Part-6 (Season-2)

Bắt đầu từ đầu
                                    

"ဒီမှာလာထိုင်ဦး ဘေးဘေး "ဆိုပြီး မမလတ်က ပြောမှ မန်နေဂျာကို သတင်းပို့ပြီး မမလတ်ဘေးမှာဝင်ထိုင်လိုက်ရသည်။ မေမေ့ကို ကြည့်မိတော့ ငိုနေသည်။

"ဘေးဘေးရယ် ဒီလောက်ဒုက္ခရောက်နေတာကို ဘာလို့ အိမ်ကို ပြန်မလာတာလဲသားရယ်"ဆိုပြီး မေမေက ပြောလည်းပြော ငိုလည်းငိုပြန်သည်။

"ဘေးဘေးက မေမေတို့ စိတ်ဆိုးနေတုန်းထင်လို့ပါ"

"ဟဲ့ ဘေးဘေး မေမေတို့ စိတ်ဆိုးနေလည်းခဏပဲလေ မိဘပဲ နင့်ကိုဘယ်လောက်ကြာကြာ စိတ်ဆိုးနိုင်မှာ မလို့လဲ မေမေတို့ စိတ်ဆိုးလည်း နင့်မှာ မမကြီးရော ငါရောရှိနေသေးတာ နင်မေ့နေလား နင်ကိုသုနောက်လိုက်သွားကတည်းက ငါတို့ကိုဘာမှ အဆက်အသွယ်မလုပ်ခဲ့တာ " ဟု မမလတ်ကဒေါသထွက်နေပေမဲ့ ဘေးဘေးအပေါ် အားမရဖြစ်နေခြင်းက မျက်နှာမှာ အထင်းသား

"ဘေးဘေးက မမတို့ စိတ်ဆိုးနေမယ်ထင်လို့ပါ"

"ငါတို့မှာ ဒီမောင်လေးတစ်ယောက်ပဲရှိတာ နင်က ပစ်ထားပေမဲ့ ငါတို့က နင့်ကိုဆက်သွယ်သေးတယ် အဲ့ဒီ ငသုကြောင့် ငါတို့ဘာမှ မဆက်သွယ်ခဲ့တာ.. ဘာလိုအပ်လဲလှမ်းမေးတာကို မလိုအပ်ဘူး ဘေးဘေးနဲ့လည်း ထပ်မပတ်သတ်နဲ့ဆိုလို့ ငါတို့လက်လျှော့လိုက်တာ"

ဒါတွေသူမသိခဲပါလား မမတို့စိတ်ဆိုးနေတယ် မေမေတို့လည်း စိတ်ဆိုးနေတုန်းပဲလို့ ထင်နေမိခဲ့တာ။

"ဒါနဲ့ နင်ဒီမှာ ဘာလို့ စားပွဲထိုးလုပ်နေရတာလဲ ဟိုအကောင်ရော ဘယ်မလဲ"ဟု ထပ်မေးလျှင် အကြောင်းစုံသာ ပြောပြမိသည်။အကြောင်းစုံ သိရလျှင် မမလတ် အတော်ဒေါသ ထွက်သွားပြီး မေမေကတော့

"သားရယ် မေမေတို့နဲ့ပဲ ပြန်လိုက်ခဲ့ပါတော့ သားဖေဖေလည်း သားကို စိတ်မဆိုးတော့ပါဘူး မေမေတို့နဲ့ပဲ ပြန်လိုက်ခဲ့မယ်မလား"ဆိုပြီး ငိုနေ၍ ပြန်လိုက်ခဲ့ပါ့မယ်လို့ ပြောမိသည်။

မန်နေဂျာကို ခွင့်တောင်း အလုပ်ထွက်စာတင်ပြီး တစ်ပတ်ပေမဲ့ ရင်းနှီးခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တွေကို နှုတ်ဆက်ရင်း မမတို့ကားဖြင့် အိမ်သို့ပြန်လာမိသည်။

Without YouNơi câu chuyện tồn tại. Hãy khám phá bây giờ