"ဦးလေး အရမ်းသဘောကျလို့ ပုံစံတူကူးရေးပြီး မှန်ဘောင်သွင်းခိုင်းထားတာ။ ဒီတည်းခိုခန်း စဖွင့်ကတည်းကလေ။ ကြာလှရောပေါ့။"

လူငယ်သည် စကားတစ်ခွန်းမှမကြားသလို တုံ့ပြန်မှုမရှိဘဲ တည်းခိုခန်းအပြင်ဘက်သို့ လှမ်းကြည့်နေသည်။ တည်းခိုခန်းပြင်ပတွင် အခြားရွယ်တူလူငယ်များ နှစ်ယောက်တစ်ဖွဲ့၊ သုံးယောက်တစ်ဖွဲ့ စကားပြောကာ နောက်ပြောင်နေကြသည်။ သူတို့အားလုံးသည် ၁၈၊ ၁၉ နှစ်ဝန်းကျင်ဖြစ်ပြီး လာရောက်ကြိုဆိုမည့် ကားကြီးများကို စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။

"ကျောင်းလေ့လာရေးခရီးဆိုတာ အင်မတန် ပျော်စရာကောင်းတာပဲကွ။ ဦးလေးတို့တုန်းကလည်း..."

လူငယ်သည် ခင်မင်ရင်းနှီးချင်ပုံရသည့် တည်းခိုခန်းပိုင်ရှင်၏ စကားကို အဆုံးထိ နားမထောင်။ နံရံတွင် ဘောင်ခတ်ချိတ်ထားသော စာတမ်းကို နောက်တစ်ဖန် စူးစိုက်ကြည့်ပြီးသည့်နောက်မှာတော့ ခြေရင်းနားမှ ကျောပိုးအိတ်ငယ်ကို လှမ်းယူကာ ထိုင်နေရာမှ မတ်တတ်ရပ်လိုက်သည်။

.....................

လှေကားတစ်ဝက်အရောက်မှာ ကုတ်အကျီင်္အိတ်ကပ်ထဲ လက်ထိုးထည့်ပြီး မာကို မျက်နှာရှုံ့မဲ့သွားသည်။ ကားသော့က အိတ်ကပ်ထဲမှာ မရှိ။

အသက် ၆၀ ဆိုသည့်အရွယ်သည် အဘိုးအိုတစ်ယောက်ဟု မခေါ်တွင်နိုင်သေးပါ။ ဒါက သူ့ရဲ့ ယုံကြည်ချက်ဖြစ်သည်။ ဖခင်ဖြစ်သူ အသက် ၆၀ ပြည့်တုန်းက ငါ့အဖေ အိုလှပြီဟု တွေးခဲ့မိပေမယ့် မိမိ အသက် ၆၀ ပြည့်ခါနီးအချိန်မှာတော့ ငါ လူလတ်ပိုင်းအရွယ်ပဲ ရှိသေးတယ်ဟု ယုံကြည်နေသည်။ ဒါပေမဲ့ မှတ်ဉာဏ်ဦးနှောက်ကိုတော့ လိမ်ညာချင်လို့မရ။ သတိမေ့တတ်သည်မှာ အကျင့်တစ်ခုလိုပင် ဖြစ်နေပြီဖြစ်သည်။

သက်ပြင်းတစ်ချက်ချရင်း လှေကားထစ်များပေါ် ပြန်တက်ခဲ့သည်။ မိမိတစ်ဦးတည်း နေထိုင်သော တိုက်ခန်းသည် မြင်မကောင်းအောင် ရှုပ်ပွနေသည်။ ဝတ်ပြီးသား ရှပ်အကျီင်္ဟောင်းများ၊ ဘောင်းဘီရှည်များသည် ဧည့်ခန်းထိုင်ခုံများပေါ်တွင် အပုံလိုက် ဖြစ်နေသည်။ ဆိုဖာရှေ့ရှိ စားပွဲဝိုင်းလေးပေါ်တွင်လည်း မနေ့ညက စားလက်စ ပစ်ထားခဲ့သော ပီဇာဘူးခွံများ၊ ဘီယာပုလင်းခွံများနှင့် ဖြစ်သည်။ အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက် လိုအပ်သည်ဟု မကြာခဏ တွေးမိပေမယ့် အမျိုးသမီးများနှင့် ခြောက်လ၊ တစ်နှစ်ထက်မပိုသော ရင်းနှီးမှုများကြားမှာ သူသည် ယခုအချိန်အထိ တစ်ကိုယ်တည်းသမားဖြစ်နေသည်။

ထာ၀ရ ပုံပေWhere stories live. Discover now