လေဒီရှူး-3

18.1K 1.7K 2
                                    

<zawgyi>

လေဒီရှူး-3(yaoi story)

''ကောင်လေးပုံစံက သွက်သွက်လက်လက်နဲ့ ချစ်စရာလေးနော်''

''အင်း''

''ရုပ်ကလေးက ကလေးရုပ်လေးနဲ့ နှစ်ဆယ့်လေးနှစ်လို့မထင်ရဘူးနော်''

''အင်း''

''နာမည်လေးက ယသော်ထက်တဲ့။ကလောင်နာမည် ထက်တောင် ပိုလှသေးတယ်နော်''

''အင်း...နေပါဦး။ငါ့ကိုဘာလို့ ဒါတွေလာပြောနေရတာလဲ???''

ထွန်းကို ဘာလို့လာပြောနေလဲဆိုတာ ဝသုန်တကယ်မသိတာပါ။

ခုဏတုန်းက ထွန်းကိုရဲ့ ရုံးခန်းထဲမှာပေါ့...
ကိုယ်ဟာ အူကြောင်ကြားမဟုတ်ကြောင်း...
ဖိနပ်တက်နင်းမိတာ မတော်တဆဖြစ်ကြောင်း... ရှင်းပြပြီးနောက်ပိုင်း
ထွန်းကိုရဲ့ရုံးခန်းထဲကထွက်လာင်္ပြီး ကိုယ့်ရုံးခန်းမှာကိုယ် စာရင်းတွက်နေတာ။

ဖိနပ်လေးတခါနင်းမိတာနဲ့ အူကြောင်ကြားဘွဲ့တော့ မယူနိုင်...
သူက ယောကျာ်းလေးဖြစ်င်္ပြီး လေဒီရှူးစီးတာ ထူးဆန်းလို့...ထွန်းကို,ကို ပြန်ပြောမိထားတယ်ဆိုတော့ မသိရင် ကိုယ်ကပဲ အရမ်းစိတ်ဝင်စားနေသလိုလို...

အဲ့လောက်ကြီး စိတ်ဝင်စားနေတယ်တော့လည်း မဟုတ်ပါဘူး...
နည်းနည်းလေး ထူးဆန်းနေရုံပါ

ဘာကိစ္စ လေဒီရှူးပဲ စီးတာပါလိမ့်??...
အဲ့ဒီကိစ္စကိုလည်း မမေးခဲ့မိဘူး
မေးချင်စိတ်လည်းမရှိတော့အောင်ပါ...

ခုဏက လင်းထက်ကို မနေ့က ဖိနပ်နင်းမိတဲ့ကိစ္စ ရှင်းနေတုန်းရှိသေးတယ်
ထွန်းကိုကပါ ဝသုန်တမနက်လုံး အဲ့လေဒီရှူးကိစ္စပဲ ပြောနေတာ...ဆိုပြီး ဖောက်သည်ချလိုက်တော့ ဝသုန့်မှာ ထူးဆန်းလို့ပဲ ပြန်ပြောမိကြောင်း ရှင်းရသေးတယ်

သူ့အကြောင်း တချိန်လုံးထိုင်ပြောနေရအောင်
ကိုယ်က သူ့ပဲစိတ်ဝင်စားနေတဲ့ အူကြောင်ကြားမှမဟုတ်တာ...

မနက်တုန်းက သူ့အကြောင်းထိုင်ပြောနေမိတဲ့ ကိုယ့်ကိုကိုယ်လည်း စိတ်တိုပါတယ်...
အဲ့ကောင်လေးဖိနပ်ကို တက်နင်းမိတဲ့ ကိုယ့်ခြေထောက်ကိုယ်လဲ စိတ်ကုန်တယ်

လေဒီရှူး-(yaoi story)Hikayelerin yaşadığı yer. Şimdi keşfedin