Uni (2)

219 24 0
                                    

😍ဟိုလူကြီး😍
HunHan

cafeရှေ့ရပ်လိုက်တဲ့ဆိုင်ကယ်တစ်စီး..

ထိုဆိုင်ကယ်ပေါ်ကလူတယောက်ဟာဖြင့် သူဆောင်းထားတဲ့ဦးထုပ်ကိုချွတ်ကာ ဆိုင်ကယ်လက်ကိုင်မှာချိတ်လိုက်ပီး သော့ခတ်ကာ လေတချွန်ချွန် သော့တရမ်းရမ်းနဲ့ ဆိုင်အတွင်းသို့၀င်လာခဲ့သည်။

ဆိုင်ထဲကို ဘယ်သူ့မှမကြည့်ဘဲ ကောင်တာဆီသာတည့်တည့်လျှောက်သွားလေသည်။ဆိုင်ထဲကမိန်းကလေးအချို့မျက်လုံးဟာဖြင့် ထိုလူနောက်ပါသွားတော့သည်။

"မျှော်တော်ယောင်ကြီးရောက်လာပါပီ"

သူလာတာနဲ့ တန်းဖဲ့ပါသောသူငယ်ချင်းတွေ..

"မင်းတို့ကလဲ ငါ့ဆိုပြောဖို့ဘဲ"

"ပြောမှာဘဲလေ.. တနေကုန်တနေကမ်း ဆိုင်ကယ်ကြီးနဲ့လျှောက်ထွက်နေပီး ဆိုင်လဲမထိုင်ဘူး"

"ဆိုင်ကမင်းတို့ရှိတာဘဲ.."

ဤcafeက သူတို့သူငယ်ချင်းလေးယောက်အပျော်တမ်း ပေါင်းဖွင့်ထားတဲ့ဆိုင်..

"ဘယ်လိုလဲ အခြေအနေ"

သိချင်စိတ်ပြင်းပြနေတဲ့ပုံနဲ့မေးလာသောChanyeol..

"မဆိုးပါဘူး"

"ဘာက်ုမဆိုးတာလဲ?အဲ့ညီမသုံးယောက်လုံးကို မင်းကတွေ့ခဲ့ရပီလား?"

သူ့ရဲ့မတင်မကျအဖြေကို Chenကစိတ်မရှည်ဟန်နဲ့ပြောလာသည်။

"ဆိုပါတော့"

"ငါတို့ကြားတဲ့အတိုင်းဘဲလား?"

"မင်းကဘယ်လိုကြားထားလို့လဲYeol"

"Wuညီမသုံးယောက်ကအရမ်းလှတယ်.. နတ်သမီးသုံးပါး လူယောင်ဖန်ဆင်းပီးလူ့ပြည်ကိုလာနေတယ်လို့တင်စားရလောက်အောင် မှုံနေအောင်ချောတယ်.."

Chanyeolရပ်သွားတော့ Chenကဆက်ပီး

"တော်ရုံယောကျာ်းကပ်မရဘူး.. အခုထိလဲရည်းစားမရှိကျဘူးလို့ကြားတယ်.. "

"အကြီးမ Wu Xiuminက CEOဆိုတဲ့ဂုဏ်နဲ့အညီ ထက်မြတ်တယ်.. သူ့အလှကနှင်းဆီလိုဘဲ .. တော်၀င်နန်းသွေးမိဖုရားတစ်ပါးလို နန်းဆန်တဲ့အလှ..

ဟိုလူကြီး (Uni+Zawgyi)(Complete)Where stories live. Discover now