Act 11 : Jealousy

Start from the beginning
                                    

သွားပြီဆိုသောအသိက အတွင်းရေးမှူးKimမျက်နှာကို
ဖြူဖျောသွားစေသည်။ ကောင်မလေးလက်ကို
လိမ်ချိုးတော့မှာလား??

ဒါပေမဲ့ အတွင်းရေးမှူးKim ကြားလိုက်ရတာက

"It is pleasure to meet you, Ms.Chirathivat. I am Park Chanyeol. If I don't take it wrong, you come here to meet with me, Right?"

"Oh…, Mr.Park . and yes I could not make to attend last meeting that's why I come here"

စကားလက်ဆုံကျသွားကြသည့်နှစ်ယောက်ကိုကြည့်ပြီး
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကြသူမှာ
Baekhyunနှင့်အတွင်းရေးမှူးKimဖြစ်သည်။

ယောင်ယောင်မှားမှားဖြင့်အတွင်းရေးမှူးKimပြုံးပြလိုက်
သည့်နောက် Baekhyunသည်လည်း အလျင်အမြန်ပြန်
ပြုံးပြလာသည်။ ထို့နောက် နှစ်ယောက်လုံးမျက်နှာလွှဲ
လိုက်ပြန်သည်။

ဒါဘယ်လိုအနေရခက်မှုကြီးလဲဟု Baekhyun တွေး
လိုက်သည်။

ရည်းစားဟောင်းနှင့်Bossကိုတနေရာတည်းမှာတွေ့နေ
ရတာ။ သူဘယ်လိုတုံ့ပြန်ချက်ပေးရမလဲ မသိတော့။

မတ်တပ်ရပ်နေလဲ အကျိုးသိပ်မထူးသည့်အတွက် Boss
နှင့်အတွင်းရေးမှူးကို အမြန်အဆန်ပင်ခေါင်းညိမ့်နှုတ်
ဆက်ပြီးလှည့်ထွက်ဖို့ပြင်သည့်အချိန် Moonက သူ့လက်
တဖက်ကိုလှမ်းဆွဲလာပြန်သည်။

Baekhyunအော်ပင်ငိုချင်သွား၏။Bossကအဲ့ဒီလက်
တဖက်ကိုကြည့်နေခဲ့သည်ပဲ။

"ညကျဖုန်းဆက်လိုက်မယ်။ Byun အရင်နံပါတ်ပဲမလား"

"အော်အော် အေး"

ခပ်သွက်သွက်ပင်စကားစဖြတ်ပြီးBaekhyunလှည့်ထွက်
ခဲ့သည်။

နောက်ကျောသိပ်မလုံချင်သောကြောင့် ပြန်လှည့်ကြည့်
မိသည့်အခါ Bossမှာ သူ့ကိုစိုက်ကြည့်နေပြန်ပါသည်။

Baekhyunနှင့်မျက်လုံးချင်းဆုံပြီးပြီးချင်း လှစ်ကနဲမြောက်
တက်လာသည်မှာ နှုတ်ခမ်းထောင့်စွန်းဖြစ်သည်။
ထိုအပြုံးကြောင့်ရင်တွေအခုန်လွန်ပြီးခြေလှမ်းမှားတော့
သည်။ အခြေအနေပိုမဆိုးခင်မှာ Baekhyunတစ်ယောက်
ဓာတ်လှေကားထဲအပြေးဝင်ပါတော့သည်။

…………………………

ရင်အတုန်မပျောက်သေးသော Baekhyun အလုပ်လုပ်
သမျှ တလွဲတွေချည်းဖြစ်နေ၍ အယ်ဒီတာချုပ်က အားလုံး
ကိုအလုပ်စောစောပေးဆင်းလိုက်သည်။

Notice : We are in a relationship Where stories live. Discover now