Just my words to Thank U

Start from the beginning
                                    

အဲ့လိုမျိုးတွေပေါ့…











<Unicode>

လေဒီရှူး----------

ဒီစကားစုလေးက ကိုယ့်အတွက်တော့ အဓိပ္ပာယ်တွေ အများကြီးရှိပါတယ်။

ကိုယ်နဲ့ဘယ်လို စရင်းနီးခဲ့လဲဆိုတော့ လေးတန်းတုန်းက ခြေထောက်တက်နင်းခံရတာ!!
ဘယ်အညှိုးနဲ့တောင် နင်းချလိုက်လဲမသိပါဘူး။
ခြေထောက်က နှစ်ရက်လောက် လျှောက်မရဖြစ်သွားတယ်။

အဲ့မှာ ကိုယ့်ခြေထောက်ကိုယ် ကာကွယ်ဖို့ Planချမိတယ်။
ဘာဖိနပ်စီးရင် အနင်းခံရ သက်သာမလဲပေါ့လေ။

Shoe!!
ငင့်…အလေးကြီးပဲ…
စီးဖို့နေနေသာသာ မနည်းသယ်နေရတယ်။

လေဒီရှူး!!
ဒါလေးတော့ မဆိုးဘူး…
စီးရတာလည်း အဆင်ပြေတယ်။
တက်နင်းခံရရင်လည်း သိပ်မနာတော့ဘူး။

အဲ့လိုနဲ့ လေဒီရှူးကို အမြဲတမ်းစီးဖြစ်သွားတယ်။

leather,ပိတ်,ဂျင်း,ကော်,ဖန်…
အမျိုးစုံအောင် စွဲစွဲမြဲမြဲကို စီးတာ။

တနေ့ကျတော့ စိတ်ကူးပေါက်လာတယ်!
လေဒီရှူးဆိုတဲ့ နာမည်နဲ့ ဝတ္ထုလေးတစ်ပုဒ်လောက် ရေးရင်ကောင်းမလားလို့…

အဲ့အချိန်တုန်းက ကိုယ် ရှစ်တန်း။
(အစစ်မ----Fujoshiဆိုတာ ဘာမှန်းတောင် မသိသေးဖူး)

normalလေး စ,တွေးတယ်။
စာရွက်ပေါ် ချရေးတယ်။
သူငယ်ချင်းတွေကို လိုက်ပြတယ်။

ကြားထဲမှာ ဆယ်တန်းဆိုတာကြီး ဝင်နှောက်လို့ မေ့မေ့ပျောက်ပျောက်ဖြစ်သွားသေး…
Fujoshiဖြစ်ပြီးသွားမှ ပြန်ရေးဖို့ အတွေးဝင်လာတာ။

versionပြောင်းရေးမယ်ပေါ့!
အဲ…ယောကျာ်းလေးက ဘာလို့ လေဒီရှူးစီးမှာလဲ???

အဲ့မှာတင် တစ်လလောက် ထပ်ကြာသွားတယ်။
ဘာအကြောင်းပြချက်နဲ့ စီးခိုင်းရမလဲ စဉ်းစားရလို့

နောက်ဆုံး plotအကြမ်း စဉ်းစားပြီး စ,ရေးဖြစ်တယ်။
အဲ့လိုနဲ့ တပုဒ်လုံး ရေးဖြစ်သွားရတာ။

လိုအပ်ချက်တွေ အများကြီးရှိမှန်းလည်း ကိုယ့်ကိုကိုယ်သိပါတယ်။
ဥပမာ
-ဝသုန်မာန်က ယသော့်ကို လေဒီရှူးစီးတဲ့ကိစ္စကြောင့် စ,စိတ်ဝင်စားသွားမှန်း သိပ်သိသိသာသာ မရေးနိုင်ဘူး။
-ယသော်ထက်နာမည်က ဘာလို့ယသော်ထက်
(မိန်းမဆန်ဆန်)ဖြစ်နေရမှန်း မရှင်းရသေးဘူး။
-ယသော်ထက်က ဘာလို့ gayဆိုတဲ့စကားလုံးကို အရမ်းsensitiveဖြစ်ခဲ့မှန်း…

အဲ့လိုမျိုးတွေပေါ့…

ဒါပေမယ့် အားပေးတဲ့လူတွေ အများကြီးရှိမှန်း သိရလို့ တကယ်ပျော်မိတယ်။

အချို့ဆို Fic bookပြန်ထုတ်ခိုင်းတယ်။
အဲ့လိုပြောတုန်းကဆို ပါးစပ်ပါ ဟောင်းလောင်းပွင့်သွားရတာ!!

အမှန်အတိုင်းဝန်ခံရရင် ကိုယ်က အဲ့လောက်အရည်အချင်းမရှိဘူးလို့ ထင်မိလို့လေ။
ပြောရရင် ဒီရေးပြီးသားficကို အများကြီး ပြင်ချင်သေးတာ…

semeတစ်ယောက်ထပ်ထည့်ချင်တယ်။
(ကျောင်းတုန်းက ယသော့်ကို bullyလုပ်ခဲ့တဲ့သူ)
အစစ်မ နှစ်ယောက်လည်းထပ်ထည့်မယ်။

အဲ့ဒီလိုမျိုးတွေပေါ့…

ဒါမယ့် ကိုယ့်ဖာသာတောင် ကျောင်းရယ်…
Guideရယ်…ကျူရှင်ရယ်နဲ့ တိုင်ထိုင်ပတ်နေတာ။
ရေးလက်စတွေလည်း ရှိနေသေး

ထုတ်ဖို့ဆုံးဖြတ်လိုက်ရင်တောင် ပြင်စရာတွေ အများကြီးရှိသေးတယ်။

bookထုတ်ဖို့ အားပေးတဲ့လူတွေကို တကယ့်ကို ကျေးဇူးတင်ပါတယ်လို့

ေလဒီရွဴး-(yaoi story)Where stories live. Discover now