Ch-4

975 98 83
                                    

"ကိုကိုးးးးး!!!………ကိုကိုး!!…ကိုကိုထယ်!!!ထပါတော့…အားးးးးး…သေတော့မယ်…အားးးးးး ကိုကိုထယ်ရေ!!!!…ကုကုသေတော့မယ်…အားးးးး"

မနက်ခင်းစောစောစီးစီး ကုကုရဲ့ ပြဲလန်နေသော အသံကြောင့် ထယ်ထယ်တစ်ယောက် လန့်ဖြန့်ကာ နိုးလာတော့သည်။

"အောင်မလေး…ကုကု…ဘာဖြစ်တာလဲ…ဘာဖြစ်တာလဲ ကိုကို့ကိုပြောလေ!…ကုကု!"

"အား…အားးးး…ကိုကိုထယ်းးးးးအင့်"

အော်ရင်း ပုံလျက်သား လဲကျသွားသော ကုကုအား လက်မောင်းမှဆွဲကိုင်ကာ ရင်ခွင်ထဲသို့ သိမ်းကြုံးဖက်ရင်း အသက်ရှူသေးပါ့မလားဟု စမ်းကြည့်ရန် သူ့လက်ညှိုးအား ကုကုနှာခေါင်းထက်တွင် တေ့လိုက်သည်။

*ဂေါက်!*

"အား!!!"

ထယ်ထယ်လည်း နာသွားသောလက်ညှိုးအား ကျန်လက်တစ်ဖက်နှင့်ဖိကာ ဆုပ်ကိုင်လိုက်သည်။

"ကိုကို့ကို ဘာလို့ကိုက်တာလဲကွ!!အားပါးပါး!!အီစိမ့်သွားတာပဲ"

"ကိုကိုက ဘာလို့ လက်လာထိုးကျွေးလဲ!!"

"အမ်!ဘာကိစ္စ ကိုကို့လက်ကို ထိုးကျွေးရမှာလဲ!? ကုကုလေး အသက်မှ ရှိသေးရဲ့လားလို့ စမ်းကြည့်နေတာလေ!အင်းဟင်းဟင်း…နာလိုက်တာကွာ!"

"အားးးးးး!!!"

"ဟာ!ဘာဖြစ်ပြန်ပြီလဲ ကုကု!ကုကုလေး!ကုကု!"

"ဗိုက်!"

"ဗိုက် ဘာဖြစ်လို့လဲ?ဗိုက်နာလို့လား?ဗိုက်အောင့်လို့လား?ရလား…အဆင်ပြေရဲ့လား ဗိုက်က အရမ်းအောင့်နေတာလား?ဆေးခန်းသွားကြမလား?"

"အားးးးးရှီးးးးး ကုကုဗိုက်က မနာဘူး!"

"ဟင်…ဒါဆို ဗိုက်အောင့်တာလား??"

"ဗိုက်က အောင့်တာလည်းမဟုတ်ဘူး! နာတာလည်းမဟုတ်ဘူး…ဆာတာဗျ ဆာတာ! မနက်ကတည်းက ကုကုဘာမှမစားရသေးဘူး! အရင်က ကိုကိုက ဒီချိန်ဆို အကုန်ပြင်ဆင်ပေးပြီး ကုကုရှေ့ကို မနက်စာ အရောက်ပို့ပေးတယ်လေ…!ခုဘယ်မလဲ မနက်စာ!!မနက်စာ!မနက်စာ!အားးးးးး ဗိုက်ဆာနေပြီ…အီးးးဟီးးးမရတော့ဘူး…ကုကု သေရတော့မယ်ထင်တယ် ဗြဲ…"

Candy {Desist}Where stories live. Discover now