Ch-6

870 86 28
                                    

ကုကုမျက်လုံး အစုံတို့ကို အားယူကာ ဖွင့်လိုက်တော့ ဆစ်,ခနဲ နာကျင်လာတဲ့ ဦးခေါင်း…

"အ့!"ဟူသည့် ကုကု၏ အသံသေးသေးလေးကြောင့် ဘေးတွင် လူနာစောင့်ရင်း မဂ္ဂဇင်းထိုင်ဖတ်နေတဲ့ ထယ်ထယ် ကုကုအား လှည့်ကြည့်လိုက်သည်။

"ဟာ!ကုကုလေး…သတိရလာပြီလား…မထ,နဲ့အုံး ခေါင်းကိုထိထားတယ်…နာလိမ့်မယ်…ဖြေးဖြေး…"

ကုကုလက်ကလေးများအား ကိုင်ရင်းပြောလာသည့် ထယ်ထယ့်လက်တို့ကို ကုကု လွှတ်ချရင်း တခြားဖက်သို့ လှည်ကာ မျက်လုံးမှိတ်ထားလိုက်သည်။

ကုကုလုပ်နေတာကို ထယ်ထယ် နားမလည်စွာကြည့်ရင်း…

"ဟင်…ကုကု…ဘာဖြစ်လို့လဲဟင်…??နေလို့ မကောင်းလို့လား ဘယ်နားနာနေလို့လဲ?"

တစ်ဖက်မှ ကုကုကတော့ ဘာမှပြန်မဖြေ…တိတ်ဆိတ်နေသည်။

ကုကုလှည့်အိပ်နေတဲ့ ကုတင်ဘက်ကို ထယ်ထယ် ရောက်လာပြီး

"ကုကု…"

ငိုနေသည်?ကုကုငိုနေတာပဲ…

"ဟာ…ကုကု..ဘာလို့ငိုနေတာလဲ…?အရမ်းနာနေလို့လား?ကိုကို ဆရာဝန်ခေါ်ပေးမယ်"ဟု ပြောကာ ထသွားဖို့လုပ်လိုက်သည့် ထယ်ထယ့်လက်အား ကုကုလှမ်းဆွဲလိုက်သည်။

ထယ်ထယ်လည်း လှမ်းဆွဲလာတဲ့ ကုကုရဲ့ လက်အစုံကို ဖွဖွလေး ဆုပ်ကိုင်လိုက်ရင်း လက်ကလေးများကို ထယ်ထယ့်နှုတ်ခမ်းလေးဖြင့် ထိကပ်ကာ နမ်းရှိုက်လိုက်သည်…

"ကိုကို့ ကုကုလေးအရမ်းနာနေမှာပဲ…အဲ့တာ ကိုကို့ ကြောင့် ဖြစ်ရတာပါ… ကိုကိုသာ ကုကုကို ရေကောင်းကောင်းချိုးပေးခဲ့ရင်…ကိုကိုသာ ကုကုကို လိုက်မဖမ်းခဲ့ရင်…"

ပြောရင်းနှင့် ကုကုလက်ဖမိုးလေးပေါ်သို့ ထယ်ထယ့်မျက်ရည်စက်များ ကျလာတော့သည်။

"အရမ်းနာနေတော့မှာပဲ…ကလေးရာ…"

'ကလေး?ကိုကို ကျွန်တော့်ကို ကလေးလို့ခေါ်လိုက်တာပဲ…ချိုမြိန်လိုက်တာ ကိုကိုရာ…ပြီးတော့…ကိုကိုငိုနေတယ်…ကျွန်တော် မကြည့်ရက်တော့ဘူး…ကျွန်တော်ကိုကိှု့ကို စိတ်မကောက်သင့်တော့ဘူး…'

Candy {Desist}Where stories live. Discover now