Part-11

5K 371 37
                                    

🐥🐇🐥🐇

Papajinလာတိုက်သော..ဆန်ပြုတ်နှင့် ဆေးတွေကို သောက်ပြီးနောက်...လူက နုန်းနေသေးသဖြင့် Jiminတစ်ယောက်..အိပ်ယာပေါ် တွင် ခဏ
ပြန်မှေးနေမိသည်။..

ထိုအချိန်တွင်..အခန်းတံခါးကို ဝုန်းခနဲ မြည်အောင် တွန်းဖွင့်လိုက်သံကို ကြားလိုက်ရသည်နှင့်အတူ..

"ဒေါက်"

"အား!!Appa..နာတယ်..ဟင့်"

Kookie နဂိုတည်းက ငိုချင်နေပါတယ်ဆို..appaက ခေါင်း လာ ခေါက်လေတော့..မျက်ရည်တွေက ကျလာရပြီ။

"နာပါစေ။ သားMin နေမကောင်းလို့..အသံမကြားအောင် သွား..ဆိုတာကို..တံခါးကို ဘယ်လို ဖွင့်လိုက်သလဲ.ဟမ်!"

"သား..က..ကိုကို့ ကို စိတ်ပူလို့ပါ..ဆို.."

Appaက ကုတင်နား အရင်ရောက်လာကာ..

"သားငယ်! ဘယ်လိုနေသေးလဲ။ သက်သာရဲ့လား။"

"ဟုတ်!သက်သာပါတယ် Appa"

"ဘာစားဦးမလဲ။ မအိပ်ခင်လေး..တစ်ခုခု စားပါဦးလား ညဆေးလည်း သောက်ရဦးမယ်မလား။ Appa ကိတ်မုန့်ဝယ်လာတာ ရှိတယ် milkလေးနဲ့ သောက်မလား။ Appaသွားယူပေးမယ်လေ"

"ဟုတ် Appa စားမယ်"

"အေး အေး ဒါဆို paသွားယူလိုက်မယ်"

"nae!!"

Appaထွက်သွားတော့..ငမွှေစိန်က...တစ်ရွေ့ရွေ့ ကုတင်နား ကပ်လာကာ..လူကို မဝံ့မရဲ အသာ ခိုးကြည့်လာသည်။.

ဘာလဲ..ဆိုတဲ့ သဘောနဲ့ မေးတစ်ချက် ဆတ်ပြလိုက်တော့..

ဟင့်ခနဲ တစ်ချက် ရှိုက်လိုက်ရင်း..ကုတင်ပေါ်ခုန်တက်လာကာ..လူ ကို အတင်း လာဖက်ပြီး ငိုတော့သည်။

"ငယ်လေး!!ဘာလို့ ငိုတာလဲ။ ကိုကို့ ကို ခဏ လွှတ်ပေးဦး။ ကိုကို အသက်ရှူ လို့ မရတော့ဘူး"

လူက ခု မှ သက်သာခါစကို အားနှင့် ဆွဲဖက်ထားလေတော့ အသက်ရှူ တွေက ကျပ်လာရသည်။

ပြောလိုက်တော့မှ ဖက်နေသော လက်တို့ကို ဖယ်လိုက်ပြီး ဘေးကနေ ထိုင်ငိုလေတော့သည်။

"Kookie! ဘာဖြစ်လို့လဲ။ ကိုကို့ ကို ပြော "

"ဟင့်..ကိုကို!! ကိုကို အခုလို ဖြစ်ရတာ
kookieကြောင့်ပါ။kookie ဆိုးလွန်းလို့ အခုလိုတွေကိုကို နေမကောင်းဖြစ်ရတာ။..
Kookie သာ..ဟင့် Sejoonကို သွား မ စ ခဲ့ရင် ဒီလိုတွေ ဖြစ်ရမှာ မဟုတ်ဘူး။ ဟင့်..
ကိုကိုလည်း ရန်ဖြစ်ရမှာ မဟုတ်ဘူး။
ဟင့် ကိုကို ရန်မဖြစ်ရင် Daddyလည်း စိတ်ဆိုးမှာ မဟုတ်ဘူး။ အခုတော့ kookieကြောင့်..
kookieကြောင့်..အဟင့်"

 Dads & Their Little Baby KookWhere stories live. Discover now