Part 49 (Zawgyi)

Magsimula sa umpisa
                                    

"ကျွန်တော် မသွားလို့မဖြစ်ဘူး ဦးလေး။"

မျက်စိတစ်ဆုံးသို့ လှမ်းကြည့်သော်လည်း မြင်ကွင်းသည် မရှင်းလင်း။ လမ်းအဆုံးကိုပင် မမြင်ရ။ မြူဆိုင်းနေသကဲ့သို့ အရာရာသည် မီးခိုးရောင်မြူမှုန်များကြားတွင် ပျောက်ဆုံးနေသည်။ အခြေအနေသည် သူ ထင်ထားတာထက် အဆပေါင်းများစွာ ပိုမိုဆိုးရွားသည်။ မြို့နားနီးလာလေ ဒုက္ခသည်များ၏ အခြေအနေမှာ မြင်ရက်စရာ မရှိအောင် ဆိုးရွားလာလေဖြစ်သည်။ လွတ်မြောက်ခွင့်ဆိုတာ ရှိနိုင်ပါ့မလား။သေမင်းတမန် သိမ်းပိုက်ထားသည့် ပုံပေမြို့ကြီးတွင် တစ်စုံတစ်ယောက်သော သူ ရှိနေသည်။ ထိုနေရာကို သူ ရောက်အောင် သွားမှဖြစ်မည်။

"မသွားပါနဲ့ ကလေးရာ။ မင်း အသက်ငယ်ငယ်လေးရှိသေးတယ်။ ဘာလို့ သေချင်နေတာလဲ။ ။ မြို့ထဲမှာ မင်းမိသားစုတွေရှိလည်း ဘယ်သူ့ကိုမှ ကယ်နိုင်တော့မှာမဟုတ်ဘူး။ သူတို့ကို မကယ်နိုင်တဲ့အပြင် တစ်ခုခုဆိုရင် မင်းပါ သေသွားမယ်။"

ဖဲလ်လစ်ခေါင်းကိုငုံ့ထားသည်။ စေတနာစကားမှန်း သိသော်လည်း သူ နားမထောင်နိုင်။ လူကြီးသည် သက်ပြင်းတစ်ချက်ချလိုက်သည်။

"မင်း တကယ်သွားမှာလား။"

"ဟုတ်ကဲ့။"

"ဟူး.. တားမရလည်း သွားပေါ့ကွာ။ ဒါနဲ့ မြစ်ကူးတံတားရှိတဲ့နေရာရောက်ရင် သေချာ လေ့လာဦး ကောင်လေး။ တောင်တန်းနားမှာ မိုးတွေသည်းပြီး ရေကြီးနေတယ်။ မြစ်ရေလျှံနေရင် တံတားခိုင်မှာ မဟုတ်ဘူး။ တံတားပြိုသွားတာနဲ့ ပုံပေမြို့က ထွက်ပြေးဖို့ဆိုတာ ဖြစ်နိုင်တော့မှာ မဟုတ်ဘူး။ မင်းနားလည်လား။ တံတားအခြေအနေမကောင်းရင် ပုံပေမြို့ကို ဆက်မသွားနဲ့။ နောက်ပြန်လှည့်ခဲ့။ ရော့.. ဒီခေါင်းခြုံကို ယူသွား။ ရေအလုံအလောက်ယူသွား။ ရှေ့ဆက်သွားရင် အခြေအနေတွေ ပိုဆိုးလာလိမ့်မယ်"

လူကြီးသည် လည်ပင်းမှာသိုင်းပတ်ထားသော ခြုံထည်ကို ဖဲလ်လစ်နှာခေါင်းနှင့်ပါးစပ် အုပ်ကာရုံ သိုင်းစည်းပေးလိုက်သည်။ ခါးမှာချိတ်ထားသည် သားရည်အိတ်ရေဗူးကိုပါ ဖြုတ်ယူပြီး ဖဲလ်လစ်လက်ထဲသို့ ထိုးထည့်ပေးသည်။ ထို့နောက်မှာတော့ ချောင်းတွေဆက်ဆိုးရင်း ရှေ့ဆက်လျှောက်သွားသည်။

ထာ၀ရ ပုံပေTahanan ng mga kuwento. Tumuklas ngayon