ထောင့်စွန်းဘက် စားပွဲရောက်တော့ အသင့်စောင့်နေတဲ့ လူကြီး တစ်ဦးကိုပါ တွေ့လိုက်ရလေသည်။

Roy လည်း ဘာမှ သိပ်တွေးမနေတော့ပဲ နီးစပ်ရာ စားပွဲဝိုင်းမှာ ကျောခိုင်းလျက် ဝင်ထိုင်လိုက်သည်။

အနည်းဆုံးတော့ ဘာအကြောင်းတွေပြောလဲ သိရမှပါ..

..

..

“ ဘာအကြောင်းပြောမလို့ ထပ်ချိန်းရပြန်တာလဲ ဦးမင်းနောင်ကြိုး..’’

သွန်းမာန်ကပဲ စိတ်မရှည်စွာ စကားစလိုက်သည်။

အပြီးသတ်ချင်တဲ့ စိတ်နဲ့သာ လာရပေမယ့် တကယ်တမ်းက ဒီလူနဲ့တွေ့ချင်တာတောင် မဟုတ်တော့..

“ ကျွန်တော့်ကို ထပ်ပြီး ခြိမ်းခြောက်နေဦးမယ်ဆိုရင် ကျွန်တော်သည်းခံ

မှာ မဟုတ်ဘူးနော် ‘’

သွန်းမာန် ပြောနေသည့်တိုင် ဦးမင်းနောင်ကြိုး ရော ဦးမျိုးမင်းပါ ဘာစကားမှ ပြန်မပြောကြ…

“ ကျွန်တော် အချိနိသိပ်မရဘူး ‘’

“ အဲ့နေ့က မင်းသာ ငါရဲ့ ၃ လပြည့် မင်္ဂလာနှစ်ပတ်လည်ပွဲကို လက်လွတ်စပယ် ရောက်မလာခဲ့ရင် ဒီနေ့ ငါတို့ တွေ့စရာမလိုလောက်ဘူး ထင်တယ် သွန်းမာန်သစ်…’’

ရုတ်တရက်ကြီး အရင်ကအကြောင်းကို အစပြန်ဖော်လာသော ဦးမင်းနောင်ကြိုးကို သွန်းမာန် ထိတ်လန့်စွာ ကြည့်လိုက်မိသည်။

“ ငါ့ရှေ့ကို ရုတ်တရက်ပေါ်လာပြီး ငါ့ဘဝကို ကမောက်ကမ ဖြစ်အောင်

လုပ်ခဲ့တဲ့မင်းကို ငါအရမ်းမေးချင်တဲ့ မေးခွန်းရှိခဲ့တယ်

ငါနဲ့ မင်း ရန်ငြိုးများရှိခဲ့လို့လား ဆိုပြီး မေးချင်ခဲ့တာ…

ဖြေပေးမလား သွန်းမာန်သစ်..’’

“ မရည်ရွယ်ခဲ့ပါဘူး….. ဒီလိုတွေ မှားယွင်းမယ်မှန်းသိရင်

နည်းနည်းလေးတောင် အစပြုခဲ့မိမှာ မဟုတ်ဘူး…. အဲ့စိတ်နဲ့ကျွန်တော် coma ကနေ နိုးထလာခဲ့ချိန်မှာတောင် ခင်ဗျားကိုပဲ အားနာနေခဲ့တာ…’’

“ အဟက်… . အားနာရုံပဲလား သွန်းမာန်သစ်ရယ် ငါ့နေရာကနေလည်း

ကွှကွေိုး ကြွေကြိုး
(Zawgyi+Unicode)Where stories live. Discover now