Mommy က ဘာလို့ ကြွေရှိရာကို ကြည့်တာလဲ?

ကြွေ ငေးနေတာကိုများ သိသွားလို့လား?

မျက်ဝန်းတွေကိုက နားလည်ရခက်နေသော mommy… .

ဟင့်အင်း… မသိချင်ပါ

ဒီအချိန်ကျမှ ကြွေ ဘာကိုမှ မသိချင်တော့ပါ…

ကြည့်ချင်သလိုသာ ကြည့်ပြီး….

ခံစားချင်သလိုသာ ခံစား mommy…

ကြွေ မှာ မိသားစုဆိုတာနဲ့ပတ်သတ်ရင် ဘာမှမကျန်တော့ဘူး..

အဲ့ဒါ အမှန်တရားပဲ…

ကြွေ ဘာမှဆက်မတွေးတော့ပဲ ph လေး ကိုင်လျက် အောက်ထပ်ဆင်း

လာခဲ့လိုက်သည်။

ဆင်းလာတဲ့ ရည်ရွယ်ချက်က ရေသောက်ဖို့ ဆိုပေမယ့်

ထမင်းစားခန်းထဲ ထိုင်နေတဲ့ Daddy ကို မြင်လိုက်ရတဲ့ခဏ

ကြွေ့ခြေလှမ်းတွေ တုံ့ဆိုင်းသွားရလေသည်။

အခုတလော…

Daddy နဲ့ပတ်သတ်ရင် ကြွေ့ခံစားချက်တွေ သိပ်မကောင်း…

Daddy စကားသံကို ကြားတိုင်း ကြွေ့ မသိစိတ်က တစ်ခုခုကို

ပူပန်သလို ဖြစ်ဖြစ်နေရတာ….

ဒါကြောင့်လည်း… . Daddy နဲ့ စကားပြောဖို့ကို ကြွေ ဝန်လေးနေမိတာပါ..

ကြွေ Daddy ကို လျစ်လျူရှုပြီး စားပွဲဆီလျှောက်သွားကာ..

ရေဘူးထဲက ရေကို ဖန်ခွက်ထဲငဲ့ထည့်နေစဉ်..

“ ဒီနေ့.. ဟိုဘက်အိမ်မှာ ဂုဏ်ရောင့် စေ့စပ်ပွဲရှိတယ်တဲ့ ‘’

ရေရွတ်သလို ခပ်တိုးတိုးစပြောလာတဲ့ Daddy စကား…..

“ အဲ့ဒီတော့.. ‘’

ကြွေ ရေခွက်လေးကို ကိုင်ရင်း မေးခွန်းပြန်ထုတ်လိုက်သည်။

“ ကြွေ့ကိုရော.. အဲ့လိုမြင်ကွင်းမျိုး Daddy ဘယ်တော့လောက် မြင်ရမလဲ?’’

ခွီး…

မေးခွန်းသံအဆုံးမှာ အချိန်ကိုက် ခွီခနဲ ထွက်လာတဲ့ ကြွေ့ရယ်သံကြောင့်

Daddy မျက်မှောင်ကျုံ့သွားရလေသည်။

ကြွေ မရယ်ပဲနေမလား…

ကွှကွေိုး ကြွေကြိုး
(Zawgyi+Unicode)Where stories live. Discover now