အပိုင်း - ၅(ဇာတ်သိမ်းပိုင်း)

4.4K 401 10
                                    

ည ၁၂:၀၀
ကုတင်ထက်ဝယ် ကျောပေးလှဲနေတဲ့ ကလေးသည် ကျွန်တော့်ကို စိတ်ကောက်နေဆဲ။
နောက်ကနေသိုင်းဖက်ရင်းမှ ရင်ခွင်ထဲထည့်ကာ ဘယ်ဘက်လက်ကလေးကိုဆွဲယူ နမ်းရှိုက်လိုက်သည်။ လက်သန်းကြွယ်မှာ ဆင်တူရှိတဲ့ လက်စွပ်လေးကိုကြည့်ရင်း တသိမ့်သိမ့်ပီတိဖြာနေစဉ် ကျွန်တော်ရင်ခွင်ထဲက အကောင်ပေါက်လေးက ရင်ဘတ်ကို တဘုန်းဘုန်းနှင့် ထုလေတော့သည်။
"အာ့ နာတယ် hyung နာတယ် တော်ပါတော့ဆို''
"မကောင်းတဲ့အကောင် သောက်ကျင့်တစက်မှ မကောင်းတဲ့အကောင် ပြန်လျော်ပေး ငါ့ပိုက်ဆံတွေ..
Proposeလုပ်ဖို့ သုံးခဲ့တဲ့ ပိုက်ဆံ ဝမ်သိန်း ၅၈၀လုံးလုံး ပြန်လျော်ပေး...
ဟင် မင်းကျတော့ ရိုလိုက်တာမှ ပထမဆုံးကျတဲ့နှင်းကို အတူတူကြည့်ဖို့လုပ်ရတာနဲ့ နှစ်နှစ်ပြည့်အထိမ်းအမှတ်နဲ့ တိုကျိုကို လိုက်ပို့ပေးတာနဲ့ ငါလည်းရိုချင်တယ်လေ ငါ့ကျမှ ဘာလို့ဖျက်ရတာလဲ..
ရိုဆန်ဆန် လက်ထပ်ခွင့်လေးတောင်းချင်လို့ သေချာပြင်ဆင်ထားတာကိုမှ
ခုတော့ ဘယ့်နှယ်
ကလေးကစားကွင်းထဲက ဝါကျင့်ကျင့်မီးရောင်အောက်မှာ
ဘာတဲ့...
ဘယ်မှာလဲ ကျွန်တော့်လက်စွပ်ကော..ဆိုတာကြီးက ဟင် ကောင်းသေးရဲ့လား ''
"အာ့ hyung..နာတယ်ဆို...
ပြန်လျော်ပေးမယ် အတိုးရော အရင်းရော နော်..နော် ခုတော့ အဝတ်လျှော်လိုက်ဦးမယ်''
Jimin shiရဲ့ ရိုက်ချက်များကိုရှောင်ရင်း ကုတင်ပေါ်ကပြေးဆင်းရပြီ။ဒါတောင် ခေါင်းအုံးပျံတွေက လွင့်လာသေး၏။
"Jimin shi ကလည်း အဝတ်လေးလျှော်ပေးခဲ့တာမဟုတ်ဘူး ခုတော့ ကြည့်ပါဦး ဒီနေ့မှ မလျှော်ရင် ဝတ်စရာလည်းမရှိတော့ဘူး.. အများကြီးဘဲ လျှော်ရမှာ ''
အဝတ်ခြင်းကြီးမရင်းက စူပွပွလေး ညည်းမိတော့
"အရင်တည်းက မင်းလုပ်နေကျဘဲဟာကို''
"ဟုတ်ပါတယ် အရင်တည်းက ကျွန်တော်ဘဲ လုပ်ချင်တာမို့ ကျွန်တော်ဘဲလုပ်နေတာ ဒါနဲ့လေ အရင်လို ကူမလုပ်ပေးတော့ဘူးလား''
"ရုပ်ကိုက ပြီတည်တည်နဲ့ Jungkookနော်
ဘာမှ မကူဘူး..သွား.. လျှော်စရာရှိတာသွားလျှော်''
"အင်းပါ သွားပါပြီ လျှော်ဖို့ရှိရင် လာပေးဦး''

အဝတ်လျှော်စက်ထဲ ဆပ်ပြာရည်လောင်းရင်းမှ ရေချိုးခန်းတံခါးဝမှာ ခေါင်းလေးပြူကာ ချောင်းကြည့်နေတဲ့ hyungကြောင့် အသည်းယားကာ စိတ်ထဲမရိုးမရွပင်ဖြစ်မိသည်။ နေနိုင်တာလည်းမဟုတ်ဘဲနဲ့များ ဟက်..
လက်ထဲက မာဖလာလေးကို လှမ်းပေးရင်း
"အဲ့ဒါ လျှော်ဖို့လာပေးတာ... ''
"အင်း..ဒါဘဲလား ကုန်ပြီလား''
"အင်း မကျန်တော့ဘူး''

You've reached the end of published parts.

⏰ Last updated: Dec 14, 2020 ⏰

Add this story to your Library to get notified about new parts!

Mama mia(Completed)Where stories live. Discover now