🐯What's that🐉

3.7K 336 47
                                    

မနက်ခင်းရဲ့ နေရောင်ခြည်က အခန်းထဲ ထိုးဝင်လာမှ ကုတင်ပေါ်က ကောင်လေး ၂ ယောက် လှုပ်ရှားလာတယ်။ ပထမဆုံး နိုးလာသူကတော့ Ae ပါ။ သူ့လက်မောင်းပေါ်မှာ အိပ်နေတယ် ဖြူလွှလွှ ကောင်လေးရဲ့ မျက်နှာကို မြတ်မြတ်နိုးနိုး ကြည့်နေမိတယ်။ ကြည့်နေရင်းနဲ့ မနေ့က သူလုပ်ခဲ့တဲ့ ကိစ္စတွေကို မြင်ယောင်လာတယ်။ ကုတင်ပေါ်ကဆင်းပြီး အဝတ်တွေ ပြန်ဝတ်လိုက်တယ်။ ပြီးတော့ ကုတင်ပေါ်ကို ခြေတစ်ဖက် ခေါက်တင်ထိုင်ရင်း ကောင်လေးကို ငေးကြည့်နေမိတယ်။
“ကောင်လေးရာ ငါ့ကို ဘယ်လိုများ ပြောင်းလဲလိုက်တာလဲကွာ ပြီးတော့ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာကို ငါ မတွေးတတ်ဘူး ငါ့ကို ငါ မထိန်းနိုင်ခဲ့တဲ့ အတွက်လည်း တောင်းပန်ပါတယ် ဒါပေမယ့် ငါ ကတိတစ်ခုတော့ ပေးနိုင်တယ် မင်းကို ဘယ်လို တစ်စုံတစ်ရာ ဘယ်လို အကြောင်းကြောင့်နဲ့မှ မထိခိုက်စေရဘူးဆိုတာကိုပါ အဲ့ကတိကို တည်နိုင်ဖို့ မနေ့ညက ဖြစ်ပျက်ခဲ့တာတွေကို မင်းကို မပြောပြနိုင်သေးတဲ့အတွက် ငါ့ကိုတော့ ခွင့်လွှတ်ပါ ကောင်လေးရာ”
~~~~
Pete
နေရောင်ခြည်က မျက်နှာပေါ်ကျလာတာ ကြောင့်မို့ မျက်လုံးကို ဖွင့်လိုက်တယ်။ နေစူးတာကြောင့် လက်နဲ့ ကာပြီး မျက်လုံးနဲ့ အလင်း ကျင့်သားရအောင် ခဏနေလိုက်တယ်။ ကျင့်သားရမှ မျက်နှာသစ်ဖို့ထထိုင်လိုက်တော့ ခန္ဓာအောက်ပိုင်းရဲ့ နာကျင်မှုကို ခံစားလိုက်ရတယ်။
“အား…နာလိုက်တာ”
ဘာလို့လဲ ဘာဖြစ်တာလဲ ဘာလို့ ငါ့ရဲ့ အဲ့နေရာက နာနေရတာလဲ။ဘယ်လို စဉ်းစား စဉ်းစား အဖြေက ထွက်မလာ ။မနေ့က ရေချိုးပြီး အဝတ်လဲမလို့ လုပ်နေတဲ့ အချိန်ထိဘဲ စဉ်းစားလို့ရတယ်။ နောက်မှ သတိရတာက cctv ။ ဟုတ်တယ် CCTV ဟိုတစ်ခါကျောင်းသွားနေတုန်း အိမ်ကို သူခိုးကပ်ခံရတာကြောင့် Tin နဲ့ Plan တို့ လာပြီး တစ်အိမ်လုံးလာတတ်ပေးသွားတာ ။ တစ်ယောက်တည်း နေရတာကြောင့် လိုအပ်နိုင်တယ် ဆိုပြီးတော့လေ။ CCTV တွေကလည်း ရေချိုးခန်း အိမ်သာက လွဲရင် နေရာအနှံ့ တတ်ထားတာ ကျွန်တော့် အိပ်ခန်း အပါအဝင်ပေါ့။ ခန္ဓာအောက်ပိုင်းကို စောင်ပတ်ရင်း ကွန်ပျူတာဆီ ထသွားလိုက်တယ်။ နာကျင်မှုကြောင့် လမ်းလျှောက်ရတာတောင် သိပ် အဆင်မပြေချင်။ အကြောင်းအရင်း သိရမှာမို့ အားတင်း လျှောက်သွားလိုက်တယ်။ ကွန်ပျူတာထဲက cctv file တွေကို ပြန်ကြည့်လိုက်တယ်။ ကျွန်တော် မျက်လုံးတောင် ကျွန်တော် မယုံချင်ဘူး။ ကုတင်ပေါ်မှာ ကျွန်တော် တစ်ယောက်တည်း အဝတ်ဗလာနဲ့ ပြီးတော့ ကျွန်တော်ပုံစံက Sex လုပ်ခံနေရတဲ့ပုံ ။ ခြေထောက်က ထောင်ပြီး ကားထားလိုက်တာ မြင်လို့ပင်မကောင်း။
“ဘာတွေလဲ ငါက ဘာလို့ ဒီလိုပုံဖြစ်နေရတာလဲ ငါတစ်ယောက်တည်း ဒီလို ဖြစ်ရအောင်လဲ ငါ AV တွေတောင် ကြည့်တာမဟုတ်ဘူး ။ AV တွေ ကြည့်ပြီး အာသာဖြေတတ်တဲ့ ကောင်ပဲ ထားဦး ။ ငါက ဘာလို့နာနေရတာလဲ။ ငါ့ကို ငါလည်း လက်နဲ့ မလုပ်ခဲ့ဘူးဆိုတာ CCTV မှာ အသိအသာ။ ပြီးတော့ ဘာလို့ ငါက bottom လဲ မသိတော့ဘူးကွာ”
စိတ်ရှုပ်လာတာကြောင့် ဆံပင်ကို လက်နဲ့ ထိုးဖွပြီး မျက်နှာသစ်ဖို့ ရေချိုးခန်းထဲ သွားလိုက်တယ်
“Maeee!!!!!”
ကျွန်တော် ကိုယ်ပုံကိုယ်လန့်ပြီး အော်လိုက်မိတာပါ။ မလန့်ဘဲ နေမလား လည်ပင်း နဲ့ ရင်ဘတ် ၊ဗိုက်တွေမှာ Marking တွေ ပြည့်နေတာဘဲ။ လက်နဲ့ထိကြည့်တော့လည်း စပ်ဖျင်းဖျင်းနဲ့။ ဒါတွေကရော ဘာတွေလဲ။ ကျွန်တော် ခေါင်းထဲမှာ မေးခွန်းတွေပဲ ပေါ်လာတယ်။ အဖြေတွေကတော့ ဘယ်သောင်တင်နေလဲ မသိ။
မျက်နှာသစ်ပြီး ကျောင်းသွားဖို့ အဝတ်လဲလိုက်တယ်။ မနက်စာ စားပြီး ကျောင်းကို ထွက်လာခဲ့တယ်။ နှုတ်ခမ်းရဲ့ ဒဏ်ရာကိုတော့ မမြင်နိုင်အောင် mask အုပ်သွားတယ် ။ အင်္ကျီ ကြယ်သီးကိုလည်း လည်ပင်းထိစေ့အောင် တပ်ထားရင်း Necktie ကိုလည်း တင်းအောင်စည်းထားတယ်။ အသက်ရှုတောင် နည်းနည်း ကျပ်လာတယ်လို့ ခံစားလိုက်ရတယ်။အတန်းထဲထိ တန်းတန်းသွားပြီး ခုံမှာထိုင်ပြီး Mask ကို ဖြုတ်လိုက်တယ်။ ပြီးတော့ ခုံမှာ မှောက်အိပ်နေလိုက်တယ်။
~~~
Ae
သူအော်လိုက်လို့လန့်ပြီး ရေချိုးခန်းထဲ လှမ်းကြည့်လိုက်တော့ သူ့ marking လေးတွေကို ကိုင်ကြည့်နေတာ ။ ဟုတ်မှာပါလေ ဘာကြောင့်မှန်း မသိ သူ့ခန္ဓာကိုယ်ပေါ် ဒါတွေ ဖြစ်နေတာဆိုတော့ ။ ဒါပေမယ့်လည်း ကျွန်တော် စိတ်ထဲက တောင်းပန်ရုံက လွဲရင် ခုတော့ ဘာမှ မတတ်နိုင်သေးဘူး။ သူကျောင်းသွားတော့ ကျွန်တော် တစ်ယောက်တည်း သူ့အိမ်မှာ ကျန်ခဲ့တယ်။ သူအများကြီးတွေးပြီး အကျပ်ရိုက်နေမယ် ဆိုတာ သိပါတယ်။ ဒါပေမယ့် ပြောလို့မရသေးတဲ့ အခြေအနေကြောင့် မပြောပြနိုင်တာ ခွင့်လွှတ်ပေးပါလို့ပဲ စိတ်ထဲက ပြောနေမိတော့တယ်။
~~~
Can-“Pete ညက အိပ်မပျော်လို့လား”
မှောက်အိပ်နေတဲ့ ကျွန်တော့်ခေါင်းကို လာပုတ်ပေးတဲ့သူပါ။
ပြီးတော့ ကျွန်တော့်ကို ကြည့်ပြီး မျက်လုံးပြူးသွားတယ်။
“Pete မင်းနှုတ်ခမ်းက….”
“အင်း ဘာလို့လဲ မနေ့က ကိုက်မိထားလို့”
Tin-“ကန်တင်းသွားရအောင်လေ မနက်ပိုင်းတန်းက ဆရာမ meeting ရှိလို့ မလာဘူးတဲ့”
Can-“အင်း သွားကြမယ်လေ pete လာလေ သွားမယ်”
Tin-pete နေမကောင်းဘူးလား မျက်နှာလည်း မကောင်းဘူး”
pete-“ဒီလိုပါပဲ”
Can-“ကန်တင်းအရင် သွားရအောင် ဗိုက်ဆာနေပြီ”
Tin-“baby မစာတဲ့ အချိန်ရှိသေးလို့လား”
Can-“ကို ငြိုငြင်တာလား”
Tin-“မဟုတ်ရပါဘူးဗျာ”
ကန်တင်းကို ၃ ယောက်ထွက်ခဲ့တယ်။
ကန်တင်းရောက်တော့ Tin စားစရာတွေသွားမှာနေတုန်း Can က ကျွန်တော့်ဘေးနား ကပ်ထိုင်ရင်း တိုးတိုးလေး ကပ်မေးတယ်။
“pete မင်း ရည်းစားရနေပြီလား”
“မရပါဘူး”
“မညာစမ်းပါနဲ့ကွာ”
“မညာပါဘူး”
“အဲ့ဒါဆို မင်းနှုတ်ခမ်းက ဒဏ်ရာ ဘယ်လို ရလဲပြော”
“ကိုက်မိတာလို့”
“Pete ငါတို့က သူငယ်ချင်းတွေနော် မင်း အမှန်တိုင်းပြောလည်း မင်းကို ငြိုငြင်မယ့်သူ မရှိဘူး မင်း နှုတ်ခမ်းက ဒဏ်ရာက တစ်စုံတစ်ယောက်နဲ့ နမ်းလို့ ရတဲ့ ဒဏ်ရာဆိုတာ ငါသိတယ် ဒါမှ မဟုတ် မင်း အလိုမတူဘဲ……”
“မဟုတ်ဘူး ငါမင်းကို ညာတာ မဟုတ်ဘူး ငါ့ကိုယ်ငါလည်း ဘာလို့ ဒီဒဏ်ရာတွေ ရလဲ ဆိုတာ မသိဘူး ဒီထက်ပိုဆိုးတာတွေတောင် ရှိသေးတယ်”
“ဘယ်လို ပိုဆိုးတာလဲ”
ကျွန်တော် အကြောင်းစုံကို ရှင်းပြလိုက်တယ်။
“ဘာကြီးလဲကွာ ဘာမှမရှိဘဲ မင်းကို ဘယ်သူက သိမ်းပိုက်သွားတာလဲ”
“ငါလည်း ဘယ်လိုမှ စဉ်းစားလို့ကို မရတာ ငါခုချိန်မှာ သိတာက ငါ လူပျိုပျက်သွားပြီ ဆိုတာကိုဘဲ”
ခွမ်း!!!
Tin လက်ထဲက ကိုင်လာတဲ့ ပန်းကန်ကျကွဲသွားတာပါ ။ သူကျွန်တော်တို့ကို ကြောင်ပြီး ကြည့်နေတယ်။ သူ ကျွန်တော်တို့ ပြောတာကို ကြားသွားလို့ သတိလက်လွတ် ဖြစ်ပြီး ပန်းကန် လွတ်ကျသွားတာပါ။
Tin-“pete မင်းဘာပြောလိုက်တယ်”
pete-“Tin အဲ့ဒါကလေ”
Can-“ကို နောက်မှ baby ရှင်းပြမယ် ခုတော့ ကြားသလောက်ဘဲ သိထားဦး”
Tin အလိုမကျပေမယ့် Can ပြောတာကြောင့် ဘာမှ ဆက်မမေးဘဲ မှားထားတာတွေကို ကျွန်တော်တို့ကို ပေးတယ်။ ကျွန်တော်တို့စားပြီး အတန်းပြန်လာခဲ့တယ်။
ညနေ အတန်းဆင်းတော့ အိမ်ကို ပြန်ခဲ့တယ်။ အိမ်ရှေ့ရောက်တော့ အိမ်ထဲဝင်ဖို့ တွေဝေနေခဲ့တယ်။ မနေ့ကလို ထပ်ဖြစ်မှာကို ကြောက်တယ်။ ဒါပေမယ့် ကိုယ့်ကိုကိုယ် အားတင်းပြီး ဝင်ခဲ့လိုက်တယ်။ အိမ်ထဲမှာတော့ အရင်ကအတိုင်း ငြိမ်သက်နေဆဲ ။ ညနေစာတွက် ထမင်းနဲ့ ကြက်ဥလေး မွှေကြော်လိုက်တယ်။ ပြီးတော့ ပန်းကန်ထဲ ထည့်ပြီး အိပ်ခန်းထဲကို လာခဲ့တယ်။ ဒါကျွန်တော် လုပ်နေကျပါ။ ညနေစာကို အိပ်ခန်းထဲမှာ internet လေး သုံးရင်း စားလေ့ရှိတယ်။ ဒီနေ့တော့ internet  မသုံးဘဲ CCTV ကိုဘဲ ပြန်ကြည့်မိနေတယ်။ ဘယ်နှခါ ကြည့်ကြည့် အဖြေမထွက်။ တဖြည်းဖြည်းနဲ့ ဒေါသထွက်လာတယ်။ တကယ်ဆို ဘယ်သူကဘဲ ကိုယ့်ကို စော်ကား စော်ကား နည်းနည်း တော့ သိသင့်တာပေါ့။ ခုက စော်ကားတော့ ခံရတယ် ဘယ်သူ စော်ကားမှန်းမသိ။ ကျွန်တော်နေရာ မိန်းကလေးတစ်ယောက်ဆိုရင်တောင် ဘယ်သူ့ကို တာဝန်ယူခိုင်းရမလဲ။ ကျွန်တော် တွေးလေ ဒေါသထွက်လေ ဖြစ်လာရတယ် ။
“ငါကို လုပ်တဲ့ကောင် သတ္တိရှိရင် လူလုံးလာပြစမ်းပါ လုပ်ရဲရင်ခံရဲရမှာပေါ့ ဘာကြောင့် ဒီလို လုပ်တယ်ဆိုတာ မသိပေမယ့် စော်ကားခံရတဲ့ ငါ့အတွက်တော့ ငါ့ကို စော်ကားတာ ဘယ်သူဆိုတာ သိသင့်တယ် မဟုတ်ဘူးလား”
ဒေါသဖြစ်တာရော ရင်ထဲမှာမွန်းကျပ်လာရောကြောင့် စားပွဲပေါ်ခေါင်းမှောက်ပြီး ငိုလိုက်မိတယ်။
“ကို တောင်းပန်ပါတယ်”
“ဟင်”
ကျွန်တော် အသံကြားတော့ ခေါင်းမော့ကြည့်လိုက်တယ်။ လူတစ်ယောက် ကျွန်တော့်နားမှာ ရပ်နေတာ။
“ခင်ဗျား ဘယ်သူလဲ ဘယ်လို ဒီအခန်းထဲကို ဝင်လာတာလဲ”
“ကို တောင်းပန်ပါတယ်ကွာ”
“ဘာကို တောင်းပန်တာလဲ ခင်ဗျားက ဘာလုပ်ထား… မဟုတ်မှလွဲရော ခင်ဗျားက….”

see u next part
နည်းနည်း တိုမယ်ထင်တယ်။ သင်တန်းက project ကြောင့် မအားတဲ့ကြားက ရေးလိုက်ရလို့ပါ ။ ပေါ့သွားရင်လည်း သာသာ တောင်းပန်ပါတယ်နော်။

Pete က Ae ကို ခွင့်လွှတ်မှာလား ။
Ae က Pete ကို မပြောချင်တဲ့ အကြောင်းကရော ဘာလဲ ။ တာဝန်မယူချင်တာလား ။ အိမ်ရှေ့စံ ဖြစ်နေလို ယောက်ျားလေးနဲ့ ဖြစ်မိတာကို ရှက်နေတာလား ။ ဂုဏ်သိက္ခာထိန်းချင်တာလား။

Spirit lover(ဝိညာဥ်ချစ်သူ)(Complete)Donde viven las historias. Descúbrelo ahora