Episode-2

6.7K 397 43
                                    

(Zawgyi)

<<လွန်​ခဲ့​သော၂နှစ်

"Daddy​ရေ ဝသုန်​ဒီလလဲ စာ​မေးပွဲမှာ englishစာ C ရပြန်​ပြီ'' အိမ်​ထဲမ​ရောက်​ခင်​အသံနှင့်​ဆီး​အော်​ပြီး ကျွန်​​တော့်​ကိုအရှက်​ခွဲ​သော ယမုံ

Daddyက ဖတ်​လက်​စစာအုပ်​ကိုချပြီးကျွန်​​တော့်​ကိုကြည့်​သည်​။

"တခြားဘာသာရပ်​​တွေ​ရောဘယ်​လိုလဲသား?''

Englishသိပ်​ညံ့​သောကျွန်​​တော့ကို Englishစာ​အသင်​အပြ​ကောင်းသည်​ဟူ​သောကျူရှင်​မျိုးစုံ​ပြောင်းထား​ပေး​သည့်​ daddyကိုလဲကျွန်​​တော်​အားနာလှသည်​။

"ဟို တခြားဘာသာ​တွေ​တော့ Aရပါတယ်​ daddy''

ယမုံက​တော့ ​မေးစရာပင်​မလို ​မြောက်​ကြွ​မြောက်​ကြွနှင့်​ဝင်​လာသည်​မို့ ဘာသာစုံAရမှန်းသိသာသည်​​လေ။

အရင်​စိတ်​နဲ့ဆို ကျွန်​​တော့်​ကို Daddy
စိတ်​တိုပြီး ရိုက်​မှာဆို​ပေမယ့်​ ခု​တော့ သူလဲလက်​​လျှော့ထားပုံရသည်​။

Daddyက ကျွန်​​တော့ကိုကြည့်​ရင်း
"တခြားဘာသာ​တွေအဆင်​​ပြေတာပဲသားရယ်​ ပြီး​တော့ C ဆိုတာ ကျတာမှမဟုတ်​​သေးဘဲ ကြိုးစားကြည့်​လိုက်​ဦး''

"ဟုတ်​ကဲ့''
ကျွန်​​တော်​ပြန်​​ဖြေရင်း အခန်းထဲဝင်​လာခဲ့သည်​။

အခန်းထဲမှာ ကိုယ့်​ report cardကိုယ်​ကြည့်​ရင်းစိတ်​​တွေတို​နေမိသည်​။
English စာဆိုသည်​မှာလဲကျွန်​​တော်​နှင့်​မဟာရန်​သူလို့ပင်​ဆိုရ​လောက်​သည်
သချာင်္ပုစ္ဆာ​တွေဆို ဘယ်​​လောက်​များများစိတ်​ရှည်​လက်​ရှည်​တွက်​နိုင်​စဉ်းစားနိုင်​​သောကျွန်​​တော်​သည်​ Englishကို​တော့ အ​ခြေခံထဲကပင်​စိတ်​မဝင်​စားခဲ့​သော​ကြောင့်​ အခု ၈တန်းနှစ်​တွင်
အ​တော့်​ကို ဒုက္ခ​ရောက်​လှသည်​။

အထူးသဖြင့်​ Essay Letter​ရေးရချိန်​မျိုး ......
ခေါင်းစဉ်​​ပေးလျှင်​ အ​ကြောင်းအရာကိုလိုက်​ဖက်​ညီ​အောင်​ အနဲငယ်​စဉ်းစားတတ်​​ပေမယ့်​ English လိုချ​ရေးရင်​ဘယ်​ကစလို့ စရမှန်းပင်​မသိ​တော့။

ComplicatedWhere stories live. Discover now