Part-14

5.1K 338 33
                                    

🐇🐇🐇🐇🐇🐇🐇

Jinသည် သူ ဦးစီးလုပ်ကိုင်ရသည့် Hotelတွေတွင် တစ်ပတ်ကို တစ်ရက်တော့ စားဖိုဆောင် ဝင်တတ်သည်။

ဒီနေ့လို စိတ်ပင်ပန်းသည့် နေ့မျိုးတွေဆိုလျှင် သူ၏ အာရုံစိုက်မှုအစုစုကို ချက်မည့်ဟင်းအမယ် တွေအပေါ်မှာသာ စုစည်းလိုက်ရင်း ခေါင်းထဲမှ စိတ်မသက်သာဖွယ် တွေးတောနေမှုများကို ခဏမေ့ဖျောက်ကာ ချက်ပြုတ်တတ်သည်။

ထိုနေ့ ညနေက Jinသည် အရင်နေ့တွေ ထက် အိမ်ပြန်ချိန် နောက်ကျခဲ့သည်။
.
.

အိမ်တံခါးကို ဖွင့်ဝင်ပြီး စီးထားသည့်ဖိနပ်ကို ဘယ်လက်တစ်ဖက်ဖြင့်သာ ချွတ်နေလိုက်သည်။

ကျန်ညာလက်က ဒီနေ့ စားဖိုဆောင်ဝင်ရာမှ စိတ်နဲ့ လူ မကပ်လိုက်သည့်အခိုက်အတန့်တွင် ကြက်သွန်လှီးရင်း ဓားဖြင့် ရှလေသဖြင့်လှုပ်လို့ သိပ်မရချေ။

တစ်ဖက်တည်းဖြင့် ချွတ်နေရတာ ဘယ်လိုမှ
အဆင်မပြေသဖြင့် စိတ်ပျက်စွာဖိနပ်ကိုသာကြည့်နေမိခိုက် ဖိနပ်ကြိုးပေါ်သို့  လက်ဖြူဖြူလေး နှစ်ဖက်က
ရောက်လာလေသည်။

မျက်လွှာလေးကို အောက်သို့ ချထားပြီး ဖိနပ်ကြိုးဖြည်ခြင်းကိုသာ ဂရုစိုက်လုပ်ပေးနေလေသော အိမ်ရဲ့ အထွေးလေး။

ဘယ်လောက် ငိုထားသည်မသိ မျက်လုံးလေးတွေက အခုထိ ရဲရဲလေးတွေ နဲ့ အနည်းငယ် ဖောင်းနေသည်။

နှာခေါင်းရှုံ့ပွပွလေးကလည်း နီနေဆဲ။

နှုတ်ခမ်းဖူးဖူးနီနီလေးတွေကလည်း ချစ်စဖွယ် ယုန်သွားလေးတွေကို မမြင်ရအောင် ဖုံးကွယ်ထားပြန်သည်။

ကြည့်နေရင်း မှာပင်Jin ခြေထောက်တွေကို လေအေး တစ်ချက်တိုက်ခတ်သလိုဖြစ်လာသဖြင့်
ကြည့်လိုက်တော့ နှစ်ဖက်လုံးတွင်
ဖိနပ်ချွတ်ပြီးသားဖြစ်နေသလိုခြေအိတ်လေးတွေကိုပါ ချွတ်ထားပြီးနေပြီ။

Jinလက်ထဲမှ အိတ်ကိုပါ လက်လှမ်းလာသဖြင့် ပေးမယ်ကြံလိုက်ပြီးမှ ဖျတ်ခနဲ မြင်လိုက်ရသည်က
ဘယ်ဘက် လက်ဖဝါးနုနုလေးပေါ်မှ သွေးခြေဥနေလေသော အရာများ..

"လက်ပေါ်ကဟာတွေက ဘာတွေလဲ kookie!"

Jinမေးလိုက်တော့သားငယ်က ထိုလက်ကို Jinမမြင်အောင် ကျန်လက်တစ်ဖက်ဖြင့် အသာ အုပ်ကိုင်လိုက်ရင်း

 Dads & Their Little Baby KookWhere stories live. Discover now