ဒီကောင်လေးနဲ့တော့ Bossမှာပြုံးတောင်မပြုံးရဲတော့ပါ။
"Boss ဘာပြောစရာရှိလို့လဲ?"
"Baekhyunne မနက်ဖြန်ပိတ်ရက် အိမ်မှာရှိမှာလား?"
အမေးစကားကြောင့် ခေတ္တငြိမ်ကျသွားသည်။ နောက်မှ
ခပ်ဖြည်းဖြည်းပင်ခေါင်းငြိမ့်ပြကာ"အင်း ရှိမယ် ။ ချိန်းထားတာမရှိဘူး"
"ok bae… ဒါဆို ကိုယ်အိမ်ကိုလာခဲ့မယ်"
"ဗျာ…………
ပိတ်ရက်မနက်ရောက်သည့်အခါ Baekhyunပုံမှန်ထက်
အစောကြီးနိုးနေသည်။ အိပ်ရာထဲကနေ မထရသေးပဲ
စောင်ကိုခေါင်းထိဆွဲခြုံပစ်လိုက်ကာမျက်စိစုံမှိတ်ထားပစ်
လိုက်သည်။"တကယ်ကြီးလာမှာလား?? ဘာလာလုပ်မှာတုန်း??"
မနေ့ညနေ ကားပါကင်မှာတွေ့ပြီး အိမ်သို့လာခဲ့မည်ပြော
သွားပြီးနောက် Baekhyunပင်ငြင်းချိန်မရပဲ မြန်ဆန်စွာ
ပင် Bossကလှည့်ထွက်သွားသည်။အမှန်တကယ်အိမ်သို့ရောက်ချလာလျှင်အဘယ်သို့ရှင်း
ရမည်နည်း။"အပြင်သွားလိုက်ရင်ကောင်းမလား?? တံခါးမဖွင့်ပေးပဲ
အိမ်ထဲမှာမရှိချင်ယောင်ဆောင်ရမလား??"အိပ်ရာထဲမှာလူးလိမ့်နေလျက် Baekhyunအော်ဟစ်နေ
သည်။မိနစ်အတော်ကြာသည့်တိုင်အောင် ထိုကိစ္စကို
ဘယ်လိုဖြေရှင်းရမည်မှန်း Baekhyunမတွေးတတ်တော့
ပါလေ။Luhan့ကိုဖုန်းဆက်ပြောရကောင်းမလားတွေးမိပေမဲ့
ဂျီကျတတ်သည့်ကလေးနှင့်တူနေမှာဆိုးသဖြင့်
ဖုန်းမဆက်မိ။ ဒီလိုနဲ့ဖြစ်ချင်ရာဖြစ် သဘောပိုက်ကာ
အိပ်ယာထဲမှထရင်း Baekhyun တအိမ်လုံးကို
သန့်ရှင်းရေးစလုပ်လေသည်။လပေါင်းများစွာပစ်ထားသည့်အိမ်သည် အတော်ရှင်း
ူယူရပြီး နေ့လည်လောက်ကျမှ အတော်တန်ရှင်းလင်းသွားသည်။ ရေမိုးချိုးကာ မနက်စာနှင့်နေ့လည်စာပေါင်းစား
မည်ပြင်သည့်နောက် အချိန်က နေ့လည်နှစ်နာရီဖြစ်နေ
လေပြီ။"ငါ့ကိုစသွားပြန်တာလား? တကယ်လည်းမလာပဲနဲ့"
ပန်းကန်လုံးထဲမှထမင်းဖြူဖြူတို့ကိုတူဖြင့်ဆွပြီး
Baekhyun ရှင်းလင်းနေသည့် သူ့အိမ်ကိုတချက်ဝေ့
ကြည့်လိုက်သည်။
YOU ARE READING
Notice : We are in a relationship
Fanfiction- ကျွန်တော်တို့နှစ်ယောက်ကြား ဝင်လာတဲ့သူ ၊ ဝင်လာတဲ့အရာ မှန်သမျှကို ကျွန်တော်က ဒီအတိုင်းကြည့်နေမှာ မဟုတ်ဘူးဆိုတာ သိထားပါ - - ကျွန်တော်တို့နှစ်ယောက်ကြား ဝင်လာတဲ့သူ ၊ ဝင်လာတဲ့အရာ မှန်သမျှကို ကျွန်တော်က ဒီအတိုင်းကြည့်နေမှာ မဟုတ်ဘူးဆိုတာ သိထားပါ -
Act 11 : Jealousy
Start from the beginning