မြင်း၏လည်ပင်းကို ခပ်ဖြည်းဖြည်းပွတ်သပ်ကာ ရှေ့ဆက်မသွားချင်တော့သည့် မြင်းကို ဖဲလ်လစ် ချော့နေသည်။ အစပိုင်းက ဒုန်းစိုင်းစီးလာသည်မှာ ဘာပြဿနာမှ မရှိသော်လည်း ယခုတော့ မြင်းကြီးသည် ရှေ့ခြေတစ်လှမ်းပင် မရွေ့ချင်တော့သလို ပေရပ်နေသည်။

"သိပ်မလိုတော့ပါဘူးကွာ။ လိမ္မာပါတယ်။"

မြင်းနက်ကြီးသည် လည်ပင်းကို ဆတ်ခနဲ ဆတ်ခနဲ ခါလိုက်ပြီးမှ တရွေ့ရွေ့ပြန်လျှောက်သည်။ သူတို့ပတ်ဝန်းကျင်မှာတော့ အစနှင့်အဆုံးကို ရှာမတွေ့နိုင်လောက်အောင် ရှည်လျားများပြားလှသည့် ဒုက္ခသည်များ။ အားလုံး၏တူညီချက်မှာ မျှော်လင့်ချက်မဲ့ဟန် ကြောက်ရွံ့နေသည့် မျက်လုံးများနှင့် တစ်ကိုယ်လုံး ပြာမှုန်များကပ်ကာ ညစ်ပေနေခြင်းဖြစ်သည်။ အချို့ကလေးငယ်များသည် ငိုကြွေးဖို့ကိုတောင် သတိမရဟန် ကြောင်တောင်တောင်မျက်လုံးများနှင့် ပြူးကျယ်နေသည်။ ချောင်းဆိုးသံတွေ၊ ညည်းညူသံတွေကို အဆက်မပြတ် ကြားနေရသည်။

ကိုယ်ခန္ဓာမှ ဒဏ်ရာများ၏ နာကျင်မှုကို ဖဲလ်လစ် လျစ်လျူရှုထားသည်။ သူ့အတွက် အထူးအဆန်းမဟုတ်။ လူမှန်းသိတတ်ကတည်းက ဒဏ်ရာနှင့်ကင်းသည့်အချိန်ဟူ၍ သူ့မှာ မရှိခဲ့။ အပြစ်ဒဏ်မျိုးစုံကို ရင်ဆိုင်ခဲ့ဖူးသည်။ သေလုဆဲဆဲ အဖြစ်အပျက်များစွာ ရှိခဲ့ဖူးသည်။ ဒါပေမဲ့ မိမိ သေမလား။ ရှင်မလားဆိုတာကို မည်သူကမှ အလေးမထားခဲ့ဖူးပါ။

ဒါပေမယ့် တစ်စုံတစ်ယောက်သော သူနှင့် တွေ့ဆုံခဲ့ချိန်မှာတော့..

ဆေးနံ့သင်းသော နှုတ်ခမ်းများကို အိပ်မက်ထဲထိ အကြိမ်ကြိမ် စွဲလမ်း မြင်မက်ခဲ့ဖူးသည်။ ဒဏ်ရာများကို ဂရုတစိုက် ကုသပေးနေသော လက်ချောင်းများ၏ တုန်ခါမှုကို သတိရနေသေးသည်။ အချိန်အားဖြင့် ကြာခဲ့ပြီဆိုပေမယ့် သူ့အတွက်တော့ မနေ့တစ်နေ့ကလိုပင်။ ကစားကွင်းကြီးအလယ်မှာ နှစ်ယောက်ချင်း တိုက်ခိုက်ကြစဉ်မှာ သူ့အတွက်နောက်ဆုံးနေ့တစ်နေ့ ဖြစ်လိမ့်မယ်ဟု ဖဲလ်လစ် ယုံကြည်ခဲ့ဖူးသည်။ ဒါပေမဲ့ သူ မသေခဲ့။ မဟုတ်သေးပါ။ ထိုသူသည် သူ့ကို မသတ်ခဲ့ခြင်းသာ။ သတ်ဖြတ်ခွင့်ရှိနေပါလျက်၊ သတ်ဖြတ်လိုက်ရန် အကြောင်းခိုင်လုံနေပါလျက် အသက်ရှင်ခွင့် ရခဲ့ပြန်သေးသည်။

ထာ၀ရ ပုံပေWhere stories live. Discover now