ဒီလောက်ထိ ကြွေဂယက်ထနေတာကို မြင်ရဲ့သားနဲ့

အဆင်ပြေရဲ့လား တစ်ခွန်းမေးဖော်မရ…

အေးလေ… ဘယ်တုန်းကရော မေးဖူးလို့လဲ…

မမေးတော့လည်း ဖြေရသက်သာတာပေါ့ဟု တွေးလို့ရပေမယ့်

တစ်ခါတစ်လေ နာကျင်နေတဲ့အချိန် ဘေးကလူရဲ့ ဂရုစိုက်မိကို တမ်းတမိတာ… လူ့စိတ်မှာ ကျင့်သားရပြီးသား ကျင့်ဝတ်တစ်ခုလို

ဖြစ်နေတာလေ…

ဒါပေမယ့်…..

ကြွေ့အတွက်ကတော့…

ပင်ပန်းလို့ ပြေးဝင်ချင်ရင်တောင်…

အတင်းတိုးဝင်လာလို့ တားမရတဲ့ ကိုးမာန် ရင်ခွင်ပဲရှိတာကို…

အခုတော့…. အဲ့နေရာကတောင် သိပ်မရေရာတော့…

ကိုးမာန်…..

ကျွန်တော်ကလေ… ခင်ဗျားကို ချစ်နေရုံမဟုတ်ပဲ

အားကိုးချင်… တွယ်တာချင်တဲ့ စိတ်တွေပါ တိုးနေပြီလေ..

အဲ့ဒါကြောင့် ကျွန်တော်ကတော့… ခင်ဗျားကို လက်လွှတ်မှာ မဟုတ်ဘူး…...အဲ့ဒါကိုတော့ ယုံ….။

~~~~~~~~~~~~~~~~~~~~~~~~~~

တစ်ရက် ကနေ တစ်ပတ်လောက်ကြာတဲ့အချိန်ထိ

ကြိုးလေးဆီက ဘာအဆက်သွယ်မှမရတဲ့အခါ…

သွန်းမာန် စိတ်ပူလာရသည်။

ကြိုးလေးရဲ့ အကျင့်စရိုက်နဲ့ဆို ဒီလိုငြိမ်နေစရာ အကြောင်းမှ မရှိတာကို..

သူပြောလိုက်တဲ့ စကားတွေကြောင့် စိတ်မကောင်းဖြစ်ပြီး

တစ်ခုခုများဖြစ်နေသလား…..

ဒါမှမဟုတ်…

သူ့ကို တကယ်ပဲ စိတ်နာသွားပြီလား…

.

.

.

အေးလေ… .. ဒီလိုနဲ့ ပြီးသွားလည်းကောင်းတာပဲပေါ့

အလုပ်fiel ကိုရှေ့ချပြီး ကြိုးလေးအကြောင်းတွေးနေမိစဉ်…

Ph လာတော့မှ သွန်းမာန် သတိဝင်ပြီး phကိုင်လိုက်လေသည်။

ကွှကွေိုး ကြွေကြိုး
(Zawgyi+Unicode)Where stories live. Discover now