လေဒီရှူး-22

12.8K 1.4K 75
                                    

<zawgyi>

လေဒီရှူး-22(yaoi story)

ကော်ဖီဆိုင်လေးရှေ့မှာ ကားရပ်ပြီး ဝသုန်ဆိုင်ထဲ
ဝင်လာခဲ့တယ်။
မနက်စောစောမို့ဆိုင်ထဲမှာ လူရှင်းလျှက်…

မနက်ပိုင်း ကော်ဖီသောက်တတ်ကြတာ မှန်ပေမယ့်
7နာရီကတော့ စောလွန်းနေတယ်မဟုတ်လား။
သူလည်း ကော်ဖီသောက်ရုံ သပ်သပ်အတွက်တော့ လာခဲ့တာမဟုတ်ပါဘူး။

ဝသုန် ဆိုင်ထဲကို မျက်လုံးဝေ့ကြည့်လိုက်တော့
ဆိုင်ထောင့်က စားပွဲမှာထိုင်နေတဲ့ အမျိုးသမီးတယောက်သာ…
ကျန်တဲ့ခုံတွေက လူမရှိသေး…

သူပဲဖြစ်နိုင်မယ်ထင်တယ်…
ဝသုန် ထိုစားပွဲဆီကိုလျှောက်သွားပြီး…

''အမက မမြတ်ယမုံသာလား…''

''သြ… ကိုဝသုန်မာန်မဟုတ်လား…''

''ဟုတ်ကဲ့…အမ။ ကျွန်တော်ပါ''

''ဟုတ်ကဲ့…ထိုင်ပါ''

စားပွဲရှေ့က ခုံကိုလက်ညွှန်ပြတော့ ဝသုန်ဝင်ထိုင်
လိုက်တယ်။
ယသော်ထက်ကော ဘယ်မှာမှန်းမသိ…

…………………………

ညက…

ဝသုန် ဖုန်းဆက်တော့ သူ့အမ ဖုန်းလာကိုင်ပြီး ချိန်းသွားတာ။
အဲ့ကတည်းက ယသော်ထက်နဲ့ ထပ်ပြီးအဆက်အသွယ်မရှိတာအခုထိပဲ…

ပြောတုန်းကတော့ သူတို့နှစ်ယောက်လုံးနဲ့ စကားပြောချင်လို့ဆိုပြီး အခုကျတော့ ယသော်ထက်ပါမလာ။

သူ့အမပဲလာတွေ့ပြီး သူဘယ်ရောက်နေလို့လဲ!??

……………………………

''မမြတ်ယမုံသာ…ကျွန်တော် တခုလောက်မေး…''

''ကျွန်မကို ရင်းရင်းနှီးနှီးပဲခေါ်ပါ ကိုဝသုန်…
ကျွန်မ ခင်ပွန်းနဲ့ကိုဝသုန်က သူငယ်ချင်းတွေမဟုတ်လား…ကျွန်မနဲ့လည်း
အသက်အတူတူပဲလေ…''

အသံက နည်းနည်းမာဆတ်ဆတ်ဖြစ်နေပေမယ့်
ဝသုန်ပြုံးလိုက်တယ်။

''သြ…ဟုတ်ကဲ့ ယသော်ထက် မလာသေးဘူးလား
လို့ပါ''

''ကျွန်မ သူ့ကိုခေါ်မလာခဲ့ဘူး…ညကကိုဝသုန်နဲ့ဖုန်း
ပြောတာကို သူကြားသွားတော့ အချိန်ပြောင်းပြောလိုက်
တာပါ…နှစ်ယောက်တည်း စကားပြောချင်လို့ပါ''

လေဒီရှူး-(yaoi story)Where stories live. Discover now