Uni (8)

131 9 0
                                    

ဟိုလူကြီး
HunHan

"Baek.. မမလတ်ကို အပြန်၀င်ခေါ်ပေးဦးနော်"

"ဟာ မမလတ်.. အဲ့တာတော့နည်းနည်းလွန်သွားပြီ Baekက Dateလုပ်မှာလေ.. လျှောက်လည်မှာပါဆို.. မရဘူး မမလတ်ဘာသာ မမလတ်လူကိုပြန်ပို့ခိုင်း"

"Baek ဘာမမလတ်လူလဲ?"

"မမလတ်နဲ့​လက်ထပ်မဲ့သူက မမလတ်လူဘဲ..ဟင် "

ကျွီ

"အမလေး လန့်တာBaekရယ် ဘာဖြစ်တာလဲ?"

Suကိုစကားပြောနေရာက ရုတ်တရက်ကြီးကားကိုဘရိတ်ဆောင့်အုပ်ပလိုက်သည်။

"မမလတ် ကားထဲခနနေခဲ့. Baekလူတယောက်နောက်လိုက်ကြည့်မလို့"

"ဟဲ့.. ဘယ်သူတုန်း"

"Baekတို့လိုက်ရှာနေတဲ့ မူးယစ်ဂိုဏ်းခေါင်းဆောင်"

"ဟဲ့ Baek.. yarrr dateလုပ်ဖို့ထွက်လာတာလေ အလုပ်နားရက်မှာတောင်"

"Baekတို့လိုရဲ၀န်ထမ်းတွေမှာ အလုပ်နားရက်မရှိဘူး မမလတ်ကားထဲစောင့်နေခဲ့"

ကုန်တိုက်ထဲကို၀င်သွားသောBaekနောက်​ေကျာကိုကြည့်ကာSuခေါင်းတရမ်းရမ်း..

"ရင်လေးတယိBaek.. နင့်ရည်းစားအစား ငါတော့ရင်လေးတယ်.. "

Baekကကုန်တိုက်ထဲ၀င်ပီးတော်တော်နဲ့ထွက်မလာ.. Suချိန်းထားတဲ့အချိန်ကလဲကပ်နေပီ.. ချိန်းထားတဲ့နေရာကလဲ သိပ်မေ၀းတော့၍ ခြေကျင်ဘဲလျှောက်သွားဖို့တွေးလိုက်မိသည်ကြောင့် အိတ်ကိုယူကာ အပြင်ထွက်လိုက်သည်။

"Baekကို phဆက်ပြီးပြောဦးမှ"

Phပြောနေတဲ့Suကို အကွယ်တစ်ခုကနေလူတစ်ယောက်ချောင်းနေတာ Suမသိ.. Suကတော့ Baekတယောက်ဖုန်းမကိုင်၍ ထပ်တလဲလဲခေါ်နေသည်။ဖုန်းခေါ်ရင်း လွယ်ထားတဲ့အိတ်ကိုချွတ်ပီး လက်နဲ့ပြောင်းကိုင်စဉ် လက်ထဲကအိတ်ကိုရုတ်တရက်လုယူခံလိုက်ရသည်။

"Yarr.. ငါ့ပိုက်ဆံအိတ် လုပ်ကျပါဦး ကျမပိုက်ဆံအိတ်လုသွားလို့ပါ"

Xingတယောက် Suhoနဲ့တွေ့ရမည်မို့Busစီးပြီး ထွက်လာခဲ့သည်။ကားနဲ့မလာချင်၍ တမင်busစီးလာတာဖြစ်သည်။busဂိတ်ကနေ ချိန်းထားတဲ့ကော်ဖီဆိုင်ကိုခြေလျင်လျှောက်ခဲ့သည်။

ဟိုလူကြီး (Uni+Zawgyi)(Complete)Where stories live. Discover now