Episode-44

1.8K 136 25
                                    

(Zawgyi)

အခန်းငယ်​တစ်​ခု....။
တိတိကျကျ​ပြောရမည်​ဆိုလျှင်​ တစ်​ကိုယ်​တည်းအထီးကျန်​​နေသူ၏ ခိုလှုံရာ ရပ်​ဝန်းငယ်​တစ်​ခုပင်​....။

ဆေးလိပ်​အခိုးအ​ငွေ့တို့က အခန်း၏ 
လေထုအား ဖုံးအုပ်​ထားသည်​ဟု ဆိုရ​လောက်​သည်​အထိ ပြည့်​လွှမ်း​နေ​လေ
သည်​။ ပြင်​ပ​လေထုနှင့်​ အလင်း​ရောင်​တစ်​စွန်းတစ်​စမျှပင်​ အဝင်​မခံဘဲ ရှိရှိသမျှတံခါးတို့အား ပိတ်​ဆို့ထား​သော အခန်း
ငယ်​၏ ​ချောင်​ကျကျ​နေရာမှ ထိုင်​ခုံထက်​တွင်​ ငြိမ်​သက်​စွာထိုင်​​နေသူတစ်​ဦးရှိ​လေသည်​။

ခံစားချက်​ကင်းမဲ့​​သော မျက်​နှာ၊ ​မျှော်​လင့်​ချက်​မရှိသည့်​နှယ်​ ​ဖျော့​တော့​​နေ​သောမျက်​ဝန်းတို့နှင့်​ ထိုသူသည်​ ​လေနှင်​ရာလွင့်​​မျော​နေသည့်​ စိတ်​အစုံအား cigeratteမီးခိုး​ငွေ့တို့နှင့်​အတူ လွှတ်
်​ထုတ်​​နေ​သည့်​ပမာပင်​။

၂၈နှစ်​ဟူ​သော အရွယ်​သည်​ ​ယောကျာ်း​လေးတစ်​ဦးအတွက်​ တည်​ငြိမ်​ရင့်​ကျက်​ရမည့်​အရွယ်​ပင်​ ဖြစ်​​သော်​ငြား မည်​မျှပင်​ ကြိုးစား​စေကာမူ ချစ်​ရသူနှင့်​ မဆုံဆည်းနိုင်​​တော့မည့်​ ဘဝအ​ခြေအ​နေအား ​တွေးမိချိန်​တိုင်း ​ခံရခက်​လွန်း​သော ခံစားချက်​တို့က ​နေမာန့်​အား နှိပ်​စက်​​နေ​လေသည်​။

်​ပြင်​ပ​လောကနှင့်​ အဆက်​အသွယ်​ဖျက်​ရင်းပြန်​မလာနိုင်​​ချေ ၉၉%ရှိ​နေသည့်​ တစ်​​ယောက်​​သောသူအား ကျန်​၁%ဟူ​သော ​မျှော်​လင့်​ချက်​ယဲ့ယဲ့အား မဝံမရဲဆုတ်​ကိုင်​ကာ ​​​မျှော်​လင့်​​နေ​မိ​သော မိမိအဖြစ်​မှာ ရယ်​ဖွယ်​အတိ။

အခန်းငယ်​တစ်​ခုလုံးမှာ ​မှောင်​အတိပြီး၍ ဆိတ်​ငြိမ်​မှုက လွှမ်းခြုံထား​လေသည်​။
သူ့ စိတ်​တိုင်းကျ ​အဖြူ​ရောင်​သုတ်​ထားဖြစ်​ခဲ့​သော နံရံများ၊
သူ့​ခြေရာလက်​ရာတို့ပြည့်​နှက်​​နေ​သော အိမ်​ပတ်​ဝန်းကျင်​၊
ဘယ်​ကြည့်​ကြည့်​ မြင်​​ယောင်​မိ​နေ​သော သူ့ပုံရိပ်​တို့အား မြင်​ရ​လေ​လေ သူ့ထံပါး​ပြေးသွားလိုစိတ်​တို့က တားမရဆီးမရဖြစ်​​လေ​လေပင်​။

ComplicatedWhere stories live. Discover now