ep..7

2.2K 417 18
                                    

နံဘေးမှ လှုပ်ရှားသွားသော ခံစားမှုကြောင့် ဂျင် မျက်လုံးလေးအားမဖွင့်ချင်ဖွင့်ချင်နှင့် ဖွင့်ကြည့်လိုက်သည်...ရေချိုးခန်းထဲဝင်သွားသော ဂျွန်း ကျောပြင်ကိုမြင်လိုက်တော့ ရုတ်တရတ်လန့်ကာ ထ ထိုင်မိသည်အထိ...
ဟုတ်သားပဲ..ညကသူတို့တစ်ခန်းထဲအိပ်ခဲ့ကြတာ...

""မသိဘူးကွာ..ပြန်အိပ်မယ်.."'
.
.
စိတ်ရှုပ်ရှုပ်နှင့်ပြန်အိပ်နေသည်မှာ မည်မျှကြာသည်မသိ..သူခြုံထားသော စောင်အား တစ်ယောက်ယောက်ကဆွဲချတော့မှ လန့်ကာ နိုးလာပြန်သည်...
မကျေမနပ်နှင့်ကြည့်လိုက်တော့ ဝတ်စုံပြည့်နှင့် ဂျွန်း..

""မင်းပြင်ဆင်သင့်ပြီထင်တယ်.."'

အိပ်ချင်မှူးတူးလည်းဖြစ် စိတ်လည်းမကြည်တာကြောင့်
ဂျင် အသံမာမာနှင့်ပင်...

""ငါကဘာဆိုင်လို့လဲ?.."'

""ဘာဆိုင်လည်းဆိုတာ ငါပြန်ပြောရအုံးမှာလား.."'

မျက်ခုံးထူထူတို့တွန့်ချိုးကာ ပြောလိုက်သော ဂျွန်း ကိုကြည့်ကာ သူခေါင်းအား ခပ်ပြင်းပြင်းကုတ်လိုက်မိသည်..

"ချီးပဲ..."'

မကျေမနပ်ရေရွတ်ကာ ရေချိုးခန်းထဲ ဝင်သွားသော ဂျင့် အား သူ ကြည့်ရင်း ပြုံးလိုက်သည်...
တကယ်ဆို မင်းမလိုက်လည်းရပါတယ် ကင်ဆော့ဂျင်..
ဒါပေမဲ့ ငါ့ဘေးမှာ မင်းရှိနေတာလေးကို ငါပျော်လို့ပါ....
.
.
.................🌸🌸🌸

အစည်းအဝေး ခန်းမထဲ တစ်နာရီခန့် ပျင်းရိလေးတွဲ့စွာ
ထိုင်လာရ၍ သူ စိတ်တွေကအတော်တိုနေပြီဖြစ်သည်.
ပို၍စိတ်တိုစရာကောင်းသည်က အခုထိမနက်စာမစားရသေးတာဖြစ်သည်..

အစည်းအဝေးပြီးသွားသော်လည်း မပြန်နိုင်သေးပဲ လူအချိုနှင့် ဂျွန်း က စကားဖောင်ဖွဲ့နေလေ၏..
သူ့မှာသာ ဘာလုပ်ရမှန်းမသိ ယောင်ချာချာနှင့် ဖြစ်နေရသည်...

""ဒါများ...ငါ့ကိုခေါ်လာနေသေးတယ်..ကောင်စုတ်"

နှုတ်မှတ တွတ်တွတ်ရေ ရွတ်ရင်း ဂျွန်း ရှိရာသို့ မျက်ထောင့်နီကြီးနှင့် မကျေမနပ်လှမ်းအကြည့် သူ့အားစိုက်ကြည့်နေသော ဂျွန်း အကြည့်တွေနှင့် စုံသွားလေသည်..

Sakura story💞🌸Where stories live. Discover now