Act 11 : Jealousy

Start from the beginning
                                    

စားပွဲပေါ်ရှိသမျှ ပစ္စည်းတွေ အိတ်ထဲကောက်ထည့်နေ၍
ဘေးနားလာရပ်သောLuhanကပင် မလိုသည့်ပစ္စည်းများ
ကိုအိတ်ထဲမှပြန်ဆွဲထုတ်ကာ

"Ya Byun Baekhyun ဘာတွေဖြစ်နေတာလဲ?"

"ဟမ်…ဘာလဲ ဘယ်သူလဲ ဘာဖြစ်လို့လဲ"

စကားတွေတောင်စဉ်ရေမရပြောနေ၍ Luhan
မျက်မှောင်ကျုံ့လျက်ကြည့်လိုက်သည့်နောက် Baekhyun ချက်ချင်းအကြည့်လွှဲကာ အိတ်ကောက်လွယ်
ပြီးဌာနတွင်းမှခပ်သွက်သွက်ထွက်သွားသည်။

နောက်ကနေဘာစကားမှမပြောပဲ တောက်လျှောက်လိုက်
လာသည်မှာ ကားပါကင်သို့ပင်ရောက်လာသည်။

ဘယ်လိုပဲသူငယ်ချင်းဖြစ်နေပါစေ။ ထိုသို့စကားတခွန်းမှ
မပြောပဲလိုက်လာသည့်နောက် Baekhyunနောက်ကျော
မလုံချင်တော့ပဲ

"Yaa……အယ်"

နောက်မှာမြင်လိုက်ရသူက Luhanမဟုတ်ပဲ Boss
Park Chanyeolဖြစ်နေသည်။ Bossသည်ပြုံးပြပြန်ကာ

"Luhanကနောက်မှSehunနဲ့ကျန်ခဲ့တယ်"

"သြော် ဟုတ် သွားလိုက်ပါဦးမယ် Boss"

"အာ……နေပါဦး"

ရှောင်ပဲပြေးချင်နေသည့်ကောင်လေးကို
လက်ကောက်ဝတ်ကနေ ဖမ်းဆွဲထားရင်း Bossတား
လိုက်သည်။

မရုန်းပေမဲ့ လက်သီးလေးကိုတင်းနေအောင်ဆုပ်ထား
သည်မှာ အသည်းယားဖွယ်အတိ။ အားတချက်သုံးပြီး
အနားကိုဆွဲယူလိုက်သည့်နောက် သူ့ဘက်ကိုအနည်းငယ်
သာယိုင်လာသည်။

ယောက်ျားလေးကိုကြိုက်ရသည်မှာ အဲ့တစ်ခုတော့သိပ်
မကောင်း။ ကိုယ့်နည်းတူ သူလည်းအားသန်သည့်အတွက်
စိတ်ရှိတိုင်းဆွဲလားယမ်းလားလုပ်မရပါလေ။

"Boss အလကားနေ ကျွန်တော့်ကိုအားသုံးပြီးမဆွဲနဲ့
ကျွန်တော်မကြိုက်ဘူး ဆွဲထိုးပစ်မှာ"

"ဟက် အေးပါကွာ"

ခြိမ်းလည်းခြိမ်းခြောက်တတ်သေးသည်။ လက်သီးက
လည်းတကယ်အားပြင်းသည့်အတွက် Boss ဆွဲဆုပ်
ထားမိသည့်လက်ကောက်ဝတ်ကိုအသာလွှတ်ပေးလိုက်
ပါသည်။

လွှတ်ပေးလိုက်သည့်လက်ကောက်ဝတ်ကိုဖိကိုင်လိုက်ပြီး
Bossကိုမျက်လုံးချင်းဆုံအောင်ကြည့်လာသည်။ပြုံးပြ
လိုက်တော့ အကြည့်လွှဲသွားသည်။

Notice : We are in a relationship Where stories live. Discover now