Part - 9(Z+U)

4.5K 356 31
                                    

At Moonchild Company:

Namjoon တစ်ယောက် သူ၏ ရုံးခန်းအတွင်းတွင် အလုပ်တွေရှုပ်နေလျှက်ရှိသည်။..

"ph.. Ringing📲📲"

"Nae! Jeon Namjoon ပြောနေပါတယ်"

"....."

"ဗျာ!!!Jiminက.???.ဟုတ်လို့လားဗျာ..
ကျွန်တော့်သားက အဲ့လို မျိုး မလုပ်တတ်ပါဘူး..
လူမှားတာ ဖြစ်နေပါဦးမယ်ဗျာ"

".............."

"Nae!!!ကျွန်တော် အခု လာခဲ့မယ်.။ Nae!!Nae!!"

Namjoon..ကားသော့ကို ဆွဲကာ အမြန် ထွက်လာရသည်။..
Minလေးက ရန်ဖြစ်သည်တဲ့.ကျွန်တော့်သားကလေ
ဒီလောက် စိတ်ထားနူးညံ့တဲ့ ကလေးက..
မဟုတ်လောက်ပါဘူး..
ဆရာမက လူမှားတာ ဖြစ်မှာပါ။

Namjoon ကျောင်းသို့ ရောက်သော်..ရုံးခန်းအတွင်း ဝင်လေတော့...
မျက်နှာတွင်..အညိုအမဲလေးတွေ...နဲ့ ခေါင်းငုံကာ ထိုင်နေသော သားဖြစ်သူကို တွေ့လိုက်ရသည်။

တစ်ဖက်ကို ကြည့်လိုက်တော့..မိန်းမကြီးတစ်ယောက်က နှာခေါင်းက သွေးတွေကျကာ..လက်ပါ ကျိုးသွားပုံရသော..ကလေးတစ်ယောက်နံဘေးထိုင်ကာ..အော်ဟစ်နေလေသည်။..

" ဒီကိစ္စကို ဘယ်လိုမှ မကျေနပ်နိုင်ဘူး!!!..ကျွန်မသားလေးကို...ပိုးမွေးသလို မွေးခဲ့ရတာ..မကျေနပ်ဘူး..တရားစွဲမယ်..ကလေးက မတရားခံရတာကို..ကျွန်မက ဒီအတိုင်း ကြည့်နေရမှာလား..မရဘူး..တရားစွဲမယ်.."

ဆရာမတွေလည်း ဖြောင်းဖြလို့မရဘူးထင့်။

"ဟဲ့!! နင့် မိဘတွေက ဘယ်လို ဆုံးမ ထားလို့ ငါ့သားကို ဒီလို လာလုပ်ရတာလဲ..ဟမ်!! မိမဆုံးမ ဖမဆုံးမလေးရဲ့!!"

ထိုစကားတွေက Jimin အနာဟောင်းကို ဆွလိုက်သည့်အလား.......

"ကျွန်တော့်ကို ကြိုက်သလောက်ပြော!!!ကျွန်တာ့်မိဘကို မထိနဲ့...!!ကျွန်တော့်မိဘတွေက အန်တီ
အဲ့လိုပြောလို့ရမယ့် လူတွေထဲ မပါဘူး!!"

"ကြည့်စမ်း!!!လူကြီးကို ပြန်ပြောနေလိုက်တာ!!မိမဆုံးမ ဖမဆုံးမကလေး!!ရိုင်းလှချည့်လား"

သားကို အဲ့လိုပြောလာတာတော့ Joon မ ခံနိုင်ပါ။

"ဒီမှာ!!အစ်မ,ကျွန်တော်ကသူ့အဖေပါ!!
ကျွန်တော့်သား ကို အဲ့လို မပြောပါနဲ့..ကျွန်တော့် သားက အစ်မ အဲ့လို ပြောတာခံရမယ့် အဆင့်အတန်းထဲကမဟုတ်ပါဘူး...
အဲ့တော့ စကားပြောဆင်ခြင်.. ပေးပါ။
လူကြီးက လူကြီးစကားပြောပါ။......
ပြီးတော့..အစ်မက.ဒီကိစ္စကို ဘယ်လို ဖြစ်စေချင်နေတာလဲ။ ကလေးချင်း ဖြစ်ကြတဲ့ ကိစ္စမှာ တရားရုံးထိ ရောက်ဖို့ လိုလို့ လား။
အစ်မတို့ ကျေနပ်အောင် ကျွန်တော် လုပ်ပေးမှာပါ။ အစ်မ..သားရဲ့ ကုန်ကျမယ့် ဆေးဖိုး ကြိုက်သလောက်တောင်းပါ။ကျွန်တော် ရှင်းပေးနိုင်တယ်။.
တစ်ခုပဲ.....
ကျွန်တော့်သားကို အစ်မ ပြောခဲ့တာတွေ အတွက် ပြန်တောင်းပန် ပေးပါ။.."

 Dads & Their Little Baby KookWhere stories live. Discover now