P' Saintရှေ့ကလှည့်ထွက်ကာ လမ်းလျှောက်လာရင်းနှင့် 'shit!!!! ငါကဘာလို့သူတို့ရှေ့ရောက်သွားရတာလဲ၊ P'Saintကို ကောင်မလေးနဲ့တွေ့လိုက်တဲ့အချိန်မှာ ငါဘာလို့ဝမ်းနည်းသလို ဒေါသထွက်သလိုဖြစ်သွားရတာလဲ၊ ငါနဲ့ဘာဆိုင်လို့လဲ၊ သူ့ဘာသာ သူ့ကောင်မလေးနဲ့လာတာကို ငါကဘာကြောင့်ဒီလိုဖြစ်သွားရတာလဲ'ဟု Perthတွေးနေရင်း လေပူတချက်ကိုမှုတ်ထုတ်လိုက်မိသည်။

တခါတခါသူ့ကိုယ်သူ ရူးနေသလားဟုတောင်ထင်နေမိသည်။ P' Saintကိုတွေ့လိုက်ရင် သူ့စိတ်ကိုသူထိန်းချုပ်လို့မရတော့။ ယောက်ျားလေးတယောက်ကို အဲ့လိုစိတ်ဝင်တစားလိုက်ကြည့်စရာ အကြောင်းမရှိတာကို သိသည်။ သိုပေမဲ့ P' Saintကိုမြင်ရင် လိုက်မကြည့်ရဘဲမနေနိုင်။

Artဌာနမှာ စတွေ့လိုက်တဲ့နေကစပြီး P' Saintကိုတော်တော် စိတ်ဝင်စားနေမိသည်။ P' Saintကိုမြင်လိုက်ရင် တခုခုကသူ့ကို ညို့ငင်ထားသလိုခံစားမိသည်။ ဘာကြောင့်လဲဆိုတာတော့သူကိုယ်တိုင်မသိ။

ဒီမနက်တွေ့လိုက်ရတဲ့ P' Saintဘေးနားက ကောင်မလေးက ဘယ်သူလဲဆိုတာကို သူသိချင်နေမိသည်။ စဉ်းစားရင်း အတွေးတချက်ပေါ်လာတာကြောင့် သူ့ဦးတည်ရာက သူတို့Business management  အဆောင်ဆီသို့။

Perthအဆောင်အောက်ကိုရောက်တော့ Planနဲ့ Earthတို့ ခုံတန်းလေးမှာထိုင်နေကြသည်။ ဒါကြောင့်သူတို့၂ယောက်စီကို လျှောက်သွားလိုက်ပြီး
"Plan.... Summyရောမရောက်သေးဘူးလား..."

"Aoii... Ai' Perthဘာဖြစ်လာတာတုန်း အမောတကောနဲ့ ဘာလို့Summyကိုရှာနေတာလဲ"

"အေးလေ.... အနောက်ကအကြွေးရှင်လိုက်လာတဲ့ပုံနဲ့ ဘာဖြစ်လာတာလဲဟ" Planနဲ့ Earthတို့မေးနေတာကိုမဖြေအား Summyကိုသာလိုက်ရှာကြည့်နေမိသည်။

ထိုစဉ်"ဟဲ့..... ဘာဒေဖြစ်ပြီး ဘာဒေပြောနေကြတာလဲ"ဆိုပြီး အသံစာစာနဲ့အတူ Summyရောက်လာလေသည်။

Perthလဲ Summyရောက်တာနဲ့ ဘာမပြောညာမပြော Sumလက်ကိုဆွဲကာ ဟို၂ယောက်နဲ့လွတ်ရာနေရာသို့ ခေါ်လာခဲ့သည်။

"Ai' Perth.... ဘာတွေဖြစ်နေတာလဲ ဘာလို့ငါ့ကိုဆွဲခေါ်လာတာတုန်း"

"Sum... အရေးကြီးတယ်.... ငါ့ကိုပြောပြစမ်းပါ.... P' Saintမှာ ရီးစားရှိတာလား.... ငါ့ကိုပြောစမ်းပါ" perthအလောတကြီးနဲ့ Summyကိုမေးနေမိသည်။

My Soulmate (Complete)Where stories live. Discover now