Ch-1

2.6K 148 23
                                    

"အားးးးးးးးးးးးးး"

မီးဖိုခန်းထဲမှ ထွက်ပေါ်လာသော အသံစူးစူးလေးကြောင့် ထယ်ထယ်တစ်ယောက် အပေါ်ထပ်အခန်းထဲတွင် စာဖတ်နေရာမှ ကမန်းကတမ်းပြေးဆင်းလာမိသည်။

"ကုကု!!ဘာဖြစ်တာလဲ ဘာဖြစ်လို့လဲ!?!?"

"အာ…ကိုကိုထယ်…ပူပူ…ပူတယ်…ပူပူ"ဟုပြောကာ မျက်ရည်တစ်စမ်းစမ်းနှင့် မီးဖိုပေါ်ရှိ ဒယ်အိုးကိုလက်ညှိုး ထိုးပြနေသော ကုကုကြောင့် ထယ်ထယ် မီးဖိုရှိရာသို့ ကြည့်လိုက်မိသည်။

ပေါက်ကွဲတော့မည့် ပုံစံဖြစ်နေသော ရဲနေသည့် မီးဖိုcoinကြောင့် ကမန်းကတမ်း မီးဖိုခလုတ်ကို ပိတ်လိုက်ရသည်။

ပြီးကာမှ သူ့လက်ညိုးကလေး သူကိုင်ကာ ငိုယိုနေသော ကုကုအား ထယ်ထယ်ချီကာ အိမ်ပေါ်သို့ ပြန်ခေါ်သွားရတော့သည်။

ထယ်ထယ်လှေကားထစ် တစ်ဆင့်တက်လိုက်တိုင်း ကုကုမှာ ခုနကသူ့မဟုတ်သည့် ပုံစံနှင့် တခစ်ခစ်ရယ်မောနေသည်။

ထယ်ထယ့် ပုခုံးပေါ် လက်အစုံတို့ သိုင်းယှက်ကာ ရင်ခွင်ထဲ၌ အလွန်သဘောကျနေသည့် ဟန်ဖြင့် တခစ်ခစ်ရယ်မောနေသော ကုကုလေးအား အသည်းယားလွန်း၍ ထယ်ထယ် အကြီးကြီး မွ ပစ်လိုက်သည်။

"အာဝူးးးး…မွ"

ထယ်ထယ့်ကြောင့် ကုကုလေးလည်း ရှက်ကာ ပြန်မွပစ်လိုက်သည်။

ဘယ်ရမလဲ…သူမွ၊ကိုယ်မွလေ ထယ်ထယ်မွတိုင်း ငြိမ်ခံနေရအောင် ကုကုသည် သောက်ချဉ်မဟုတ်…

"ဟာ!ကိုကိုထယ့်ကို ပြန်မွရဲတယ်ပေါ့…လာ အပြစ်ပေးမယ်"

"ဟီးးဟီးး အပြစ်ပေးခံနိုင်တယ်" ဟုဆိုကာ ထယ်ထယ် ချီသွားရာ အခန်းထဲသို့ပါသွားလေရဲ့။

ယောက်ျားပဲ လုပ်ရဲရင် ခံရဲရမယ်…!!! ဒါက ကုကုအတွက် တမင်ဖန်တီးခဲ့သော မြန်မာစကားပုံအလား…

ထယ်ထယ်လည်း အခန်းထဲသို့ရောက်တော့ ကုကုအား ကုတင်ထက်တွင် ချလိုက်ကာ

"ချွတ်…!"

"ဗျာ…ကိုကိုထယ်ကလည်း……"ဟုဆိုကာ အင်္ကျီ ကြယ်သီးတို့ကို တစ်ခုမကျန် ဖြုတ်နေလေရဲ့…

Candy {Desist}Where stories live. Discover now