လေဒီရှူး-4

15.8K 1.7K 25
                                    

<zawgyi>

လေဒီရှူး-4(yaoi story)

အဝါရောင်ပြိုင်ကားလေးက ခပ်ရှုပ်ရှုပ်လမ်းတွေကို ကွေ့ပတ်မောင်းရင်း တိုက်မြင့်တစ်ခုရှေ့မှာရပ်လိုက်တယ်။

ဟုတ်ပါတယ် ဝသုန်လိုက်ပို့ရခြင်းပါ

လိုက်မပို့ဘူးဆိုတာကို လင်းထက်ကသေမလိုဖြစ်နေတော့လည်း မတတ်နိုင်ဘူးလေ...

ပြီးတော့လည်း သူ့ကလေးက နေမကောင်းဘူးဆိုတော့ မကူညီလို့ မကောင်းဘူးလေ...
ဟူး ကိုယ်ကလည်း အားနာတတ်တော့ အလုပ်ရှုပ်တယ်ပေါ့။

တိုက်ရှေ့ရောက်လို့ ဝသုန်ကားပေါ်ကဆင်းတော့
ဟိုကောင်လေးက လိုက်ဆင်းပေမယ့် သူစီးထားတဲ့ လေဒီရှူးလေးနဲ့ ခြေတဆောင့်ဆောင့်...
နှုတ်ခမ်းတဆူဆူနဲ့...
ဘာဖြစ်ရပြန်ပြီလဲမသိဘူး

"ဘာဖြစ်ပြန်ပြီလဲ အခုရောက်နေပြီကို"

"ကျွန်တော့်ဖိနပ်ကို ဘယ်သူ တက်နင်းထားလဲမသိဘူး...အပေါ်မှာ မြေကြီးတွေ ပေကုန်လို့"

ဟင်...!!!
တက်နင်းတာဆိုတော့...ဝသုန် ရုံးထဲဝင်ဝင်ချင်းတုန်းက!

"ဖိနပ်ကအဖြူကြီးကို ဘယ်အကန်းနင်းသွားလဲ မသိတာ"

တိန်!!!!ငါ... ကွာ...
နောက်တဘွဲ့ကတိုးလာပြန်ပြီ

"ဒီအကန်း နင်းတာဟေ့ ဒီအကန်း"
ဝသုန် တင်းတင်းနဲ့ ကိုယ့်ကိုကိုယ် လက်ညိုးထိုးပြီး အော်တော့

"ဟင် ခင်ဗျားက ဘာလို့နင်းတာလဲ"

ကြည့်...မေးပုံကိုက ကန်းနေလို့လားလို့ မမေးရုံတမယ်ပဲ...

"ဟ မမြင်မိလို့ပေါ့ကွ မင်းက အပေါက်ဝကြီးမှာချွတ်ထားတာကို"

"စင်ကပြည့်နေတာလေဗျာ အဖြူကြီးဆိုတော့ မြင်မယ်ထင်တာပေါ့"

ကျွတ်... စောက်ကလေးက စွာတာတာနဲ့ပြန်ဟောက်နေတယ်

တော်လောက်ပြီ
လမ်းမကြီးမှာ အော်ပြောနေလို့ မကောင်းတာကြောင့် ဝသုန်မာန်မပြောတော့ဘဲ တိုက်တံခါးဖွင့်ပြီး ဝင်လိုက်တယ်

ဓာတ်လှေကားထဲ ဟိုကောင်လေး ဝင်လာတော့ သွားရမယ့် 8ထပ်ကို နှိပ်လိုက်တယ်

လေဒီရှူး-(yaoi story)Where stories live. Discover now