အပိုင်း - ၂ : Senior Attitude

3K 332 36
                                    

သို့သော် သူ့ အသက်ရှူမြန်ရခြင်းက သိပ်မကြာလှ ထို Senior သည် ခေါင်းတစ်ချက်ဆတ်ပြကာ...

"အင်း ထိုင်ဦး... မင်း ညနေကျရင် သွားစရာရှိသေးလား..."

မေးလာသည့် မေးခွန်းကို သူ ခေါင်းလေးသာယမ်းပြ၏။ ရင်ထဲမှ ပူပင်နေသည့် အလုံးကြီးသည်လည်း ကျသွားတော့သည်။ သူကသာ စိတ်ပူနေတာ ထိုစီနီယာသည် သူတိုက်မိခဲ့ခြင်းနှင့်ပတ်သက်ပြီး စိတ်ထဲရှိပုံမပေါ်။ တတိယနှစ် Head Hazer သည် စည်းကမ်းတင်းကြပ်ပြီးအပြစ်ပေးကြမ်းသည် ဆိုသည့်စကားက အမှန်မဟုတ်ဘူးထင်ပါရဲ့။ အတွေးဖြင့် အနေခက်ကာ တင်းရမလိုလျော့ရမလိုဖြစ်နေသည့် သူ့မျက်နှာသည်လည်း သက်တောင့်သက်သာ ဖြစ်သွားသည်။

"မရှိပါဘူး P..."

အပိုးကျိုးကျိုးကောင်လေးတစ်ယောက်၏ ပုံမျိုးဖြင့် ခေါင်းယမ်းပြီးနောက် ဖြေတော့။ သူ့ကို ဒီဟာလေးပြောဖို့ကို ဘာလို့ မျက်နှာပုံစံအမျိုးမျိုးပြောင်းသွားရတာလဲဆိုသည့် မျက်နှာဖြင့် နားမလည်စွာ တစ်ချက်ကြည့်ပြီး...

"ထိုင်လေ..."

သူထိုင်တော့ Hazing Team အတွက်ဝယ်ထားသည့် ဖော့ဘူးတစ်ဘူးသူ့ထံပေးလာရင်း...

"အားမနာပါနဲ့ အပိုတွေရှိတာမို့ မင်းစားလို့ရတယ်..."

ငြင်းဆန်ခြင်းကို လက်မခံချင်သည့် နိမိတ်ပြစကားကြောင့် သူ လက်ခံလိုက်ရ၏။ ထို့နောက်မှ သူ့ကို ဘာကြောင့် ထိုဘူးပေးထားလဲဆိုသည်ကို သူ သိသွားသည်။ ထို Singto ဆိုသည့် Senior သည် သူ့ကို အချိန်မှ မပေးနိုင်သေးဘဲ။ စားစရာရှိသည်ကို စားပြီးသည်နှင့် Second Year တို့ကို နောက်နေ့လုပ်ရမည်များကို ညွှန်ကြားလေတော့သည်။

Krist ခပ်အေးအေးထိုင်ကြည့်နေရင်းမှ သူ့ကိုပေးထားသော ထမင်းကြော်ဘူးကိုသာ ဖွင့်စားနေလိုက်၏။ Hazing Team သည် သူ စိတ်ဝင်စားသည့်အရာတစ်ခုမဟုတ်။ သူက နည်းနည်းလေးမှ စည်းကမ်းတင်းကြပ်ခြင်းကိုမနှစ်သက်။ သူ့ကိုစည်းကမ်းတင်းကြပ်ခြင်းကို မနှစ်သက်သလို သူကလည်း သူများကို တင်းကြပ်ရခြင်းကို မနှစ်သက်။ ကျောင်း၏ Activity ထဲတွင် သူ မလုပ်ချင်ဆုံး Activity ကို ပြပါဆိုလျှင် ဤ Activity ကို ပြရပေလိမ့်မည်။ မဖြစ်မနေတစ်လတိတိတက်ရမည်မို့သာ သူလာခြင်း။

Unleash(fanfic)Where stories live. Discover now