး ရှင်းနော်”
“အင်းပါ”
Can ထွက်သွားတော့ စကားကို ဆက်လိုက်တယ်။
“ခင်ဗျားစောစောက စကားက ဘာ အဓိပ္ပာယ်လဲ”
“ကိုဝင်ချင်တိုင်း ဝင်လို့ရတယ်လို့”
“ခင်ဗျားစကားက လွန်တယ်လို့မထင်ဘူးလား ခင်ဗျားနဲ့ ကျွန်တော်နဲ့  ဘာမှပတ်သက်တာ မဟုတ်ဘဲ ဒီလို စကားကြီးကတော့”
“ဘာတွေ ဒီလောက်ဒေါသထွက်နေတာလဲ”
“ခင်ဗျားစကား ခင်ဗျား စဉ်စားလေ”
ပြောရင်းနဲ့ သူကျွန်တော်ဆီကို လမ်းလျှောက်လာတာ ကျွန်တော်ကလဲ နောက်ဆုတ် နောက်ဆုတ်နဲ့ ကျွန်တော်အနောက်မှာ နံရံဘဲ ကျန်တော့တယ်။ ကျွန်တော်ခါးကို တင်းအောင်ဖက်ပြီး ပြောလိုက်တာက
“မင်းနဲ့ငါက အဆင့်တွေအားလုံးဖြတ်ပြီးပြီလေ”
ပြောပြီး နှုတ်ခမ်းကို လာနမ်းတာကြောင့် လန့်ပြီး စောင့်တွန်းလိုက်တယ်။ ကျွန်တော်ကသာ အားကုန်သုံးရတယ် သူကတော့ တစ်လှမ်းသာသာ သာ နောက်ဆုတ်သွားတာပါ။ ပြီးတော့ ပြုံးစိစိလည်း လုပ်နေသေးတယ်။
ဒေါသလည်းထွက် ရှက်လည်းရှက်တာကြောင့် သူ့ကို ထိုးမယ်လုပ်တဲ့လက်ကို ဖမ်းချုပ်ပြီး နံရံကို ပြန်ကပ်ခံလိုက်ရတယ်။ ပြီးတော့ အဆုံးမရှိတဲ့ အနမ်းတွေ ဆက်တိုက်ရောက်လာတော့တယ်။ နောက်ပိုင်းဘာဖြစ်သွားတယ် မသိဘူးကျွန်တော် လောက ကြီးနဲ့ အဆက်အသွယ်ပြတ်သွားတယ်။

See u next part

hee သရဲက သိပ်ဆိုးတာဘဲနော်။😁
နောက်ပိုင်းလေးတွေ +တွေရော မုန်တိုင်းတွေရော ကြောက်စရာလေးတွေရော ရောမယ်နော်။
ဒါနဲ့ ဒီအပိုင်းတွေရော ဖတ်ရတာ အဆင်ပြေရဲ့ ပေါ့သလိုများဖြစ်နေသေးလားဟင်။
ဘာလေးတွေ ထပ်ဖြည့်သင့်လဲလဲ အကြံပေးသွားကြဦးနော်။

Spirit lover(ဝိညာဥ်ချစ်သူ)(Complete)Where stories live. Discover now