🐯Afraid to love🐉

4.2K 350 67
                                    

“ဘာလုပ်နေတာလဲ”
အသံကြားပေမယ့် ဘယ်သူမှ မတွေ့ရတာမို့ ကြက်သီးတွေ ဖြန်းဖြန်းထသွားတယ်။
ရှာနေတဲ့ ဗီရိုကို ပြန်ပိတ်ပြီး အခန်းပြင်ထွက်ကြည့်လိုက်တယ်။
အပြင်မှာလည်း ခွေးတစ်ကောင် ကြောင်တစ်မြှီးမှ မတွေ့ရ။
‘ဒါဆို အသံက ဘယ်ကလာတာလဲ Ae လား’
တွေ့ချင်စိတ်နဲ့ အိမ်ထဲ ပတ်ရှာလဲ မတွေ့ရ။ မတွေ့ရလေ ပိုတွေ့ချင်လေ ဖြစ်လာတာမို့ တစ်ခန်းဝင် တစ်ခန်းထွက်ရှာနေမိတယ်။ စောစောက ကြောက်စိတ်တွေလည်း ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းမသိ။
~~~
ဒီကောင်လေး ဘာတွေရှာနေတာပါလိမ့် မဟုတ်မှလွဲရော ငါ့ကိုများလား။ ဟာ မဖြစ်နိုင်တာ ငါသူ့ကို လူရော အသံရော မပြရသေးဘူးလေ။ မင်းကိုတော့ လေးစားတယ် ကောင်လေးရာ ဟိုရက်တုန်းကတော့ အကြောက်လွန်ပြီး မေ့လဲခဲ့တဲ့သူက ခုတော့ သရဲရှိပါတယ်ဆိုတဲ့အိမ်ကို မင်းစိတ်တိုင်းကျ မွှေနေတော့တာပဲ။
စိတ်တိုင်းမကျနဲ့ မျက်နှာနဲ့ နှုတ်ခမ်းလေးစူစူနဲ့ လိုက်ရှာနေတာ ချစ်ဖို့အရမ်းကောင်းတယ်။ သူ့ကို ကျွန်တော် စချင်စိတ် ဖြစ်လာတာနဲ့ ဆံပင် ရှည်ရှည် မျက်လုံးနီနီဖြစ်အောင် ဖန်ဆင်းလိုက်ပြီး သူ့ပုခုံးကို အနောက်ကနေ လှမ်းပုတ်ခေါ်လိုက်တယ်။ ကျွန်တော် စလိုက်မိတာ မှားသွားတယ်။ ကျွန်တော့်ကို မြင်မြင်ချင်းဘဲ ကောင်လေး လဲကျသွားတာ ကျွန်တော်တောင် မနည်း လှမ်းဖမ်းလိုက်ရတယ်။ ဘာလို့ဆို ကောင်လေး ရပ်နေတာက လှေကားထိပ်နားမှာလေ။ လှေကားပေါ်က ပြုတ်ကျလု ဆဲဆဲမှာ ကျွန်တော် မနည်းလှမ်းဖမ်းလိုက်လို့ တော်သေးတယ်။ မဟုတ်ရင် ဒီကောင်လေး လှေကားပေါ်က ပြုတ်ကျရင်မတွေးဝံ့စရာ။ ကျွန်တော် သူ့ကို ကုတင်ပေါ်တင်ပေးလိုက်တယ်။ ကျွန်တော်လို အိမ်ရှေ့စံက ဒီလို သာမန် ကောင်လေးတစ်ယောက်ကို ပွေ့ချီရတာ ဒါနဲ့ဆို ဒုတိယအကြိမ်ပါ။ မယ်တော် လဲကျရင်တောင် မချီခဲ့တဲ့ ကျွန်တော်ရယ်ပါ။ ခုတော့ ဒီကောင်လေးကျမှ ကျွန်တော် ချီပဲ ချီနေရတယ်။ ကိုယ်ကိုကိုယ်လဲ ရယ်ချင်မိသား။
ကုတင်ပေါ်တင်ပေးလိုက်ပြီး ကျွန်တော်ပြန်ထမယ်လုပ်ပေမယ့် ရင်ဘတ်နားလောက်က ကျွန်တော် အင်္ကျီကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတာမို့ ကျွန်တော်ပြန်ထလို့မရ။ ပြန်မထရတဲ့အချိန်လေးမှာ ကျွန်တော်ကြည့်လိုက်မိတာက သူ့ရဲ့ နီစွေးစွေး နှုတ်ခမ်းလေး။ နှုတ်ခမ်းလေး ဟပြီး အသက်ရှုနေတာကိုက ကျွန်တော်ကို ဆွဲဆောင်နေသလိုဘဲ။ ကျွန်တော်လည်း မထိန်းနိုင်တဲ့ နောက်ဆုံး သူ့ရဲ့ နှုတ်ခမ်းလေးကို အားနဲ့ ဆွဲစုပ်နမ်းပလိုက်တယ်။ ဘယ်လောက်ကြာကြာ နမ်းနေမိလဲ မသိ သူသတိမေ့လျက်နဲ့တောင် ကျွန်တော့် ရင်ဘတ်ကို တွန်းထုတ်လာတော့မှ ကျွန်တော် နှုတ်ခမ်းချင်း ခွာလိုက်မိတယ်။ ကျွန်တော်ကိုယ် ကျွန်တော် ဘယ်လို ဖြစ်သွားမှန်းနားမလည်။ စိတ်ရှုပ်လာတောင်ကြောင့် သူ့ကို စောင်လေးခြုံပေးခဲ့ပြီး အောက်ထပ်ဆင်းပြီး ခြံထဲက ခုံလေးမှာ သွားထိုင်နေလိုက်တယ်။ ခုံကို နောက်မှီပြီး ကောင်းကင်ကို မော့ကြည့်လိုက်တော့ မျက်လုံးထဲမြင်ရတာက ကောင်းကင်ပြာပြာလေး မဟုတ် သူ့ရဲ့ နီးစွေးစွေး နှုတ်ခမ်းလေး ။ခေါင်းကိုခါရမ်းပြီး အတွေးတွေကို ဖျောက်လိုက်တယ်။ ကျွန်တော် ဒီအချိန်မှာ ပြောနိုင်တာ တစ်ခုက သူ့ရဲ့ နှုတ်ခမ်းတွေက တကယ်ချိုတယ် ဆိုတာကိုပဲ။
~~~
ညနေစောင်းလောက်မှ Pete တစ်ယောက် သတိရလာတယ်။
သတိရရချင်း ပြန်မြင်ယောင်လာတာက ဆံပင်ဖားလား မျက်လုံးနီနီနဲ့ ကြည့်နေတဲ့ သရဲတစ်ကောင်ကိုဘဲ။ အလန့်တကြားထထိုင်ပြီး ဘေးဘယ်ကြည့်လိုက်တော့ Ae အခန်းထဲမှာ။ ဒါနဲ့ဆို နှစ်ခါရှိပြီး သူ သတိမေ့ပြီးတိုင်း သူ Ae ကုတင်ပေါ်ရောက်နေတော့တာဘဲ။ ‘ဘယ်သူသယ်လာပေးတာလဲ Ae များလား?’
ဘေးမှာ ဟိုတစ်ခါလိုအသင့်ရှိနေတဲ့ ရေကို ငှဲ့သောက်လိုက်တယ်။ ဖန်ခွက်ကို နှုတ်ခမ်းပေါ် တင်လိုက်တာနဲ့ စူးကနဲ နာကျင်လိုက်ရတဲ့ နှုတ်ခမ်းတစ်စုံကြောင့် ရေသောက်ဖို့တောင် တွန့်စုတ်သွားခဲ့တယ်။
“အား … ဘာလို့ နှုတ်ခမ်းတွေက နာနေရတာလဲ”
လွယ်အိတ်ထဲက ဖုန်းကို ထုတ်ပြီး camera ဖွင့်ပြီး ကြည့်လိုက်တော့ ဘာကြောင့်မှန်းမသိ ပေါက်ပြဲနေတဲ့ နှုတ်ခမ်း။ ထိကြည့်တော့လည်း တအားနာတယ်။ ‘ဟိုသရဲ ငါ့ကို ဘာလုပ်လိုက်ပါလိမ့်’
တွေးရင်းကြောက်လာတာမို့ အိမ်အောက်ထပ်ကိုဆင်းပြီး အပြင်ကို ပြေးထွက်လာခဲ့တယ်။
~~~
အိမ်တံခါးမကြီး ဝုန်းကနဲ ဖွင့်သံကြားလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ ဟိုကောင်လေး နှုတ်ခမ်းလေးကို အုပ်ပြီး မျက်ရည်အဝဲသားနဲ့ ခြံတံခါးဘက်ကို သွားနေတယ်။ ကျွန်တော်လည်း အနောက်က လိုက်သွားပြီး
“ကောင်လေး ကောင်လေး ဘာဖြစ်လို့လဲ ငါ နမ်းလိုက်လို့လား တအားနာနေလို့လား ကောင်လေး ကောင်လေး”
ဘာမှ လှည့်မပြောတာကြောင့် သူ့လက်ကို လှမ်းကိုင်ပြီး ဆွဲလှည့်လိုက်တယ်။ ကောင်လေး မျက်လုံးအဝိုင်းသားလေးနဲ့ လှည့်လာတယ်။
“ဘယ်သူလဲ.. ဘယ်သူလဲလို့ ဒါနောက်စရာမဟုတ်ဘူးနော်”
ပြောမိမှ တွေးလိုက်တာက ဘယ်သူက ဒီလို လူပြတ်တဲ့ လမ်းကြားထဲ ဘယ်သူက တစ်ကူးတက လာနောက်မှာလဲ
“Ae လား Ae ကျွန်တော့်နောက်လိုက်လာတာလား”
သူအဲ့လိုပြောလိုက်မှ ကျွန်တော် ပတ်ဝန်းကျင်ကို သတိထားကြည့်လိုက်မိတယ်။ ဟုတ်တယ် ကျွန်တော် ခြံပြင်ကို ရောက်မှန်းမသိ ရောက်နေပြီ ။
“ငါ ဘယ်လိုများထွက်လာမိပါလိမ့် ဒါဆို ငါ့အတွက် ကျိန်စာပြယ် လူသားက ဒီကောင်လေးလား”
ဘာအသံမှ မကြားတော့တာမို့ Pete တစ်ယောက် အိမ်ကို သုတ်ချေတင် ပြန်လာခဲ့တယ်။ အိမ်ရောက်တော့ အိမ်ခန်းထဲ တန်းသွားပြီး ကုတင်ပေါ်ပစ်လှဲလိုက်တယ်။ လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီးမှ စိတ်သက်သာရာ ရသွားပြီမို့ ရေချိုးဖို့ လုပ်လိုက်တယ်။
~~~
Ae
ကျွန်တော်လည်း အပြင်ရောက်လက်စနဲ့ ကောင်လေးနောက်ကိုဘဲ လိုက်သွားလိုက်တယ်။ သွားစရာလဲ ဘယ်မှ မရှိဘူးလေ။ အိမ်တော်ကိုလည်း မပြန်ချင်ဘူး ။ ပြန်ထွက်မရမှာလဲ ကြောက်တယ်။ အဲ့ဒါကြောင့်ဘာမှ မစဉ်းစားတော့ဘဲ ကောင်လေးနောက် ထပ်ချပ်မကွာ လိုက်လာခဲ့လိုက်တော့တယ်။ သူ့အိမ်နဲ့ တူပါတယ် ။ သူဝင်ဖို့ တံခါးဖွင့်လိုက်တယ်။ တံခါးပြန်မပိတ်ခင် ကျွန်တော် မနည်း ရအောင် လိုက်ဝင်လိုက်ရတယ်။ အိမ်လေးက ချစ်စရာလေး သူတစ်ယောက်တည်း နေတာလားတော့ မသိ ။

Spirit lover(ဝိညာဥ်ချစ်သူ)(Complete)Where stories live. Discover now