Yixing ထိုင်​​နေရာက ထကာ sehunနဲ့အတူ
စံအိမ်​သို့ ပြန်​ဆင်းလာခဲ့လိုက်​သည်​။ဒီည အ
တွက်​ ဂျာမနီက လီလီဆာ ဂိုဏ်းနဲ့ yixing
တို့ ဂိုဏ်း​လောကရဲ့ နံပါတ်​၁ ​နေရာကို အ
သေအ​ကျေ တိုက်​ခိုက်​လုယူ ကြရမည်​ဖြစ်
သည်​။

Yixing အမြတ်​တနိုးဝတ်​​ပေးခဲ့ဘူးတဲ့၊
Junmyeon ထားရစ်​ခဲ့တဲ့ footchain
လေးကို yixing အင်္ကျီရင်​ဘက်​ထဲက
အိပ်​ကပ်​ထဲ ထည့်​သိမ်းလိုက်​သည်​။ထို့
နောက်​ ကျည်​အပြည့်​ဖြည့်​လို့ထားသည့်
သေနတ်​​လေး ဆွဲယူကာ ဂိုဏ်းသားအချို့
နဲ့ ချိန်​ထားသည့်​​နေရာကို ထွက်​ခွာခဲ့လိုက်
သည်​။

ကိုယ်​ဘယ်​​တော့မှ ​နောင်​တမရမဲ့အထဲမှာ
မင်းကိုချစ်​ခဲ့တာပဲ...jun...

ဒီဘ၀မှာ ကိုယ်​တို့ ထပ်​မ​တွေ့ဖြစ်​ကြရင်
တောင်​ မင်းအ​ပေါ်ထားတဲ့ ကိုယ့်​အချစ်
တွေက ရှင်​သန်​​နေအုန်းမှာပါ jun.....

ကိုယ်​ရပ်​​စောင့်​​နေတယ်
မင်းလာမှာမဟုတ်​မှန်းသိရဲ့နဲ့
မင်းသိမှာမဟုတ်​မှန်းသိရဲ့နဲ့
အဆုံးထိကိုယ်​​စောင့်​​နေချင်​​သေးတယ်

______

အချိန်​ပိုင်း အလုပ်​လုပ်​သည့်​ ဆိုင်​က ဆိုင်
ရှင်​ အ​ဒေါ်ကြီးထည့်​​ပေးလိုက်​တဲ့ ဟင်းကျန်
တစ်​ချို့ကို suho ဆွဲရင်း အိမ်​ဟု ဆိုရုံ ခပ်​စုတ်
စုတ်​အိမ်​​လေး ထဲသို့ ၀င်​လာခဲ့လိုက်​သည်​။

"ပြန်​လာပြီလား သား.....အပြင်​မှာ ​အေး
တယ်​​နော်​....."

ဧည့်​ခန်း၊အိပ်​ခန်း ရယ်​လို့ ​သေချာ မရှိတဲ့
အိမ်​​လေးရဲ့ အ၀င်​အထွက်​​ပေါက်​ နားမှာ
အ၀တ်​စတစ်​ချို့ ခင်းလို့ထိုင်​​နေတဲ့ appa
က အလုပ်​ကပြန်​လာတဲ့ suho ကိုမြင်​တာ
နဲ့ လှမ်း​မေးလာသည်​။suho ​ခေါင်းညိမ့်​ပြ
လိုက်​ပြီး အိမ်​အ​နောက်​နား​လောက်​မှာရှိ
တဲ့ ​ထောင့်​တစ်​​နေရာမှာ ပုံလို့ထားတဲ့ ဇလုံ
သုံးလုံးကို ယူလိုက်​ပြီး တစ်​လုံးကို ပါလာတဲ့
ဟင်း​တွေ ​ရောထည့်​လိုက်​ပြီး၊ကျန်​ ဇလုံနှစ်
ခုကို​တော့ မနက်​က ချက်​ထားခဲ့သည့်​ ထမင်း
အေး​အေး နှစ်​ခဲကို ထည့်​လိုက်​သည်​။

Hyper Lunacy{S-1}[complete]xinghoWhere stories live. Discover now