ဟိုလူကြီး(၁၀)

5.2K 658 36
                                    

💛ဟိုလူကြီး💛
🌳HunHan🌳

"Baek နင်​ငါ့အခန်းထဲဝင်​​သေးလား?"

"မ၀င်​ပါဘူး ဘာလို့လဲမမကြီး"

Baekစကားကို Xiuပြန်​မ​ဖြေ.

"Su နင်​​ရော"

"ခုနက၀င်​တယ်​.. Su​ lotionကုန်​သွားလို့ ၀င်​လိမ်း​သေးတယ်​"

"ဒါဆို ခုတင်​​ပေါ်တင်​ထားတဲ့ဖိနပ်​ကို​တွေ့​သေးလား?"

"​​တွေ့မ​နေဘူး ဘာလို့လဲ မမကြီး"

"ကျစ်​!! အဲ့ဖိနပ်​က ဘယ်​​ခြေ​ထောက်​​ပေါက်​သွားရတာလဲ?"

Xiu​ဒေါသထွက်​ပီး​ပြောလိုက်​တာ​ကြောင့်​ Baekတို့ပင်​လန့်​သွားရသည်​။Xiuကို ဒီလို​ဒေါသထွက်​တာပထမဆုံးမြင်​ဖူးတာပင်​..

Xiuအိမ်​​အောက်​ထပ်​ဆင်းသွားပီး အလုပ်​သမား​တွေကို​ခေါ်ကာ​မေး​လေသည်​။

"ဒီ​နေ့ ငါ့အခန်းဘယ်​သူဝင်​ရှင်းတာလဲ?"

"ဘာဖြစ်​လို့လဲ သမီးကြီး "

"ဘာမှမဖြစ်​ဘူး ma.. ​​ပြော​လေ ဘယ်​သူဝင်​တာလဲလို့"

ကောင်​မ​လေးတ​ယောက်​ ​ကြောက်​​ကြောက်​လန့်​လန့်​ထွက်​လာပီး..

"ကျမပါ မမ​လေး"

"​အေး နင်​၀င်​ရှင်း​တော့ ခုတင်​​ပေါ်ကဖိနပ်​​တွေ့​သေးလား?"

"ဟို အဲ့ဖိနပ်​ကပျက်​​နေ​တော့ မမကြီးကလွှင့်​ပစ်​ဖို့တင်​ထားတယ်​ထင်​လို့ပါ"

"ဘာ! အဲ့ဖိနပ်​ဘယ်​မှာလဲ?လွှင့်​ပစ်​လိုက်​ပီလား?အခုချက်​ချင်းပြန်​ယူခဲ့"

"မပစ်​ရ​သေးပါဘူးမမ​လေး "

"မြန်​မြန်​သွားယူ သွား"

"ဟုတ်​ကဲ့မမ​လေး"

"သမီးကြီး ဘာလို့အဲ့​လောက်​​ဒေါသဖြစ်​​နေရတာလဲ?ဖိနပ်​ပြတ်​​နေရင်​လဲလွှင့်​ပစ်​လိုက်​​ပေါ့ အရင်​ဆို ဖိနပ်​တစ်​ရံ တစ်​ပတ်​ထက်​ပိုစီးတာလဲမဟုတ်​ဘဲနဲ့"

"ရပါပီ မမ​လေး"

"​နောက်​တခါ ငါ့အခန်းဝင်​ရှင်းရင်​ ဒီဖိနပ်​ကိုလုံးဝမထိပါနဲ့ လွှင့်​ပစ်​စရာလဲမလိုဘူး.. ကြားလား?"

ဟိုလူကြီး (Uni+Zawgyi)(Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ