လေဒီရှူး-20

12.9K 1.3K 49
                                    

<zawgyi>

လေဒီရှူး-20(yaoi story)

မနက်ခြောက်နာရီခွဲလောက်မှာ ဝသုန်မာန် ရွှေတဂုံဘုရားပေါ်တက်လာခဲ့တယ်...

အကြောင်းကတော့ ညက ဝင်လာတဲ့ phone-callကြောင့်ပါ။

....................................

မနေ့က...
လက်လက်ဆတ်ဆတ်ကြီး အဖြေရလိုက်တာမို့ ဝသုန်မာန် ဘယ်မှမဝင်တော့ပဲ အိမ်ပဲတန်းပြန်လာခဲ့တယ်...
မနက်ဖြန် အကြိုအပို့လုပ်ပေးနိုင်ဖို့အရေး ရုံးကအလုပ်ကိစ္စတွေကို ထွန်းကိုနဲ့လွှဲထားခဲ့ဖို့ ရုံးစောရောက်ပြီး ကြိုပြင်ထားမှဖြစ်မှာလေ...

ခါတိုင်းလည်း ဝသုန် အကြိုတော်၊အပို့တော်လုပ်တုန်းက ထွန်းကိုနဲ့ အလုပ်တွေလွဲခဲ့တာပါ။
စောရောက်မှ စောလွှဲပြီး စောသွားလို့ရမှာမဟုတ်လား...
ပြီးတော့ ထွန်းကို,ကိုလည်း အဖြေရတဲ့အကြောင်း ကြွားရဦးမယ်လေ...

(ထွန်းကိုက လေရှည်နေလို့ အကြိုတော်အလုပ် နောက်ကျမှာမျိုးလည်း ဝသုန်မာန်တို့ အဖြစ်မခံနိုင်ပါ...
အဲ့တာကြောင့် စောသွားဖို့ အိမ်စောပြန်ပြီး စောနားရမှာ)

အခုချိန်က ရုံးပိတ်ချိန်ဖြစ်နေပြီမို့ ထွန်းကိုနဲ့လင်းထက်ကို ကြွားဖို့က မမှီတော့...
ဒါပေမယ့် တကူးတက မပြောပဲလည်း မနေနိုင်တာမို့
ထွန်းကို,ကို ဖုန်းဆက်ပြောမယ်လုပ်တော့...

ဘယ်တော့မှ ဖုန်းring-toneကို 'တောင်တောင်'သံကလွဲပြီး အလုပ်ရှုပ်ခံမပြောင်းခဲ့တဲ့ ဝသုန်မာန့် ဖုန်းသံမြည်လာတာက ရွှေထူးရဲ့'ချာတိတ်'သီချင်း...

ကိုယ့်အကြားအာရုံကို ကိုယ် ရုတ်တရက်မယုံနိုင်ခဲ့ပါ...
ဒါ...
တဦးတယောက်အတွက် သီးသန့်ထားတဲ့ ring-tone...
ဖုန်းscreenပေါ်ကိုကြည့်လိုက်တော့
My lady shoe ဆိုတဲ့နာမည်...

သူ့ဖုန်းနံပါတ်ကို လင်းထက်ဆီက ခခယယတောင်းရပြီးကတည်းက ကိုယ်ကချည်းစဆက်ခဲ့ရတာ...
အခု...အဖြေပေးတဲ့ ပထမဆုံးနေ့...ညတောင်မကူးသေးဘူး...
သူက စဆက်တယ်ဆိုတော့???!!!!!

''ဟယ်လို...''
ကြာကြာစဉ်းစားမနေနိုင်ပဲ ဝသုန် ဖုန်းကိုင်လိုက်တော့...

''ရွှေတဂုံဘုရား တောင်ဘက်မုခ်ကို မနက် ဘုရားဖွင့်တာနဲ့လာခဲ့''

လေဒီရှူး-(yaoi story)Where stories live. Discover now