အပိုင်း - ၎

2.7K 339 3
                                    

ညနေ ၉:၀၀
(ပစ္စုပ္ပါန် အချိန်)
ကျွန်တော် စောင့်စားခဲ့တဲ့ တံခါးဖွင့်ပြန်ဝင်လာမယ့် သူသည် လေးရက်မြောက်သာ ကုန်လွန်ခဲ့ပေမယ့် ပေါ်မလာခဲ့ချေ။ စိမ်းရက်လိုက်တာ Hyungရယ်..။ဒီလူဟာ Hyungမရှိဘဲနဲ့ တစ်ရက်လေးတောင် အသက်ရှင်ဖို့ ခက်ခဲတယ်ဆိုတာ သိရက်နဲ့..။ ဘာစကားတစ်ခွန်းမှ မဆိုဘဲ ဒီအတိုင်းလေး ပြန်လာခဲ့ရင်တောင် အရာရာကို မေ့ပစ်ပြီး ကျွန်တော်ကဘဲ ခွင့်လွှတ်ဖို့ အရင်တောင်းပန်မှာပါ။ ဒါတွေကို Hyungမသိတာလား။
အခုတော့ ပိတ်မြဲအတိုင်းရှိနေတဲ့ တံခါးမကြီးက လှောင်ပြောင်နေသလိုပင်။
ကျွန်တော် အဲ့လောက်ထိခံနိုင်ရည်မရှိဘူးhyung
အလွမ်းတွေနဲ့ hyungမရှိတဲ့ နောက်ရက်တွေကို မဖြတ်ကျော်ဖို့ ဆုံးဖြတ်လိုက်တာနဲ့အတူ ကျွန်တော့ လက်ချောင်းလေးတွေဟာ ဖုန်းမျက်နှာပြင်ပေါ်မှာ ပြေးလွှားတော့တာပါဘဲ။
အရင်းနှီးဆုံး ထယ်ထယ်hyung တို့အပါအဝင် Busanရှိ ယောက္ခမလောင်းထံသို့ပင် ဆက်သွယ်ခဲ့သည်။ အားရင် နှစ်ယောက်အတူ အလည်လာဖို့ဖိတ်တဲ့ ယောက္ခမလောင်းကြီးရဲ့ စကားအရ ရန်ဖြစ်တာကိုပင် သိပုံမပေါ်ချေ။ နောက်ဆုံး Jin Hyungရဲ့ တနေ့က Jiminieကို ဖျောင်းဒုံ က မားကတ်မှာ တွေ့ခဲ့တယ်ဆိုသည့် ဖြေသံအဆုံး ထယ်ထယ်hyungကို စိတ်တွင်းမှ ကျိန်ဆဲမိတော့သည်။ သိပ်မကြာတော့မယ့် အချိန်လေးအတွင်း ပြန်ဆုံတွေ့ရမည်က ချစ်တတ်စ အရွယ်ဆယ်ကျော်သက်တုန်းကလိုပင် စိတ်လှုပ်ရှားရစေသည်။ ခဏတာ စိတ်ငြိမ်ဖို့ မီးဖိုခန်းထဲဝင်ကာ ရေတဝကြီးသောက်ရင်း ပြတင်းတံခါးမှန်မှ ကိုယ့်ပုံရိပ် ကိုကြည့်မိတော့ နှုတ်ခမ်းမွှေးစစနှင့် ညင်းသိုးသိုး ရုပ်ဖြစ်နေလေသည်။
ဘုရား ဘုရား..ဒီ ပုံသာ တွေ့လို့ကတော့ hyungစိတ်ပျက်လိုက်မယ်ဖြစ်ခြင်း..။
နောက်ဆက်တွဲက သူမကောင်းတာဟု သူ့ကိုသူ အပြစ်တင်ခြင်းကပါ ပါလာတော့မည်။
Park Jiminဆိုသည်က Jeon Jungkookကို အခန့်ညားဆုံးနှင့် အချောမောဆုံး လူသားဖြစ်စေချင်သူပင်..။
အိမ်ပေါ်ထပ်ပြေးတက် မုတ်ဆိတ်ရိတ် ရေချိုး ပြီး အမြန်ရှိုးထုတ်ရတော့သည်။ အားလုံးပြီးလို့ သွားခါနီး အရေးအကြောင်းဆို ဖုန်းက ပျောက်လေတော့သည်။ တစ်အိမ်လုံး အနှံ့ရှာနေရင်းမှ အိမ်အောက်ထပ် လေသာဆောင်တံခါးဝတွင် ကျွန်တော့် လှုပ်ရှားမှုများအားလုံး ရပ်တန့်ကုန်သည်က အထင်းသားဖြင့် စာဖတ်ကုလားထိုင်ပေါ်မှ ပုံရပ်သားကျနေတဲ့ မာဖလာ အနီရောင်လေးကြောင့်ပင်။ပို၍ အံသြရသည်က မာဖလာကိုကောက်ယူရင်းမှ ပြုတ်ကျလာတဲ့ ရွှေရောင်မောင်းကွင်း လက်စွပ်ကလေး..
ကောက်ယူကြည့်မိတော့ လက်စွပ်အထဲမှာ ထွင်းထားသည်က J💛J စာသားလေးကအထင်းသား..
ကျွန်တော့်လက်အနေဆိုဒ်မဟုတ်ပေမယ့်လို့ ဒါက hyungလက်အရွယ်အစားလေးပင်..။
ထို့အတူခေါင်းထဲ အပြေးအလွှားဝင်ရောက်လာသည်က ရေသောက်ဖို့ ရေခဲသေတ္တာဖွင့်တုန်းက အမှတ်တမဲ့ မြင်ခဲ့ရတဲ့ အရံဟင်းဘူးလေးတွေနဲ့ အဆာပြေမုန့်အစီအရီရယ်..အိပ်ခန်းထဲ ရှိုးထုတ်စဉ်က သပ်သပ်ရပ်ရပ်ရှိနေတဲ့ အိပ်ယာခင်းလေးရယ်..။
ကြမ်းပြင်ပေါ် ဟိုတစ်ထည် ဒီတစ်ထည် ပြန့်ကျဲနေတဲ့ အဝတ်တွေက အခန်းထောင့်ရှိ ခြင်းထဲမယ် အပုံလိုက်ဖြင့်သာ..။
အားလုံးကို သေချာပြန်စစ်ကြည့်သည်တိုင် သေသေ သပ်သပ်ဖြစ်နေတဲ့ အိမ်လေးက သက်သေတည်နေလေရဲ့။မျှော်နေသူလာရောက်ခဲ့ခြင်းက ကျွန်တော့်မျက်နှာထက် အပြုံးပန်းများကို ချိတ်ဆွဲစေတော့သည်။
Taetae Hyungဆီ နောက်ထပ် ဖုန်းခေါ်ရင်း အရင်ဦးအောင် ပြောရသည်...
(Jimin hyungက hyungဆီမှာနေတာကို လိမ်မနေနဲ့တော့ ကျွန်တော်အခု လာခေါ်နေပြီ တခြားနေရာ ထွက်မသွားအောင်လည်း လုပ်ပေးထားဦး)
(အသေအချာကို ပြောနေတော့တာဘဲ မင်းငါ့အိမ်မှာ CCTVများ လာတပ်ထားလို့လား???)
(ကျွန်တော် သတင်းအသေအချာသိပြီးသား အာ..ပြီးတော့လေ ကျွန်တော့အိမ်မှာ ဖရုံသီးလည်းမရှိပါဘဲနဲ့ ဘယ်က နတ်သားလေက အိမ်အလုပ်တွေ လုပ်ပေးထားမှန်းကိုမသိပါဘူးဗျာ..)
(ပြောပါတယ် အဲ့လိုတွေ လုပ်ပေးရင် အဲ့အကောင် သိမှာ ပစ်ထားပါဆိုတာကို Jiminieဟာလေ)
(အေး မင့်ဟာလေးကို ခေါ်မယ်ဆို မြန်မြန်သာလာခေါ်ကွာ ငါနဲ့ ထယ်လေး လွတ်လွတ်လပ်လပ်ပြန်နေရအောင်လို့)
(နေဦး hobi hyung အဲ့ကလေး ခုထိ ပြန်မရောက်သေးဘူး ခုနတည်းကဖုန်းဆက်တာ ဖုန်းလည်းမကိုင်ဘူး)
(ဘာကလေးလဲ ကျွန်တော့်ကလေးပါနော်...
ဒီနားက သွားတတ်တဲ့နေရာ ကျွန်တော်လိုက်ရှာလိုက်မယ်
ပြန်လာရင်သာ ဖုန်းဆက်ပေး)
(အရေးထဲ အသားဝင်ယူသွားသေး ခွေးကောင်လေး အေးဟေ့ အေးအေး..)

Mama mia(Completed)Where stories live. Discover now