Just my words to Thank U

8K 540 20
                                    

<zawgyi>

လေဒီရှူး----------

ဒီစကားစုလေးက ကိုယ့်အတွက်တော့ အဓိပ္ပာယ်တွေ အများကြီးရှိပါတယ်။

ကိုယ်နဲ့ဘယ်လို စရင်းနီးခဲ့လဲဆိုတော့ လေးတန်းတုန်းက ခြေထောက်တက်နင်းခံရတာ!!
ဘယ်အညှိုးနဲ့တောင် နင်းချလိုက်လဲမသိပါဘူး။
ခြေထောက်က နှစ်ရက်လောက် လျှောက်မရဖြစ်သွားတယ်။

အဲ့မှာ ကိုယ့်ခြေထောက်ကိုယ် ကာကွယ်ဖို့ Planချမိတယ်။
ဘာဖိနပ်စီးရင် အနင်းခံရ သက်သာမလဲပေါ့လေ။

Shoe!!
ငင့်…အလေးကြီးပဲ…
စီးဖို့နေနေသာသာ မနည်းသယ်နေရတယ်။

လေဒီရှူး!!
ဒါလေးတော့ မဆိုးဘူး…
စီးရတာလည်း အဆင်ပြေတယ်။
တက်နင်းခံရရင်လည်း သိပ်မနာတော့ဘူး။

အဲ့လိုနဲ့ လေဒီရှူးကို အမြဲတမ်းစီးဖြစ်သွားတယ်။

leather,ပိတ်,ဂျင်း,ကော်,ဖန်…
အမျိုးစုံအောင် စွဲစွဲမြဲမြဲကို စီးတာ။

တနေ့ကျတော့ စိတ်ကူးပေါက်လာတယ်!
လေဒီရှူးဆိုတဲ့ နာမည်နဲ့ ဝတ္ထုလေးတစ်ပုဒ်လောက် ရေးရင်ကောင်းမလားလို့…

အဲ့အချိန်တုန်းက ကိုယ် ရှစ်တန်း။
(အစစ်မ----Fujoshiဆိုတာ ဘာမှန်းတောင် မသိသေးဖူး)

normalလေး စ,တွေးတယ်။
စာရွက်ပေါ် ချရေးတယ်။
သူငယ်ချင်းတွေကို လိုက်ပြတယ်။

ကြားထဲမှာ ဆယ်တန်းဆိုတာကြီး ဝင်နှောက်လို့ မေ့မေ့ပျောက်ပျောက်ဖြစ်သွားသေး…
Fujoshiဖြစ်ပြီးသွားမှ ပြန်ရေးဖို့ အတွေးဝင်လာတာ။

versionပြောင်းရေးမယ်ပေါ့!
အဲ…ယောကျာ်းလေးက ဘာလို့ လေဒီရှူးစီးမှာလဲ???

အဲ့မှာတင် တစ်လလောက် ထပ်ကြာသွားတယ်။
ဘာအကြောင်းပြချက်နဲ့ စီးခိုင်းရမလဲ စဉ်းစားရလို့

နောက်ဆုံး plotအကြမ်း စဉ်းစားပြီး စ,ရေးဖြစ်တယ်။
အဲ့လိုနဲ့ တပုဒ်လုံး ရေးဖြစ်သွားရတာ။

လိုအပ်ချက်တွေ အများကြီးရှိမှန်းလည်း ကိုယ့်ကိုကိုယ်သိပါတယ်။
ဥပမာ
-ဝသုန်မာန်က ယသော့်ကို လေဒီရှူးစီးတဲ့ကိစ္စကြောင့် စ,စိတ်ဝင်စားသွားမှန်း သိပ်သိသိသာသာ မရေးနိုင်ဘူး။
-ယသော်ထက်နာမည်က ဘာလို့ယသော်ထက်
(မိန်းမဆန်ဆန်)ဖြစ်နေရမှန်း မရှင်းရသေးဘူး။
-ယသော်ထက်က ဘာလို့ gayဆိုတဲ့စကားလုံးကို အရမ်းsensitiveဖြစ်ခဲ့မှန်း…

လေဒီရှူး-(yaoi story)Där berättelser lever. Upptäck nu