Ch-9

1.1K 87 22
                                    

ကုကု နိုးနိုးချင်းပင် ဗိုက်ဆာလာသည့် အတွက် ကုတင်ပေါ်မှ ကောက်ထ,လိုက်သည်။

ဆစ်ခနဲ ဖြစ်သွားသည့် ခန္ဓာကိုယ် အောက်ပိုင်းမှ နာကျင်မှုကြောင့် ပက်လက် ပြန်လှဲလိုက်ရသည်။

ဦးခေါင်းမှလည်း နာကျင်လာသဖြင့် သူလှေကားပေါ်မှ ချော်ကျတုန်းက ခေါင်းထိထားသည်ကို ယခုမှ သတိရမိလိုက်သည်။

"ကိုကိုး!!!!!!"

"အောင်မလေးဗျ!"

အိမ်ပေါ်ထပ်ရှိ ကုကုရဲ့ ပြဲလန်နေသည့် အော်သံကြောင့် မီးဖိုခန်းထဲရှိ ထယ်ထယ်ပင် လန့်သွားတော့သည်။

မီးခလုတ်တို့အား ပိတ်ကာ ဆန်ပြုတ်ပန်းကန်နှင့်အတူ Banana milk ဘူးကိုတော့မပါမဖြစ်…
Fiber ဗန်းကလေးပေါ်တင်ကာ Kookရှိရာအိမ်ပေါ်ထပ်သို့ တက်ရတော့သည်။

အနည်းငယ် လှပ်ထားသည့် တံခါးအား ထယ်ထယ် ကျောကုန်းဖြင့် နောက်ပြန် တွန်းလိုက်ရင်း ကုကုရှိရာအခန်းအတွင်းသို့ ဝင်လာခဲ့သည်။

"ကိုကိုးးးး!!"

"ဗျာ…ဗျ…ကိုကို့ရဲ့ ကုကုလေး ဘာအလိုရှိ!…Bfကတော့ ဟော့ဒီမှာ readyပဲ…"

"နာတယ်~~"ဟု ကုကုရဲ့ ချွဲပြစ်လှသော နို့ဆီဆမ်းထားသည့် လေသံတို့ဖြင့် ပြောလာရင်း ထယ်ထယ့် ရင်ခွင်ကျယ်ကြီးသို့ ခေါင်းကို အတင်းတိုးကာ ဝင်တော့သည်။

တိုးဝင်လာသော ကုကု၏ ခေါင်းလုံးလုံးလေးသာမက ခန္ဓာကိုယ် တစ်ခုလုံးအား မည်သူမျှ ရှာမတွေ့နိုင်အောင်ပင် ထယ်ထယ်သိမ်းကြုံး၍ ပွေ့ဖက်လိုက်သည်။

"ကိုကို့ ကုကုလေးအရမ်းနာနေမှာပဲ… ကိုကို ရှိတယ်နော် ကိုကို့ကို ခိုင်းချင်တာခိုင်း ကိုကို အကုန်လုပ်ပေးမယ်…"ဟု ထယ်ထယ် ပြောလိုက်တော့ ရင်ခွင်ထဲမှ ကောင်လေးက ခေါင်းလေးမော့ကာ မေးလာတော့သည်။

"တစ်ကယ်လား ကိုကို…?"

"တစ်ကယ်ပေါ့ဗျ…Ladyကြိုက်တာပြော…အဲလေ…ဘေဘီ ကြိုက်တာပြော…"

"ဆေးလိမ်းပေး…နှဖူးကိုကော…xxxကိုကော"

"အိမ်းး…ဟုတ်ပါပြီဗျ…ခုလောလောဆယ်…မျက်နှာသွားသစ်ကြမယ်…လာဟေ့!"ဟုဆိုကာ ကုကုအား ချီ၍ ရေချိုးခန်းအတွင်းသို့ ခေါ်သွားတော့သည်။

Candy {Desist}Where stories live. Discover now