🐯Curse🐉

4.3K 357 70
                                    

ကန်တင်းမှာ ထိုင်လိုက်တယ်။ ပြီတော့ စားစရာတွေကို Tin က သွားမှာတယ်။
“Can မြန်မြန် ပြောစမ်းပါကွာ ငါ သိချင်နေပြီ”
“ခဏနေပါဦး ကို့ကို စောင့်လိုက်ပါဦး”
“ဝေါ့”
“ဗိုက်ကြီးနေတာလား”
“သေလိုက်ပါလား ငါက ဘာကိစ္စ ဗိုက်ကြီးရမှာလဲ ကြီးမယ့်ကြီး မင်းဘဲ ကြီးမှာ”
“ငါကကြီးလည်း ပိုင်ရှင် ရှိနေတာပဲဟာ မင်းသာ ကြီးရင် ဘယ်မလဲ ပိုင်ရှင်”
“Can နော်”
Tin စားစရာတွေလာချပေးရင်း
T-“ဘာတွေဖြစ်နေကြတာလဲ Pete မင်း နှုတ်ခမ်းက ငါ့လည်း လာထိုးပါဦးမယ်”
P-“နင်ဟာ အရင်စတာလေ”
C-“ဟင် အေးပါ တော်ပြီ ပြောတော့ဘူး သွားတော့မယ်”
အဲ့တော့ pete က သွားအကုန်ပေါ်အောင် ရယ်ပြရင်း
“Can ကလဲ ငါက စတာလေဟာ အဲ့လို စိတ်မဆိုးပါနဲ့ ပြောပြပါနော် နာ နာ နာ”
“ရုပ်ကိုက အမျိုးမျိုး သေချာနားထောင် ပြောပြမယ်”
ဘယ်လောက်တောင် သိချင်နေလဲ မသိဘူး စပြောကတည်းက လက်ကို ခုံပေါ် ပိုက်တင်ထားပြီး မျက်လုံး ဝိုင်းဝိုင်းလေးနဲ့ ကြည့်ပြီး သေချာကို နားထောင်နေတာ။
“ငါ Ae လို့ပဲ ပြောမယ်နော်”
“…………”
“Ae က ငါတို့နဲ့ အသက် သိပ်မကွာဘူးကွ ငယ်တယ် ခန့်ညားတယ် မာနတော့ ကြီးတယ်။ တော်ဝင်ကျောင်းမှာ Moon လေ။

 သူ့ကို လိုချင်တဲ့ မိန်းကလေးတွေမှ တန်းစီနေတာပဲ ။ သူကတော့ တစ်ယောက်မှ စိတ်မဝင်စားဘူးတဲ့။ ပြီးတော့ သူ့မှာ ဝမ်းကွဲ အစ်ကို Dam ဆိုတဲ့ တစ်ယောက်ရှိတယ်။ သူ့ကြောင့်လည်း Ae သေခဲ့ရတာ။ သူက Ae ရဲ့ ဘဝ ရော ရုပ်ရည်ရော မနာလိုဘူးလေ။ အမြဲ လိုက်နှောက်ယှက်နေတတ်တယ်။ မိ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

သူ့ကို လိုချင်တဲ့ မိန်းကလေးတွေမှ တန်းစီနေတာပဲ ။ သူကတော့ တစ်ယောက်မှ စိတ်မဝင်စားဘူးတဲ့။ ပြီးတော့ သူ့မှာ ဝမ်းကွဲ အစ်ကို Dam ဆိုတဲ့ တစ်ယောက်ရှိတယ်။ သူ့ကြောင့်လည်း Ae သေခဲ့ရတာ။ သူက Ae ရဲ့ ဘဝ ရော ရုပ်ရည်ရော မနာလိုဘူးလေ။ အမြဲ လိုက်နှောက်ယှက်နေတတ်တယ်။ မိန်းမပျက်တွေနဲ့လဲ မိတ်ဆက်ပေး မူးအောင်တိုက်ပြီး မှားအောင်လဲ လုပ်ကြံသေးတယ်။ ဒါပေမယ့် Ae က သူ့ လုပ်ကွက်တွေကို ကောင်းကောင်း ကျော်ဖြတ်နိုင်ခဲ့တယ်။ တဖြည်းဖြည်းနဲ့ သူ့လုပ်ကြံမှုတွေက ပိုပို ဆိုးလာတယ်။ Ae မျက်နှာကို ပျက်ဆီးအောင် လုပ်ဖို့ထိပေါ့”
“မျက်နှာကို!!!”
“အင်း ဒါပေမယ့် ကိုယ်ပြုသည့်ကံ ကိုယ်ဆီပြန်သလိုပေါ့ Ae ကို Acid နဲ့ ပက်ဖို့အတွက် လူတစ်ယောက်ကို ငှားပြီး လုပ်ကြံခိုင်းထားတာ ဖြစ်ချင်တော့ လုပ်ကြံသူကို လုပ်ကြံရမယ့် ဓာတ်ပုံပေးဖို့ ဦးကြီး Chan ကို သွားပေးခိုင်းတယ်လေ။ ဦးကြီး Chan က ဘာကြောင့်သွာပေးခိုင်းမှန်း မသိပေမယ့် စာအိတ်ကို ဖောက်ကြည့်ခဲ့တယ် ။ Ae ရဲ့ ဓာတ်ပုံဖြစ်နေတာမို့ ဘာလိုတွေးလိုက်လဲတော့ ဘယ်သူမှ မသိဘူး။ Ae နဲ့ Dam ရဲ့ ပုံကို လဲခဲ့တယ်တဲ့လေ”
“ဒါဆို……”
“အင်း မင်းတို့တွေးတဲ့ အတိုင်းပဲ Dam ရဲ့ မျက်နှာ ပျက်ဆီးခဲ့တယ်။ ဒါပေမယ့် သူ့ဘဝမှာ နောင်တ ဆိုတာ မရှိဘူးနဲ့ တူပါတယ်။ ထပ်လုပ်ကြံဖို့ ကြံစည်ခဲ့ပြန်တယ်။ ဒီတစ်ခါကျတော့ အသက်ထိပါ လုပ်ကြံဖို့ စီစဉ်တယ်လေ။ အောက်လမ်း ဆရာတစ်ဦးနဲ့ ပေါင်းပြီး စားမယ့် ထမင်းထဲကို အဆိပ်ထည့်ခဲ့တယ်။

Spirit lover(ဝိညာဥ်ချစ်သူ)(Complete)Where stories live. Discover now