အပိုင်း (ခုနှစ်)(Zaw+Uni)

Start from the beginning
                                    

တခါတရံကျ ချစ်မြတ်နိုးခြင်းတွေက သဘာဝတရားကို လွန်ဆန်လာတဲ့အခါ ပျက်စီးစေနိုင်တဲ့အခါ

ထိုအရာကို အနီးကပ်နှစ်သက်ခြင်းထက် အဝေးကနေလှပခြင်းကို မျှော်ငေးနေရတာ ပိုသဘောကျတတ်လာတယ်

မြတ်နိုးခြင်းတွေ မှာ အစ်ကို့အပြုံးတွေပဲ ပါတယ်

မြတ်နိုးခြင်းတွေမှာ အစ်ကို့နာကျင်ခြင်းတွေ ကင်းရှင်းစေမယ်

မြတ်နိုးခြင်းတွေမှာ အစ်ကို့အပေါ် ထိခိုက်စေခြင်းတွေ ဖယ်ရှားစေမယ်

မြတ်နိုးခြင်းတွေမှာ အစ်ကိုဆိုတဲ့ တိမ်ဖြူဖြူလေး လှပစွာ ကောင်းကင်မှာပဲ တည်နေစေချင်တယ်

ကျွန်တော်မြတ်နိုးသော သဘာဝတရားက မြတ်နိုးခြင်းတွေကြောင့် လှပပါစေ အစ်ကို...။

°°°°°°°°°°°°°°°°°°°°°°♥°°°°°°°°°°°°°°°°°°°
"Wow...မိုက်တယ် ''

ကျောပိုးအိတ်အဖြူလေး အား လွယ်လို့ နားကျပ်လေးတစ်ဖက်တည်းတပ်ကာ ကျောင်းဝန်းထဲလျှောက်လှမ်းလာစဉ် ကျောင်းသားအချို့၏ အော်သံကြောင့် Jun လှမ်းကြည့်မိသည် ။

ဘေးမှာ ကျောင်းသားကျောင်းသူတွေ ဝန်းရံနေသည့်ကြား၌ အစ်ကိုရယ် မမ လှလှတစ်ယောက်ရယ် ရှိနေသည် ။

ဘယ်ဘတ်ရင်ဘတ်က နှလုံးသားငယ်၏ စေစားမှုကြောင့် ရှူးအဖြူလေးပိုင်ရှင်ခြေလှမ်းတွေက ထိုနေရာ၌ ရပ်တန့်နေခဲ့သည် ။

" YiXing ငါ နင့်ကိုချစ်နေတာကြာပြီ ငါ့အချစ်ကို လက်ခံပေးပါနော် ''

ကိတ်မုန့်သေးသေးအားကိုင်ထားသည့်မမက အစ်ကို့ရှေ့၌ မဝံ့မရဲ လေးရပ်ကာ ချစ်ခွင့်ပန်နေသေည် ။

ဆံနွယ်ရှည်ရှည်လေးတွေက ခါးထိရှည်ကာ မရိုးမယဉ် အဝတ်အစားလေးတွေကိုသာ ဝတ်ဆင်တတ်သည့်မမကို Jun သိပါသည် ။

Jun တို့မေဂျာက အစ်ကိုနဲ့တစ်နှစ်တည်း စီနီယာမမ မီယွန်း က အစ်ကိုနဲ့ သိပ်လိုက်ဖက်လှပါသည် ။

မြတ်နိုးရာ...သူWhere stories live. Discover now