Uni (4)

185 17 0
                                    

ဟိုလူကြီး
HunHan

"အဆင်ပြေပါ့မလားကွာ..ဆိုင်ထဲမှာ အလိမ်ပေါ်ရင်ငါအရှက်ကွဲမှာနော်Hun"

"Yeolရာ မင်းက စစ်မတိုက်ခင် မြှားကုန်နေပီ.. ဘာမှမဖြစ်ဘူး အခုကိစ္စက မင်းဘ၀နဲ့ဆိုင်တယ်နော်. အခုတွေ့မဲ့ Wu Xiuminက မင်းရဲ့ဖူးစာဘက်စစ် မစစ် လက်တွေ့သိရမဲ့အရေး. သူလဲမင်းကိုမသိဘူး မင်းစိုးရိမ်စရာဘာမှမရှိဘူး.. ငါ့အစားတွေ့တယ်လို့မယူဆဘဲ မင်းနဲ့တွေ့ဖို့ဖြစ်လာတယ်လို့ဘဲတွေးထား"

"အေးပါကွာ ငါအရမ်းစိတ်လှုပ်ရှားနေပီ"

"အေး တစ်ခုတော့သတိထား နာမည်မိတ်ဆက်ရင် Park Chanyeolပါလို့တော့သွားမပြောမိစေနဲ့.. Chanyeolလောက်ဆိုရပီ.. ကဲ သွားတော့ ဟိုကလာလို့ မိန်းကလေးဘက်ကအရင်ရောက်တာမျိုးကမကောင်းဘူး"

"Fighting Yeol"

Chanyeolကော်ဖီဆိုင်ထဲ၀င်သွားသည်။ကားထဲမှာတော့ Sehun,Chen,Xingသုံးယောက်ကအခြေအနေအကဲခတ်ဖို့ကျန်ခဲ့သည်။ကော်ဖီဆိုင်ထဲထိလိုက်အကဲခတ်ရင် Chanyeolအနေခက်မှာစိုး၍ အပြင်ကားထဲကသာလှမ်းအကဲခတ်ခြင်းဖြစ်သည်။

"အကိုလေး ဘာမှာမလဲ"

"ပြီးမှ မှာမယ် ညီလေး.. အကို လူတယောက်ကိုစောင့်ဦးမယ်"

"ဟုတ်ကဲ့ အကိုလေး"

Waiterလေးက ရေခွက်ချပေးပီးထွက်သွားသည်။လှုပ်ရှားနေတဲ့စိတ်ကိုထိန်းဖို့ ရေကိုလှမ်းယူသောက်လိုက်သည်။

ထိုအချိန်ကော်ဖီဆိုင်ထဲ၀င်လာတဲ့မိန်းကလေးတယောက်.. ကုတ်ဲအင်္ကျီအရှည်ဲနဲ့ဂျင်းဘောင်းဘီကိုတွဲ၀တ်ထားသည်။ကုတ်အရှည်အောက်က ရှပ်အကွက်လက်ရှည်ကို ကုတ်လက်နဲ့ပါထပ်ကာ တံတောင်ဆစ်နားထိခေါက်ထားသည်။

ဆံပင်ကိုလဲခပ်မြင့်မြင့်မြှောက်စီးထားသည်။သူမပုံစံက ရိုးရိုးလေးဘဲ၀တ်ထားတာဆိုပေမဲ့ Chanyeolမျက်လုံးထဲမှာတော့ အရမ်းစတိုင်ကျသည်။သူမကဆိုင်ထဲကိုမျက်လုံးဝေ့ကြည့်ရင်း နောက်ဆုံးသူ့ဆီမှာအကြည့်ရပ်သည်။ထို့နောက် သူ့ဆီကိုရောက်လာသောသူမ..

"ရှင်က Oh Jongin arjushiသားဆိုတာလား?"

ထိုအခါမှ Chanyeol မတ်တက်ထရပ်ကာနှုတ်ဆက်တော့သည်။

ဟိုလူကြီး (Uni+Zawgyi)(Complete)Where stories live. Discover now