Zawgyi
ဆေးနံ့တို့ထုံမွှမ်းနေတဲ့ အခန်းကျယ်ကြီး
ထဲ မောပန်းစွာ အိပ်မောကျနေတဲ့ ကောင်
လေးတစ်ယောက်ရဲ့ ဦးခေါင်းကို ခပ်ဖွဖွ ထိ
ကိုင်ထားသော လက်တစ်စုံ။ပကတိ ဖြူစွတ်
နေတဲ့ နှုတ်ခမ်းပါးတွေက တုန်ရီလျက် မျက်
ဝန်းဖျော့ဖျော့မှ မျက်ရည်စက်များစီးကျနေ
သော လှဲလှောင်းနေသည့် ကောင်ငယ်လေး။Junmyeon ကို မဟုတ်ပဲ....ကျွန်တော့်ကို
ချစ်ပေးပါ။Junmyeon မဟုတ်ပဲ...ခင်ဗျား
နှလုံးသားထဲမှာ....ကျွန်တော့်ကို နားခိုခွင့်
ပေးပါ။ကုတင်ပေါ်ခေါင်းတင်ထားတဲ့ yixingရဲ့
လှုပ်ရှားမှုကြောင့် Junmyeon မျက်လုံး
တွေကို ပြန်မှိတ်ထားလိုက်သည်။yixing
မျက်လုံးတွေကို ပွတ်ဆွဲလိုက်ပြီး ကုတင်နား
ကလျှောက်သွားကာ တိုးဝင်ချင်နေသည့်
နေရောင်ခြည်တို့အား ဖုံးကွယ်ထားသည့်
လိုက်ကာစ အဖြူကြီးအား စွဲဖယ်လိုက်သည်။နှလုံးခုန်နှုန်းပြနေသည့် စက်ကလေးပေါ်က
မျဉ်းကြောင်းလေးတွေက ရေလှိုင်းပမာ လှ
ပစွာ ဖြတ်သန်းနေကြသည်။ကုတင်ထက်
လှဲလှောင်းနေသည့် Junmyeon နားကို
Yixing ပြန်လျှောက်သွားလိုက်ပြီး နဖူး
စပ်က ဆံစလေးတွေကို သပ်တင်ပေးလိုက်
သည်။yixing လွန်ခဲ့တဲ့ နှစ်ရက်မြောက် ည
ကအကြောင်းကို ပြန်တွေးမိတိုင်း နာကျင်ရ
တုန်းပင်။"တောင်းပန်ပါတယ် yixing...."
နှလုံးခုန်စက်မှ တစ်ကြောင်းထဲ ဖြစ်သွား
ခဲ့သော နှလုံးခုန်နှုန်းလေးကို ကြည့်ပြီး
ပြောလာသည့် Chaemin စကားကြောင့်
Yixing ကြမ်းပြင်ထက် အရုပ်ကြိုးပျက်
ထိုင်ချလိုက်ပြီး မျက်ရည်စက်တို့ ကျလာခဲ့
သည်။တီတီ....
နှလုံးခုန်စက်က အသံတစ်ချို့ကြောင့်
Yixing ရော chaemin ပါပြိုင်တူ
ကြည့်မိလိုက်သည်။မယုံကြည်နိုင်
လောက်အောင်ပဲ Junmyeon ရဲ့
နှလုံးခုန်နှုန်းတွေက ပုံမှန်အတိုင်း
သွားလာနေပြန်တယ်။chaemin
ကတော့ Junmyeon ဒဏ်ရာကို
ချုတ်သင့်သည်ကိုချုတ်နေသည်။
Yixing ကတော့ ထိုင်နေလျက်ပင်
ငိုကြွေးနေခဲ့မိသည်။
YOU ARE READING
Hyper Lunacy{S-1}[complete]xingho
FanfictionYou should give answer immediately ; or else we will miss this life. Zawgyi+Unicode