ဆရာ အိုပြီ (နိဒါန်း)
8.7K 445 5
ငါက နောက်​ဆုံးကျန်​တဲ့ ရှေးနတ်​ဘုရား...
စစ်​နတ်​ဘုရားမအဖြစ်​ ယုံထား ကိုးကွယ်​ခံခဲ့ရသူ...
ငါ့ဘဝသက်​တမ်းတစ်​ဝက်​ကျော်​ကို တိုက်​ပွဲတွေ ဆင်​နွှဲရင်း ဖြတ်​သန်းခဲ့ရတယ်​။ သုံးလောကတစ်​ခွင်​ ငြိမ်းချမ်းအေးဆေးသွားတဲ့နောက်​တော့ ငါ အလုပ်​လက်​မဲ့ဖြစ်​ရောပေါ့...
ငါ ဘယ်​လောက်​အထိ ရှင်​သန်​နေထိုင်​ခဲ့တယ်​ဆိုတာတောင်​ ငါ မေ့သွားခဲ့ပြီ။
ငယ်​ရွယ်​ပျို မြစ်​မှုရဲ့ ပျော်​ရွှင်​ချမ်းမြေ့မှု၊ ဆင်းရဲမှုရဲ့ ချွတ်​ခြုံ နုံချာမှုတွေ၊ ဘဝ သံသရာ အကြိမ်​ကြိမ်​အဖန်​ဖန်​ လည်​ပတ်​နေတာတွေ ငါ တွေ့ဖူးခဲ့ပြီ။
အချိန်​တွေ ကြာလာတာနဲ့အမျှ လောကီရေးရာတွေကို ငါ ပိုစိတ်​ကုန်​လာမိတယ်​။
ငါ ထင်​တယ်​... ငါ စုတေရတော့မယ့်​နေ့ သိပ်​မဝေးတော့ဘူးလို့...
ဒါပေမယ့်​ ကောင်းကင်​အလိုတော်​က ငါ့ကို ငြိမ်းချမ်းအေးဆေးစွာ ထွက်​သွားခွင့်​ မပေးချင်​လို့နဲ့ တူရဲ့။
ဂူသချ င်္ိုင်းကို ခြေလှမ်းနေချိန်​ ငါ့ဘဝထဲကို ဇာတ်​ဖုံအသစ်​တွေ ထပ်​ထည့်​ပေးလိုက်​ပြန်​ရော...
နွေဦးဂိမာန်​လို အရောင်​အသွေးစုံလင်​နေလို့...
သုံးလောကတစ်​ခွင်​ အားလုံး သိကြတဲ့. . .
ငါ့မျက်​နှာကြီး...
ဆရာ ဝတ္ထုတိုများ (ဆရာ အိုပြီ)Where stories live. Discover now